မန္တလေးတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁၆ ရက် မှ ဇန်နဝါရီ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ
ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများအခြေအနေနှင့် စိုက်ပျိုးရေးလုပ်ငန်းများအတွက် သတိပြုသင့်သည့်အချက်များ
· ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပင်တွင် ဖြစ်ပေါ်နေသော စောင့်ကြည့်ရမည့်လေပွေလှိုင်း (INVEST-91W)သည် လေဖိအားနည်းရပ်ဝန်း NOKEAN ဖြစ်လာပြီ၊ ဖိလစ်ပိုင်မိုးလေဝသဌာနမှ အင်္ဂလိပ်အက္ခရာ စဉ်အလိုက်အမည် “ADA” ဟု အမည်ပေးထားပါတယ်။ ECMWF Model ကြိုတင်ခန့်မှန်းချက်အရ NOKEAN(ADA)သည် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်းကို ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ဖြတ်ကျော်တိုက်ခတ်နိုင်ကြောင်းခန့်မှန်းထားပါတယ်။
· JTWC, CIMSS ကြိုတင်ခန့်မှန်းအတည်ပြုချက်များအရ လက်ရှိအချိန်တွင် လေဖိအားနည်းရပ်ဝန်းအဆင့်ရှိနေသော NOKEAN(ADA)သည် ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းတွင် မုန်တိုင်းအဆင့်အထိ ပိုမိုအားကောင်းလာနိုင်သော်လည်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်နိုင်မည်မဟုတ်ကြောင်း ကြေညာချက်ထုတ်ပြန်ထားတာကြောင့် ဆက်လက်စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။
၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ
· ယခု ၁ ပတ်အတွင်း မန္တလေးတိုင်းဒေသအသီးသီးတွင် ဇန်နဝါရီ ၂၂/၂၃ ရက်နေ့များမှာ တိမ်ကင်းစင်နိုင်ပြီး ကျန်ရက်များမှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်ပါတယ်။ မိုးရွာနိုင်မည့်အခြေအနေတော့ မရှိပါ။
မန္တလေးတိုင်းအတွင်း အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ
· မန္တလေးတိုင်းအတွင်း တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်အခြေအနေများကြောင့် အနိမ့်ဆုံးညအပူချိန်များ ပြန်လည်မြင့်တက်လာနိုင်ပါတယ်။
· မန္တလေးတိုင်းအတွင်းအမြင့်ဆုံးအပူချိန် ၃၁°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်ပါမယ်။
· မန္တလေးတိုင်းအတွင်းမှာ မြောက်၊ အနောက်မြောက်နှင့် အရှေ့မြောက်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၅ မိုင်ခန့် တိုက်ခတ်နိုင်ပြီး လေပြင်းတိုက်ခတ်နိုင်သည့် ခန့်မှန်းချက်မရှိပါ။
· နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၃၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၅၀% အတွင်းမှာရှိနေနိုင်ပါမယ်။
· လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၃°C အထိရှိနိုင်ပါတယ်။
· ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၁၃% ခန့် ရှိနိုင်ပါတယ်။ မန္တလေးတိုင်းအလယ်ပိုင်း မိတ္ထီလာခရိုင်အတွင်းကဒေသတွေမှာ မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၂၄% ခန့်ရှိနိုင်ပါတယ်။
· မြေဆီလွှာအစိုဓါတ်ကိန်းအောင်းမှုနှင့်မြေဆီလွှာစိုထိုင်းဆလျော့နည်းလာချိန်မှာ -
- “မြေဆီလွှာအစိုဓါတ်ကိုထိန်းသိမ်းနိုင်ရန် ရေသွင်းခြင်း”၊
