cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေဩဇာဈေးတက်နေချိန်မှာ သဘာဝမြေဩဇာပြုလုပ်သုံးစွဲပါ

. သဘာဝပိုးသတ်ဆေး၊ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်း
ဓာတ်မြေဩဇာတွေအဆမတန်ဈေးတက်နေချိန်မှာ ကုန်ကျစရိတ်သက်သာတဲ့ ကိုယ်တိုင်လုပ်သဘာဝမြေဩဇာလုပ်နည်း (၄) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။
လင့်တခုချင်းစီကို နှိပ်ပြီးတော့ လေ့လာနိုင်ပါတယ်(သို့) ပုံတပုံချင်းစီကို နှိပ်၍လေ့လာနိုင်ပါတယ်။
  • article
  • အီးအမ်ဘိုကာရှီမြေဆွေး ပြုလုပ်နည်း


    အီးအမ်ဘိုကာရှီဆိုသည်မှာ ဂျပန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်မှာ အချဉ်ဖောက်ထားသော (သို့) ဆွေးမြေ့အောင်လုပ်ထားသော အော်ဂဲနစ်ပစ္စည်းများ ဖြစ်ပါသည်။ဘိုကာရှီမြေဆွေးသည် အကျိုးပြုအဏုဇီ၀ သက်ရှိများကို သီးနှံစွန့်ပစ် ပစ္စည်းများ၊ တိရိစ္ဆာန်ချေးများနှင့် စနစ်တကျ ရောနှောပြုလုပ်ရရှိသော မြေဆွေးဖြစ်သည်။

    ဘိုကာရှီမြေဆွေးသည် ရိုးရိုးမြေဆွေးကဲ့သို့ အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန်မလို။အဆွေးမြန်သည်။အကျိုးပြု အဏုဇီဝများပါသည်။နှစ်ပတ်ကျော်လျှင် စိုက်ခင်းတွင် အသုံးပြုနိုင်သည်။အပင်အတွက် အာဟာရကြွယ်ဝစေသည့်အပြင် မြေသားတည်ဆောက်မှုကိုလည်း ကောင်းစေသည်။


    ပြုလုပ်နည်း


    ၁. ရှေးဦးစွာ စည်ပိုင်းပြတ်(သို့) အဝကျယ် အိုးတစ်လုံးထဲတွင် အသင့်သုံးအီးအမ် (၁)ဆ၊ တင်လဲရည် (၁)ဆနှင့် ရေ (၉၈)ဆ ရောစပ်ပါ။


    ၂. ကောက်ရိုးများကို အီးအမ်ဖျောရည်ထဲနှစ်ပြီး ရေစစ်၍ အရိပ်အောက်တွင် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အထူ(၆) လက်မခန့် ဖြန့်ခင်းလျက် မြေပေါ်တွင်ပုံပါ။၎င်းအပုံကို ပွမနေစေရန် တတ်နိုင်သမျှ ဖိသိပ်ပေးပါ။


    ၃. ထို့နောက် ၎င်းကောက်ရိုးပုံအပေါ်တွင် နွားချေးအထူ (၁) လက်မခန့် ဖုံးအုပ်ပေးရမည်။ (ဖြစ်နိုင်ပါက တစ်လွှာတွင် ဖွဲနုလက်တစ်ဆုပ်ခန့် ထည့်နိုင်လျှင် ပိုကောင်းပါသည်။)


    ၄. ဤနည်းအတိုင်း ကောက်ရိုးတစ်လွှာ၊ နွားချေးတစ်လွှာ အဆင့်ဆင့် ထပ်ပုံပြီး အမြင့် ၄ပေခန့်အထိ ရအောင်ပုံပါ။


