cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လိပ်ပြာသစ်ခွစိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
လိပ်ပြာသစ်ခွစိုက်ပျိုးနည်း
ရုက္ခဗေဒ အမည် ဖလမ်နိုပစ် ၊ အရပ်အခေါ် လိပ်ပြာသစ်ခွ အကြောင်းလေ့လာကြည့်ရအောင်။ လိပ်ပြာသစ်ခွကို ကြိုက်နှစ်သက်သူတွေအတွက်တော့ အပင်ရဲ့ သဘာ၀ ဟာ ဘယ်လို ဖြစ်မယ်ဆိုတာကို သေချာလေ့လာထားမယ်ဆိုရင်တော့ စိုက်ပျိုးရတာ ပိုလွယ်ကူပါမှာနော်။

သစ်ခွစိုက်တယ် ဆိုပေမဲ့ သစ်ခွမျိုးကွဲတွေရဲ့ သဘာဝဟာ ဆင်တူရိုးမှား မတိမ်းမယိမ်းလေးတွေ ရှိတာကြောင့် ပြုစုပုံကလည်း အနည်းငယ်လိုက်ပီး ကွာခြားတတ်ပါတယ်။ ဒါ့ကြောင့် တမျိုး ချင်းစီကို သေချာလေ့လာပီး စိုက်မယ်ဆိုရင်ဖြင့် သစ်ခွပင် စိုက်လို့ လက်ဆိတ်ကောင်းတဲ့ လက်တွေ ဖြစ်လာမှာ အမှန်ပါဘဲ။

တကယ်တော့ လိပ်ပြာသစ်ခွက အိမ်တွေမှာ စိုက်ပျို းဖို့ရာအတွက် အကောင်းဆုံးသစ်ခွ မျိုး တမျိုး ပါ။ မှန်လုံအိမ် နဲ့ စိုက်မယ်ဆိုရင်လည်း သူ့အကြိုက်ပေါ့။ အပင်က စိုက်ပျို းရတာ လွယ်ကူတဲ့အပြင် ဂရုစိုက်လျှင်လည်း စိုက်သလို ပန်းလည်း ခနခန ပွင့်ပါတယ်။


တနှစ်ပတ်လုံး အပွင့်လေးတွေ ကြိုကြားကြို ကြား ပွင့်ပေမဲ့ သူပွင့်တဲ့ ရာသီကတော့ ဆောင်းကုန်ခါနီး နဲ့ ဆောင်းအကုန် နွေအကူးပါပဲ။ အိမ်ထဲမှာ စိုက်မယ်ဆိုရင်လည်း အိမ်အတွင်းက အပူချိန် နဲ့ အလင်းတို့ရယုံ နဲ့ အဆင်ပြေပါတယ်။ ဒါပေမဲ့ ကျန်းမာသန်စွမ်းတဲ့ အပင်တပင်ဖြစ်မှသာ ပန်းတွေ ခဏခဏ ပွင့်ပေးမယ်တဲ့လေ။



အလင်းရောင်

အလင်းရောင် ကောင်းကောင်းထိုးတဲ့ ပြတင်းပေါက် ဘောင်ပေါ် တင်ထားပေးတာနဲ့တင်ကို သူ့အကြိုက် ဖြစ်စေမှာပါ။ နေရောင် ရောင် တိုက်ရိုက်ကျတာတော့မကြိုက်ပါ။ စိုက်မယ်ဆိုရင်တော့ အရှေ့ဘက် မျက်နှာပြု ပြတင်းပေါက်က အသင့်တော်ဆုံးပါဘဲ။ ဒါပေမဲ့ တောင်ဘက် နဲ့ အနောက်ဘက် မျက်နှာပြု ဆိုရင်လည်း အဆင်ပြေနိုင်တာပါပဲ။


