စိုက်ပျိုးရေး စိတ်ဝင်စားသူတိုင်း သိထားသင့်သော ရှေးစကားပုံများ
၁။ ငရုတ်တစ်လှမ်း ခရမ်းတစ်ခုန်၂။ ခဝဲပွင့်တုန်း တန်ဆောင်မုန်း၃။ ခဝဲပွင့်ချိန် ခင်းကထိန်၄။ ခဝဲလှိုင်လှိုင် တန်ဆောင်တိုင်၅။ ခံသီးပြိုးပြောင် လဝါခေါင်၆။ ငှက်ပျောပင်စိုက် မိလိုက်ဘပါ၇။ ငှက်ပျောတစ်ခိုင် သားတစ်ထိုင်၈။ ဖွဲထောင်းလို့ ဆန်ကောင်းမရ၉။ ငှက်ပျောတစ်နှိုက် အုန်းတစ်မိုက်၁၀။ ကျူး၊ လာ၊ မိုးသက် ပျိုးကြဲရက်၁၁။ တမန်းအိုအို ပျိုးပျိုပျို၁၂။ မိုးလင့်၍ ပျိုးရင့်သည်၁၃။ ကောက်သီးဝါဝင်း တော်သလင်း၁၄။ ဖုံးတုန်း လုံးတုန်း တန်ဆောင်မုန်း၁၅။ နွေထနောင်း ဆောင်းမန်ကျည်း၁၆။ ဖျောက်ဆိပ်မွန်းလွဲ နှမ်းကြီးကြဲ၁၇။ ပြောင်းနှင့်ပိစပ် လူးနှင့်ဆပ် မအပ်မဖွယ်ရာ၁၈။ ပေါက်လဲလည်းငုံ ရာသီကုံ မြူဖုန်မထသေး၁၉။ ဖရုံတစ်ညှာ ဘူးတစ်ညှာ ဘယ်ခါတည့်မလဲ၂၀။ မျောက်နှင့်ဖရုံ နီးစိုက်တုံ ဖျင်းသုဉ်းပျက်တက်ကြောင်း၂၁။ နယုန်မိုးသေး မြက်သားမွေး၂၂။ ဝါကဆုန် နှမ်းနယုန်၂၃။ သစ်အဖျား ဝါးအရင်း၂၄။ ငှက်ပျောကဆုန် ဝါးနယုန်၂၅။ သဇင်ပွင့်သော် လနတ်တော်၂၆။ စိုက်ပျိုးချိန်တန် မူရင်းသန် ဟေမာန်ဆောင်းအခါ၂၇။ အရှေ့မှာ ညောင်၊ တောင်ကား ငှက်ပျော၊ မြောက်ကြော လက်ပံ၊ နောက်ယံသဖန်း ဒန်းနှင့်သပြေ စိုက်လေနှင့်၂၈။ ဝါခေါင်တစ်ကြောင်း ထနောင်းကြောင်ကျစ် ဆူးရစ်ပွင့်ကာ မိုးမရွာ ရွာပါသော်လည်း မိုးမသဲ၂၉။ ဆောင်းမှာသားရေ၊ နွေမှာသစ်ခေါက်၊ မိုးမှာ ဝါးယောင်းခြောက်၃၀။ ခွေးတောက်မြစ်ယှက် စိုက်ရောဖက်က သရက်ပင်မင်း သီးချိုကင်း၏။၃၁။ ငုံးပျံဖုန်ထ နှမ်းကြဲရ၃၂။ ယာမှာအသုတ် လယ်မှာအပုပ်၃၃။ မိုးဖြူမစဲ မိုးမဲမရွာ
Source – Nyan Myint#စိုက်ပျိုးသုတ_ပစ္စယ
စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။
----------------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


NewsFeed
Communities
Explore
Inbox
Me
Market Price