    ၅. ထို့နောက် ပလတ်စတစ်စ (သို့) ပီနန်အိတ်ခွံများဖြင့် လုံအောင်ဖုံးပါ။ ပီနန်အိတ်ခွံမရှိပါက ကောက်ရိုးဖြင့် အထူ (၆)လက်မခန့် တတ်နိုင်သမျှ လုံအောင် ပတ်လည်ဖုံးအုပ်ပေးရပါမည်။


    ၆. တစ်ပတ်ခန့်အကြာတွင် အဖြူရောင်မှိုမျှင်များ ထွက်လာသည်ကို တွေ့ရမည်ဖြစ်ပြီး (၁၅) ရက်ခန့်ကြာလျှင် အသုံးပြုနိုင်ပြီဖြစ်သည်။အဖြူရောင်မှုမျှင် များများထွက်လေ ကောင်းလေဖြစ်သည်။ (၁၅) ရက်အတွင်း အသင့်သုံးစွဲနိုင်သည့် အီးအမ်မြေဆွေးပုံကို ရရှိစေမည်ဖြစ်ပါသည်။


    ၇. အရိပ်ရှိသော နေရာ၊ ရေမဝပ်သောနေရာတွင် ပြုလုပ်ပါ။


    အီးအမ်မြေဆွေးများသည် အခြားမြေဆွေးများကဲ့သို့ လုံးဝဆွေးအောင် စောင့်စရာမလိုဘဲ သုံးနိုင်ပါသည်။ အပင်အတွက် အန္တရာယ်မရှိပါ။ အီးအမ်ဖြင့် ပြုလုပ်သော မြေဆွေးသည် အီးအမ်မပါသော မြေဆွေးထက် အပင်အတွက် လိုအပ်သော အာဟာရဓါတ်ပါဝင်မှု ပိုများပြီး အပင်ကို အန္တရာယ်ဖြစ်စေသော ဓာတ်ငွေ့နှင့် အပူဓာတ်ပါဝင်မှုနည်းပါသည်။


    ကောက်ရိုးအစား ပြောင်းရိုး၊ ဂျုံရိုး၊ နှမ်းရိုး၊ ပဲမှော်၊ မြေပဲခွံ၊ လွှစာ၊ သစ်ရွက်ခြောက်၊ အမှိုက် စသည့် အော်ဂဲနစ် ပစ္စည်းများကို အသုံးပြုနိုင်ပါသည်။ပေါင်းရှင်းထားသော မြက်စိမ်းများ၊ သစ်ရွက်စိမ်း၊ ဗေဒါပင် အစိမ်းများလည်း သုံးနိုင်ပါသည်။


    တင်လဲရည် မရနိုင်ပါက ထန်းလျက်ကို အသုံးပြုနိုင်ပါသည်။တင်လဲရည်၊ ထန်းလျက် မထည့်ဘဲလုပ်လျှင် ရနိုင်သော်လည်း မကောင်းပါ။ကောက်ရိုးကို အီးအမ်စိမ်းခြင်း ပြုလုပ်ရန် ခက်ခဲပါက တစ်လွှာပုံပြီးတိုင်း နွားချေးအလွှာပေါ် အီးအမ်ဖျော်ရည်ကို အထက်ပါ အချိုးအတိုင်းရေရော၍ ဖျန်းနိုင်ပါသည်။ ရေဖျန်းပုံး အပေါက်သေးသေးနှင့် မြေကြီးပေါ် ရေရွှဲအိုင်သည်အထိ အချိန်ယူဖျန်းရပါမည်။အဓိကမှာ ကောက်ရိုးမျက်နှာပြင်အနှံ့ ရေထိရန်လိုအပ်ပါသည်။ ရေဖျန်းရာတွင် ရေလျှောမကျစေရန် အပေါ်ဆုံးအလွှာပြုလုပ်ရာတွင် အနည်းငယ်ချိုင့်ထားပါ။အစိုဓာတ် ရှိနေစေရန် အခါအားလျော်စွာ ရေဖျန်းပေးပါ။ မြေဆွေးပုံပြုလုပ်ရာတွင် အပုံဘေးနှုတ်ခမ်းပတ်လည် အဆွေးနည်းပြီး အလယ်ပိုင်းကသာ ပိုမိုဆွေးလေ့ရှိပါသည်။ထို့ကြောင့် ကောင်းစွာမဆွေးသော ဘေးပတ်လည်နေရာ နည်းသွားစေရန် အပုံသေးသေးများစွာမပုံဘဲ အပုံကြီးကြီးတစ်ပုံသာ ပုံသင့်ပါသည်။ အနံ (၆)ပေထားပြီး အလျားကို နေရာရှိသလောက်ထား၍ အမြင့်ကို (၄)ပေထားသင့်ပါသည်။ သို့သော်တွက်ချက်မှုလွယ်ကူစေရန် အလျား(၆)ပေ၊ အနံ(၃)ပေ၊ အမြင့် (၃)ပေထားပြီး ထိုမြေဆွေးပုံတစ်ပုံအတွက် လိုအပ်သော ပစ္စည်းများကို အောက်ပါအတိုင်း တွက်ယူနိုင်ပါသည်။