သိပ်အေးတဲ့ ဒေသတွေမှာတော့ မီးချောင်းက ထွက်တဲ့ အလင်း ကို ပေးခြင်းဖြင့် အဆင်ပြေစေနိုင်ပါတယ်။ တခုမှတ်ထားရမှာက သူက နေတိုက်ရိုက်ထိတာကို မကြိုက်ဘူးနော်။ ဖန်လုံအိမ်ဆိုရင်တော့ အရိပ်အောက်မှာ ထားပေးရမယ်။ အလင်းကောင်းကောင်းကြိုက်ပေးမဲ့ နေတိုက်ရိုက် မကြိုက်တာကြောင့် အရိပ် ၇၀% ကနေ ၈၀ % အထိ ပေးရပါမယ်။

Net ပိုက်စကာစိမ်းလို အမိုး မိုးပေးခြင်းဖြင့်လည်းအလင်းမများအောင်ထိန်းထားနိုင်ပါတယ်။


အသုံးပြုပွားစာများကတော့


(၁) သစ်ပင်အခေါက်

သစ်ခွတွေအတွက်အကောင်းဆုံးပွားစာပါ အကောင်းဆုံး သစ်ပင်အခေါက်ကတော့လမျက်နှာပြင်ကြမ်းတဲ့အတွက် လေဝင်ထွက်ကောင်းပြီးရေကောင်းကောင်းဆင်းနိုင် ပေ့ါပါးပြီး ခြောက်သွေ့မှုနှေးတဲ့ စိုစွတ်အားကိုထိန်းနိုင်တဲ့ ထင်းရူးပင်အခေါက်ပါ။ ခုတ်ထစ်ရလည်း လွယ်ပါတယ်။ မဟုတ်ရင်လည်း အနီရောင်ပင်စည် အညိုရောင်သစ်ပင်ပင်စည်ရဲ့အခေါက်ကိုသုံးနိုင်ပါတယ်။


(၂) ကျောက်ခတ်ပင်ရဲ့အရွက်အခြောက် (အခြားအရွက်နုအခြောက်များသုံးပါကပုပ်သိုးနိုင်)

Tree fernvတွေကို များသောအားဖြင့် Gardenတွေမှာ သုံးပါတယ်။ ဈေးလည်းကြီးပြီး ရှားလည်းရှားပါတယ်။ စုပ်ယူမှုနဲ့ စိုစွတ်အားကောင်းမွန်ပါတယ်။


(၃) ရေညှိခြောက်

ရှာရလွယ်မယ်ထင်ပါတယ်။ စုပ်ယူစိုစွတ်အားကောင်းဖို့ပါပဲ။ အရွက်ဝါ တဲ့ အရာတွေအတွက်ကောင်းပါတယ်


(၄) Perlite(မြန်မာအခေါ်မသိပါ)

အပင်ကြီးထွားမှုမှာ အဓိကသုံးတဲ့ ဓာတ်တစ်မျိုးပါ။ အပင်အတွက် အဟာရကို သိုလှောင်နိုင်သလို စိုစွတ်မှုအားကိုထိန်းပေးပြီး ရောဂါပိုးမကျရောက်စေပါ။ အဆိပ်လည်းမသင့်စေပါ





(၅) အုံးဆံခွံ

ရေစုပ်ယူမှုအားကောင်းတဲ့အတွက်စိုစွတ်မှုကို ကောင်းကောင်းထိန်းနိုင်ပြီး မပုပ်သီုး မပျက်စီးလွယ်တဲ့ ပွားစာဖြစ်ပါတယ်





(၆) မြေပဲခွံအခြောက်

အိုးရဲ့အောက်ခြေမှာ အဓိကအားဖြင့် ထားသုံးပါတယ်။ လေဝင်အားအရမ်းကောင်းမွန်တဲ့အတွက်ပါ အပင်ကြီးတယ်ဆိုရင်တော့ လဲမကျသွားအောင်ချောင်းထဲက ကျောက်တုံး သဲလေးတွေ ထည့်ပေးရပါတယ်။ အမြစ်တွေကို မြေပဲခွံတွေကြားထဲထားပေးခြင်းကအမြစ်တွေအတွက် အဟာရကို လေကနေကောင်းကောင်းရရှိလို့ပ်