- “ဟင်းသီးဟင်းရွက်နှင့်ပန်းစိုက်ခန်းများတွင် နေကာစများမိုးပေးခြင်း”၊
- စိုက်ပျိုးပင်များ၏ ပင်စည်/အရွက်ခြောက်သွေ့ညှိုးနွမ်းလာမှုအား သတိထားစောင့်ကြည့်ခြင်း” များကို စိုက်ပျိုးရေးပညာရှင်များနှင့်တိုင်ပင်ပြီး ဆောင်ရွက်ရန်လိုအပ်ပါမယ်။
· မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ အထက် ၁၅၅ မှ ၁၆၀ အထိရှိနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေး မကောင်းသူများအတွက် အန္တရာယ်ရှိသောအညွှန်းကိန်း level ဖြစ်ပါတယ်။
· ယခုတပတ်အတွင်း နံနက် ၁၁ နာရီ မှ မွန်းလွဲ ၁ နာရီအတွင်း ခရမ်းလွန်ရောင်ခြည်ကျရောက်မှုအညွှန်းကိန်းသည် 7 to 8 ပတ်ဝန်းကျင် (HIGH) တွင်ရှိနေသဖြင့် နေ့လည်နေ့ခင်းအချိန် အပြင်ထွက်သည့်အခါ ခရမ်းလွန်ရောင်ခြည်အန္တရာယ်ရှိနိုင်တာကို သတိပြုသင့်ပါတယ်။
· မန္တလေးတိုင်းအတွင်း ၄ ရက်အတွင်းဖြစ်နိုင်သည့် နေ့/ညအပူချိန်အပါအဝင် ၄ ရက်-မိုးလေဝသအခြေအနေ ကြိုတင်ခန့်မှန်းချက်များကို အောက်ပါ link မှတဆင့် ကြည့်ရှုနိုင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div
Win Naing
Administration Team,
MMWEATHER,
မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်မျိုးစေ့ခံ တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက်
မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်မျိုးစေ့ခံရန် ပြင်ဆင်နေသော တောင်သူများ လှေးပိုးကျရောက်ပါက အပွင့်များ သန္ဓေအောင်မြင်မှု လျော့နည်းခြင်း၊ ပုံသဏ္ဍာန်မမှန်ပဲ မျိုးမတင်ခြင်း၊ အပွင့်များခြောက်သွားခြင်းများဖြစ်စေတတ်ပါသည်။
ကာကွယ်နှိမ်နင်း နည်းလမ်းများမှာ-
- အပြာရောင်ကော်စေးထောင်ချောက်များ အသုံးပြုပါ။
- လှေးပိုးဆိုးဆိုးရွားရွားစကျနေတဲ့အပင်ကို စိုက်ခင်းတွင်းမှ ဖယ်ရှားပါ။
- အခြားခိုအောင်းရာ ပေါင်းများရှင်းလင်းပေးပါ။
- ဓာတုကာကွယ်ဆေးအနေဖြင့် Abamectin၊ Fipronil၊ Acetamiprid + Lambda cyhalothrin၊ Pymetrozine + Nitnepyram ၊ Cartap Hydrochloride ၊ Spinosad၊ Fenoxycarb များကို အသုံးပြုပေးပါ။
ယင်မဲသားလောင်းများကို အသုံးပြုပြီး ငါးစာပြုလုပ်ခြင်း
ယခုအချိန်တွင် ဖွဲနုဈေးသည်မြင့်တက်လာသလို ပဲဖတ် နှင့် ငါးပေါင်းမှုန့်သည် ပိုမိုဈေးကြီးနေကြပါ သည်။ ပဲဖတ် နှင် ငါးပေါင်းမှုန့်အစား ယင်မဲသားလောင်းများကို အစာထိုးပြီး စပ်စာအဖြစ်ဆောင်ရွက်ပါက ၊ စပ်စာတွင် ပရိုတိန်း ၂၀-၂၅ ရာခိုင်နှုန်း ရရှိလာပါမည်။ ယင်မဲ မွေးမြူရေး လုပ်ငန်းသည် စွန့်ပစ်စာများကျွေးပြီး မွေးမြူခြင်းကြောင့် ကုန်ကျစရိတ်သက်သာပါမည်။
ယင်မဲသားလောင်းများသည် ပရိုတိန်း ၄၀ မှ ၅၀ ရာခိုင်နှုန်းပါဝင်ကြောင်းနှင့်ယင်မဲအခြောက်တွင် ပရိုတိန်း ၅၀ မှ ၆၀ ရာခိုင်နှုန်း ပါဝင်ကြောင်းတွေ့ရှိရပါသည်။
ပရိုတိန်း (၂၀) ရာခိုင်နှုန်းပြည့်ရန် ဖွဲနု ၆၆.၆၆ ဆ နှင့် ယင်မဲ ၃၃.၃၃ ရောစပ် ရပါမည်။ စပ်စာ တပိဿာအတွက် ဖွဲနု (၆၆.၆၆)ကျပ်သားနှင့် ယင်မဲသားလောင်း (၃၃.၃၃)ကျပ်သားရောစပ်ပေးပါ။
------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price