    ၁။ အသင့်သုံးအီးအမ် ၃လီတာ (ရေသန့်ဘူး ၃ဘူး)


    ၂။ တင်လဲရည် ၃လီတာ (ရေသန့်ဘူး ၃ဘူး)


    ၃။ ရေ ၄ဂါလံပုံး (၂၀)ပုံး


    ၄။ နွားချေး ၃ တင်း


    ၅။ ဖွဲနု ၁ပြည် (ထည့်နိုင်ပါက ထည့်ရန်)


    အထက်ပါ အချိုးအစားမှ မြေဆွေး ၂ တန်ရပါမည်။ တစ်ဧက အတွက် အသုံးပြုရန် မြေဆွေး ၅ တန်လိုအပ်ပါမည်။


    ပါမောက္ခ ဒေါက်တာမြင့်လွင်၏ အကျိုးပြု အဏုဇီ၀ (အီးအမ်) နည်းပညာ စာအုပ်မှ ကောက်နှုတ်တင်ပြထားပါသည်။


  • article
  • ကောက်ရိုး၊ နှမ်းရိုးဖြင့် မြေဆွေးပြုလုပ်နည်း


    - စည်းပိုင်းပြတ်ထဲသို့ ရေဂါလံ (၂၀) ထည့်ပါ။ 


    - အသင့်သုံး အီးအမ် (EM) ဖျော်ရည် နို့ဆီခွက် (၃) ခွက်နှင့် တင်လဲရည် (၃) ခွက် လောင်းထည့်၍တုတ်ဖြင့်မွှေပါ။ 

    ( နို့ဆီခွက် (၃) ခွက်= ၁ လီတာ) 


    - အရိပ်အောက်တွင် လယ်ယာစွန့်ပစ် ပစ္စည်းများဖြစ်တဲ့ ( ကောက်ရိုး၊ နှမ်းရိုး များကို) အလျား ( ၆ ပေ) အနံ ( ၃ ပေ) ၊ ထု ( ၆ လက်မ) ရှိအောင် တစ်လွှာပုံပါ။ 


    - လယ်ယာထွက်စွန့်ပစ်ပစ္စည်းများ တစ်လွှာချင်းပေါ်တွင် ရေရောစပ်ပြီး အီးအမ် (EM) ဖျော်ရည် ( ၃) ဂါလံကို ဖျန်းပေးရပါမည်။ 


    - နွားချေးနှင့်ဖွဲနုရောပြီး ( ၈) ပြီ ထပ်၍ ဖြူးပါ။ 


    - ယင်းကဲ့သို့ အလွှာခြောက်လွှာထိ ထပ်၍ ပုံပါ။ 


    - အပေါ်မှ ပလပ်စတစ်ဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်း တခုခုဖြင့် လုံအောင်ဖုံးပါ။ ( သို့မဟုတ်) စွန့်ပစ်ပစ္စည်းတစ်ခုခုဖြင့် လုံအောင်ထူထူဖုံးပါ။ 