အပူချိန်


ညအပူချိန် ၆၀ ဒီဂရီ ဖာရင်ဟိုက်လောက်အထိ ခံနိုင်ရည် ရှိပြီးတော့ နေ့ခင်း အပူချိန်ကတော့ ၇၅ ကနေ ၈၀ ကြားအထိ ခံနိုင်ပါတယ်။ သိပ်ပူပြင်းတဲ့ ရာသီဆိုရင်တော့ စိုထိုင်းဆ နဲ့ လေအဝင်လေထွက် ကောင်းအောင် ဖန်တီးပေးသင့်ပါတယ်။ ဥပမာ - အပူချိန် ၉၀ ကနေ ၉၅ လောက်အထိ တက်လာပီ ဆိုပါတော့။ အပူအအေး ရုတ်တရက်အပြောင်းအလဲဖြစ်ပီဆိုပါတော့ ဒါဆိုရင်တော့ ဖူးနေတဲ့ အဖူးလေးတွေ ကြွေကျ နိုင်ပါတယ်။ ဥပမာ အေးနေရာကနေ ရုတ်တရက် အပူချိန် ဆက်တိုက် မြင့်သွားတာမျိုး ပါ။


ရေ


ဒီကိစ္စကတော့ အင်မတန်ကို အလေးအနက် ထားရမှာပါ။ သူတို့မှာ ရေကို သိုလှောင်နိုင်ဖို့အတွက် ဥ မပါဘူးလေ။ ဒါ့ကြောင့် အပင်က လုံး၀ ရေခြောက်သွားတဲ့အထိ စောင့်ပီးမှ ရေမလောင်းသင့်ပါဘူး။ ရေလောင်းမယ်ဆိုရင် အပင်အိုးတအိုးလုံးကို စိုရွှဲအေးမြနေအောင် လောင်းမယ်။ ပြီးရင် ရေစစ်ထားမယ်။ နောက်တခါ ရေပြန်လောင်းဖို့ဆိုရင်တော့ အပင်မှာ စိုထိုင်းဆ အနည်းငယ်ကျန်တဲ့အချိန် ပြန်လောင်းလို့ရပါပီ။ လုံး၀ ခြောက်သွေ့သွားအောင် မထားပါနဲ့။ နွေရာသီမှာတော့ တရက်ခြားတခါ အပင်ခြေကို လောင်းပေးရပါမယ်။ အပင်တွေ ရိပုတ်တာကနေ ကာကွယ်နိုင်ဖို့ဆိုရင် ရေကို မနက်ပိုင်းလောင်းပေးသင့်ပါတယ်။ ဒါမှသာ တနေကုန် ရေတွေ ခြောက်သွားချိန်ရမှာဖြစ်ပီး အပင်တွေ ရိပုတ်တာကနေ ကာကွယ်နိုင်မှာပါ။


စိုထိုင်းဆ


စိုထိုင်းဆ ကလည်း အရေးပါတဲ့ ကိစ္စ တခုပါပဲ။ ၅၀% နဲ့ ၈၀ % ကြားလိုအပ်ပါတယ်။ ရေအရမ်းများ အောင်လောင်းရင်တော့ အပင်ပုတ်တတ်ပါတယ်။ ထိုကြောင့်ရေလောင်းမယ်ဆိုပါက စပရေး sprayer နဲ့ အရမ်းမစိုလွန်းအောင် ထိန်းလောင်းသင့်ပါတယ်