    - ( ၄-၅) ရက်ကြာလျှင် မြေဆွေးပုံးအတွင်း လက်ဖြင့် စမ်းကြည့်၍ တအားပူလျှင် အထပ်အောက်လှန်ပေးပါ။ ခြောက်နေလျှင်ရေဖျန်းပေးပါ။ 


    - အဖြူရောင်မမှုမျှင်များ တွေ့လျှင် ဆွေးမြေ့နေကြောင်း သိရှိနိုင်ပါသည်။ 


    - (၇- ၁၀) ၇က်အကြာ တစ်ဝက်တစ်ပျက် ဆွေးမြေ့နေသည့် အခြေအနေတွင်ပင် စတင် အသုံးပြုနိုင်သည်။ 


    - တစ်ဧကအတွက် ( ၈ပုံ= ၂ တန်) မှ ( ၂၀ ပုံ= ၅ တန်) သုံးပါ။ 


    - စိုက်ထယ်ရေးပြင်ချိန်တွင် ဖြန့်ထည့်၍ အသုံးပြုနိုင်ပါသည်။ 


    - နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့် ဥယျဉ်ခြံ သီးနှံပင်များတွင် အစိုဓာတ်ရှိချိန်တွင် အပင်ခြေတွင်ထည့်၍ မြေဖုံးပြီး သုံးပါ။ 


    References- စိုက်ပျိုးရေးဦးစီးဌာန 


  • article
  • တီကောင်စွန့်ပစ်မြေဩဇာ ပြုလုပ်နည်းနှင့်အသုံးပြုနည်း


    သီးနှံပင်များအတွက် အရေးပါသည့် တီကောင်စွန့်ပစ်မြေဩဇာ


    တီကောင်စွန့်ပစ်မြေသြဇာဆိုသည်မှာ လယ်ယာစွန့်ပစ်ပစ္စည်း၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းအစရှိသည့် စွန့်ပစ်ပစ္စည်းများကို တီကောင်လေးများက စားသုံး၍ သီးနှံပင်များအတွက် အသုံးဝင်သော သြဂဲနစ်မြေသြဇာ(ဇီဝမြေသြဇာ) အဖြစ် ပြန်လည်ပြုလုပ် သုံးစွဲခြင်းဖြစ်သည်။


    ➤တီကောင်စွန့်ပစ်မြေဩဇာကို စီးပွါးဖြစ် ထုတ်လုပ်ခြင်း


    တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ခု ပြုလုပ်ရမည်။ ကန်၏အောက်ခြေတွင် ပိုလျှံသည့်ရေများကို စုစည်းစစ်ထုတ်ရန် အနည်းငယ် နိမ့်လျောသည့် ရေထွက်ပေါက်တစ်ခုပါရှိရမည်။ တီကောင်မွေးမည့်ကန်၏ အောက်ခြေတွင် ဗန်ဒါရွက်ခြောက် (သို့) သစ်ရွက်ခြောက်များကို (၄)လက်မ အထူခင်းပေးရသည်။ ထိုအပေါ်မှ စင်းထားသော ငှက်ပျောအူ၊ အစာစိမ်းများ၊ သီးနှံ အကြွင်းအကျန်များကို တစ်ပေအထူရအောင် ထည့်ပေးရမည်။ ထိုအပေါ်မှ နွားချေး(၅)အိတ်ကို ဖြန့်ထည့်ပေးပြီး အစိုဓါတ်ရရှိစေရန် ရေအနည်းငယ်လောင်းပေးရမည်။ ထို့နောက် တီကောင်များ ကို တစ်စတုရန်းပေလျှင် အကောင် (၁၀၀) နှုန်းဖြင့် တီကောင် (၁၀၀၀၀) ထည့်ပေးရမည်။ ထိုအပေါ်မှ အစာစိမ်းများကို တစ်ပေခန့် ထပ်ထည့်ပေးရမည်။ သစ်ရွက်ခြောက်များကို အပေါ်မှ (၂)လက်မခန့် ထည့်ပေးပြီး ဂုန်နီအိတ်ဖြင့် အုပ်ပေးရမည်။ အစိုဓါတ် မပြတ်စေရန် နေ့စဉ်စစ်ဆေး၍ လိုအပ်ချိန်တွင် ရေလောင်းပေးရမည်။ (၂)လ အကြာတွင် တီကောင်များ ပွါးများနေပြီး အစာများလည်း စားသုံးပြီးဖြစ်သည်။ (၃)လ အကြာတွင် တီကောင်စွန့်ပစ်မြေဩဇာ ရရှိပါမည်။


    ➤မြေဆွေးဖယ်ထုတ်ခြင်း


    တီကောင် စွန့်ပစ်မြေဩဇာ ထုတ်လုပ်ရန် မြေဆွေးကန်အားရေ (၂-၃) ရက် ဖြတ်လိုက်ရမည်။ တီကောင်များသည် ကန်အောက်ခြေရှိ အစိုဓါတ်ရှိရာ နေရာများသို့ ရောက်ရှိသွားမည်ဖြစ်သည်။ အပေါ်ယံမြေဆွေးအား ဖယ်ထုတ်ပြီး နေရိပ်တွင် အခြောက်ခံ၍ သိုလှောင်ထားနိုင်သည်။


    ➤သတိပြုရမည့်အချက်များ


    တီကောင်များအား ငှက်၊ ခြ၊ ပုရွက်ဆိတ် နှင့် ကြွက်များရန်မှ ကာကွယ်နိုင်ရန် မြေဆွေးပုံပေါ်မှ ဂုန်နီအိတ်အုပ်ထားရမည်။ မြေဆွေးပြုလုပ်နေစဉ်အတွင်း လုံလောက်သည့်အစိုဓါတ်မရှိခြင်းသည် တီကောင်များကို သေစေသည်။ ရေဝပ်ပါကလည်း တီကောင်များ အသက်မရှင်နိုင်ပေ။ ထို့ကြောင့် အစိုဓါတ်ကို မနည်းလွန်း မများလွန်းစေရပါ။ မြေဆွေးရရှိပြီးနောက် တီကောင်များကို အခြားမြေဆွေးပုံအသစ်တစ်ခုတွင် ပြောင်းထည့်ပေးရမည်။