အားဆေးကျွေးခြင်း


ပူနွေးတဲ့ရာသီဥတု ကို ရောက်ပီဆိုရင်တော့ အားဆေးကျွေးတာကို ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ အပင်က ကြီးထွားဖို့ အားယူနေချိန် ဖြစ်ရင်တော့ အားဆေး ကို နိုက်ထရိုဂျင်များတဲ့ ၃၀-၁၀-၁၀ ပတ်လည်ကို ကျွေးပေးသင့်ပါတယ်။ ဒါက သစ်ခေါက်ပွားစာ ကို သုံးထားတယ် ဆိုရင်ပါ။ ပန်းပွင့်ဖို့တာစူနေတယ်ဆိုရင်တော့ ဖော့ဖရက်များတဲ့ ၁၀-၃၀-၂၀ ကို ကျွေးပေးသင့်ပါတယ်။
တချို့ သစ်ခွ စိုက်ပျိုးသူတွေကတော့ ရေလောင်းတိုင်း အားဆေး ပမာဏ အကြံပြု ထားတာရဲ့ သုံးပုံတပုံကို လောင်းတဲ့ရေ နဲ့အတူ ဖျော်ပီး လောင်းတတ်ကြပါတယ်။ ဒါပေမဲ့ ဒီလို စနစ် နဲ့ အားဆေး ကျွေးခြင်းက ရာသီဥတု ပူနွေးပီး စိုထိုင်းဆ များမှသာ အကောင်းဆုံး ဖြစ်ပါတယ်။ အေးတဲ့ ဒေသတွေမှာ နေတဲ့သူတွေအတွက်တော့ အားဆေးကို ၂ ပတ်တကြိမ် ခပ်ပျော့ပျော့ ကျွေးပေးခြင်း ဖြင့် အဆင်ပြေနိုင်ပါတယ်။


အိုးလဲ၊အပွင့်ခွဲခြင်း


အိုးလဲတော့မယ်ဆိုရင်တော့ နွေဦးပေါက် ကာလတွေ နဲ့ အပွင့်ကျပီးပီးခြင်း အချိန်တွေက အကောင်းဆုံးပါပဲ။့ပွားစာကတော့ ရေဆင်းအား သိပ်မမြန်တဲ့ အဖတ်သေးသေး မျိုးတွေ သုံးတာ ပိုကောင်းပါတယ်။ အိုးတခါ လဲပြီးပြီ ဆိုရင် တနှစ်ကနေ ၃ နှစ်အထိ ထားပေးနိုင်ပါတယ်။ ပွားစာတွေ ဆွေးလာပီဆိုရင်တော့ လဲပေးဖို့သင့်ပါပီ။ ရေဆင်းအား မကောင်းတဲ့ ပွားစာကို အသုံးပြု မယ်ဆိုရင် ၊ ဒါမှမဟုတ် ပွားစာတွေက ဆွေ့ပီး ရေဝပ်နေမယ်ဆိုရင်တော့


အပင်မှာ ရွက်ပုတ်နာ ဖြစ်တတ်ပါတယ်။
အိုးလဲမယ်ဆိုရင် အိုးဟောင်းမှာ ရှိတဲ့ ပွားစာ အားလုံး ဖယ်ထုတ်ပစ်လိုက်မယ်။ အမြစ်ဟောင်း နဲ့ အမြစ်ဆွေးတွေကို ညှပ်ထုတ်ပစ်လိုက်မယ် ပြီးရင်တော့ ပြောင်းမဲ့ အိုးထဲမှာ အပင်ခြေအောက်ကို ပွားစာ အသစ်တွေ ထည့် ဖြာကျနေတဲ့ အမြစ်တွေကို အိုးထဲမှာ စနစ်တကျ နေရာချထားပီး ရင်တော့ အပေါ်မှာ ပွားစာ အသစ်ထပ်ထည့်ပေးရပါမယ်။ ပင်စည်ကတော့ ပွားစာတွေရဲ့ အပေါ်မှာ ရှိနေဖို့ လိုအပ်ပါတယ်နော်။


Source-Lynn Lynn
  • article
likes13comments0
views1485