    တီကောင်မှ ခြေဖျက်ထားသော မြေနမူနာတွင် အာဟာရဓါတ်ပါဝင်မှု


    မြေချဉ်ငံဓါတ် (pH) - ၆.၈


    စုစုပေါင်း နိုက်ထရိုဂျင် (%) - ဝ.၉၃- ၁.၉၄%


    အပင်စားသုံးနိုင်သော ဖော့စဖိတ်ဓါတ် - ဝ.၄၇%


    အပင်စားသုံးနိုင်သော ပိုတက်စီယမ်ဓါတ် - ၁.၇၀%


    ကယ်လစီယမ် - ၄.၄၀%


    မဂ္ဂနီစီယမ် - ဝ.၄၆%


    ➤တီကောင်စွန့်ပစ်ရည်ထုတ်ယူသုံးစွဲခြင်း


    တီကောင်စွန့်ပစ်ရည်သည် အပင်များကို လျင်မြန်စွာ ကြီးထွားစေနိုင်ပြီး ပိုးမွှားများရန်မှလည်း ကာကွယ်ပေး နိုင်သည်။ မြေဆွေးပုံပြုလုပ်ပြီး (၃-၄)ရက်ကြာလျှင် ရေကန်ပိုက်မှတစ်ဆင့် တီကောင်စွန့်ပစ်ရည်များ ထွက်ကျလာမည်။ ထိုစွန့်ပစ်ရည်အား ချဉ်ငံဓါတ်တိုင်းတာ၍ ဩဂဲနစ်မြေဩဇာရည်အဖြစ် အသုံးပြုကြသည်။ ဟင်းသီးဟင်းရွက်နှင့် သစ်ခွပင်များတွင် စမ်းသပ်ပက်ဖျန်းရာ အထူးဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။ ၂၀ပေအရှည်၊ ၅ပေအကျယ်၊ အမြင့်၃ပေ ရှိသော ကန်တစ်ကန်မှ တီကောင်စွန့်ပစ်မြေဩဇာအစိုအလေးချိန် (၁)တန်ခန့် နှင့် စွန့်ပစ်အရည် လီတာ(၅၀)ခန့် ရရှိကြောင်းတွေ့ရှိရပါသည်။


    ➤တီကောင်စွန့်ပစ်မြေဩဇာသုံးစွဲခြင်း


    တီကောင်စွန့်ပစ်မြေဩဇာကို လယ်ယာသီးနှံ၊ ဥယျာဉ်ခြံသီးနှံ၊ ပန်းအလှပင်နှင့် ဟင်းသီးဟင်းရွက်များတွင် သီးနှံ၏ မည်သည့် အသက်အရွယ်တွင်မဆို သုံးစွဲနိုင်သည်။ လယ်ယာသီးနှံများတွင် တီကောင်စွန့်ပစ်မြေဩဇာ ၁တန်လျှင် ၁ဧက နှုန်းဖြင့် မျိုးစေ့များကို ရောပြီး ကြဲပက်စိုက်ပျိုးနိုင်သည်။ သို့မဟုတ်အပင်အမြင့် (၄-၆)လက်မ ရှိချိန်တွင် အတန်းလိုက်ထည့်သွင်းပေးနိုင်သည်။ ပုံမှန်ရေသွင်းပေးရမည်။


    သစ်သီးပင်များအတွက် အပင်သက်တမ်းကိုလိုက်၍ ၁ပင်လျှင် ၅ကီလိုမှ ၁၀ကီလိုထိ ထည့်သွင်းပေးနိုင်သည်။ အပင်ရွက်အုပ်တွင် ဧရိယာပတ်လည်တွင် (၆-၁၀)လက်မ အနက်ရအောင် ရေဝပ်ကျင်းတူးပေးပြီး နွားချေးခြောက်မှုန့်ပါးပါးဖြူးပေးပြီး အရိုးမှုန့်မြေဩဇာကို တီကောင်စွန့်ပစ်မြေဩဇာ (၂-၅)ကီလိုနှင့်ရောပြီး ထည့်ပေးရမည်။ အပေါ်မှမြေဖုံးပေးပြီး ရေလောင်းပေးရမည်။


    ဟင်းသီးဟင်းရွက်များအတွက် ရွေ့စိုက်မည့်ပျိုးပင်များ လျင်မြန်စွာ ကြီးထွားလားစေရန် တီကောင်စွန့်ပစ်မြေဆွေးအား ပျိုးဘောင်တွင် ၄၀၀ကီလိုလျှင် တစ်ဧကနှုန်းဖြင့် ထည့်ပေးရမည်။ ကျန်းမာသန်စွမ်းသည့်ပျိုးပင်များ ရရှိမည်။ ရွေ့စိုက်ချိန်နှင့် ရွေ့စိုက်ပြီး ၄၅ရက်သားအတွင်း တစ်ပင်လျှင် (၄၀၀-၅၀၀) ဂရမ်နှုန်း ထည့်ပေးရမည်။ ပြီးနောက် ရေသွင်းပေးရမည်။ ပန်းအလှပင်များအတွက် ၁ ဧကလျှင် (၃၀၀-၄၀၀)ကီလိုနှုန်း ထည့်ပေးရမည်။


    ဟင်းသီးဟင်းရွက်နှင့် ပန်းမုံလာကဲ့သို့ အပွင့်စားသီးနှံများအတွက် အပင်ခြေပတ်လည်ကို ထည့်ပေးပြီး မြေဖုံးပေးရမည်။ ရေကို ပုံမှန် လောင်းပေးရမည်။ တီကျစ်စာမြေဆွေး အစိုတစ်တန်ကို အခြောက်ခံပါက ၅၀၀ ကီလိုခန့် ရရှိပါမည်။


    ကိုးကား - တီကောင်မွေးမြူခြင်း (Vermiculture) နှင့် တီကောင်စွန့်ပစ်မြေသြဇာ (Vermicompost) ထုတ်လုပ်မှု လက်စွဲ၊ VFRDC


    စိုက်ခင်းမြေကို တူးကြည့်လို့ တီကောင်ရှိနေခြင်းက အပင်အတွက် အာဟာရပြည့်ဝသည့် မြေဖြစ်ပါတယ်။ 


  • article
  • သစ်ရွက်ဆွေး၊ လယ်ယာမြေ စွန့်ပစ်ပစ္စည်းများဖြင့် မြေဆွေးပြုလုပ်နည်း 


    သင့်တော်ရာဒေသတွင် အလျား ( ၆ ပေ) ၊ အနံ ( ၃ ပေ) ၊ အနက် ( ၆ ပေ) ကျင်းတူးပါ။ 


    ကျင်းထဲသို့ စွန့်အမှိုက်များ၊ သစ်ရွက်ဆွေးများကို (၁) ပေထု ဖြန့်ခင်းပါ။ 


    အီးအမ် (EM) ဖျော်ရည်ကို တစ်လွှာလျှင် ( ၃) ဂါလံ နှုန်းဖြင့်ဖြန်းပါ။ 


    နွားချေး ( ၄) ပြည် ညီညာစွာ ဖြန့်ဖြူးပေးပါ။ 


    ယင်းသို့ အလွှာလိုက် ကျင်းပြည့်သည်အထိ ပြုလုပ်ပါ။ 


    ဆွေးမြေ့လာသည်နှင့်အမျှ မျက်နှာပြင် နိမ့်ဆင်းသွားပါသည်။ 


    နိမ့်သွားပါက ကျင်းပြည့်အောင့်ပြန်ဖြည့်ပါ။ 


    သီးနှံများစိုက်ပျိုးချိန်တွင် ထုတ်ယူသုံးစွဲနိုင်ပါသည်။ 


    မိုးကျလျှင် ရေမဝင်စေရန် အမိုး မိုးပေးပါ။ 


    တစ်ဧက အတွက် ကျင်း ( ၅) ကျင်း လိုပါသည်။ 



    နှစ်ရှည်ပင်၊ ဟင်းသီးဟင်းရွက်နှင့်ဥယျာဉ်ခြံသီးနှံများတွင် အီအမ် ဘိုကာရှီ သုံးစွဲနည်း 


    စိုက်ခင်းအတွင်းမှ ပေါင်းများကို ရှင်းပါ။ ရရှိသည့် ပေါင်းများကို အပင်ခြေတွင်ပုံပါ။ 


    အပုံပေါ်တွက် အီးအမ် ( EM) ဖျော်ရည်ဖျန်းပါ။ မြေဖုံးပါ။ ( ဖျော်ရည်ဖျန်းပြီး နွားချေးမှုန့် ဖြူးပေးလျှင် ပိုကောင်းပါသည်။) 


    ပေါင်းရှင်းသည့်အခါတိုင်း အပင်ခြေတွင် ထပ်မံ၍ ပုံပေးပါ။ 



    References- စိုက်ပျိုးရေးဦးစီးဌာန 


likes
21
comments
3
views
1314