သခွားသီး အခါးသီး မဖြစ်အောင်လုပ်ဆောင်သင့်သောအချက်များ
 
- သခွားပင်တွေဟာ မှားယွင်းသော ကြီးထွားမှုအခြေအနေများ အောက်တွင်ကြီးထွားလာရသည့်အခါ ခါးသောအသီးများ (သို့မဟုတ်) အရသာကင်းမဲ့သော အသီးများကို ဖြစ်စေနိုင်ပါသည်။ အပူချိန် အေးလွန်းခြင်း သို့မဟုတ် ပူလွန်းခြင်းကဲ့သို့သော အပူချိန် အလွန်ကွဲပြားမှုများက သစ်သီးများရဲ့ အရသာကို ခါးစေနိုင်ပါတယ်။ သို့သော် တချို့သော သခွားသီးများမှာတော့ သဘာဝအတိုင်း အသီးကို ခါးသီးစေနိုင်သည့် ကျူကာဘီတင်စင်ဟု လူသိများသည့် အော်ဂဲနစ်ဒြပ်ပေါင်းများနှင့် ပြည့်နေတတ်တဲ့အတွက် ခါးစေနိုင်ပါတယ်။ - သခွားသီးတွေ မခါးအောင် လုပ်ဆောင်သင့်တဲ့ အချက်များကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ - ၁။ မြင့်မားတဲ့ အပူချိန်ကို ကာကွယ်ပါ။ - ၉၀ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၃၂ဒီဂရီဆဲစီးရပ်ထက် မြင့်မားသော အပူချိန်က အပင်ကို ဖိအားပေးနိုင်ပြီး အသီးအရသာတွေကို ခါးစေနိုင်ပါတယ်။ ဒါကြောင့် သခွားပင်တွေကို ပြင်းထန်တဲ့ မွန်းလွဲပိုင်း တိုက်ရိုက်နေရောင်ခြည်မထိအောင် ကာကွယ်ပေးသင့်ပါတယ်။ - ၃။ နေကြာပန်းပွင့်များနှင့်အတူစိုက်ပျိုးပါ။ - နေကြာပန်းပွင့်များသည် သဘာဝအလျောက် အဲလစ်စတက်စ်ဟုခေါ်သော သခွားသီးမှာရှိတဲ့ ကျူကာဘီတင်စင် အရေအတွက်ကို လျော့နည်းစေသည့် အင်ဇိုင်းတစ်ခုကို ထုတ်လွှတ်ပေးနိုင်တဲ့အတွက် နေကြာပန်းပွင့်များနှင့် အတူစိုက်ပျိုးပါ။ - ၄။ မှန်ကန်တဲ့နေရာနဲ့ ပင်ကြားတန်းကြား - စိုက်ပျိုးသည့်အခါ နေရောင်ရတဲ့ နေရာ၌ စိုက်ပျိုးဖို့လိုပြီး ၁၀-၁၂ လက်မအကွာထားသင့်ပါတယ်။ ဘောင်တင်ပြီး စိုက်ပျိုးပါက ကောင်းစွာကြီးထွားစေရန် အခါးဓာတ်ရှိတဲ့ နေရာနှင့် အနည်းဆုံး ၃-၄ ပေ ကွာဝေးသောနေရာကို ခါးသီးမှုမရှိဘဲ ကြီးထွားစေပါ။ - ၅။ နှင်းကျရောက် မရှိစေရန် ဂရုပြုပါ။ - ချိုမြိန်သော သခွားသီးများ ရရှိနိုင်ရန်အတွက် အအေးမလွန်စေရန် ဂရုပြုပါ။ မြေဆီလွှာကို ၆၀ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၁၆ဒီဂရီဆဲစီးရပ်ကဲ့သို့ ပူနွေးစေတဲ့ အနေအထားမှာ စိုက်ပျိုးသင့်ပါတယ်။ - ၆။ အစိုဓာတ်ပုံမှန်ရရှိနိုင်စေရန် ထိန်းထားပါ။ - ကြီးထွားမှု၏ အစောပိုင်းအဆင့်များအတွင်း ရေငတ်ခြင်း သို့မဟုတ် ရေဝပ်ခြင်းကဲ့သို့သော အပင်အပေါ်ဖိစီးမှုများက ကျူကာဘီတင်စင် (ခါးသီးသောအရသာရှိသောဒြပ်ပေါင်း) ကို စုစည်းစေပြီး အသီးများကို ခါးစေနိုင်ပါသည်။ - တစ်ပတ်လျှင် ၂-၃ ကြိမ် နက်ရှိုင်းစွာ ရေလောင်းပါ သို့မဟုတ် ရေအစက်ချနည်းကို အသုံးပြုနိုင်ပါသည်။ သို့မှသာ မြေဆီလွှာသည် တစ်သမတ်တည်း အစိုဓာတ်ကို ထိန်းထားပေးနိုင်မည်ဖြစ်သည်။ - ၇။ မြေဖုံးပေးပါ။ - မြေဆီလွှာသည် ၇၀ဒီဂရီဖာရင်ဟိုက် သို့မဟုတ် ၂၁ဒီဂရီဆဲလ်စီးရပ်ကဲ့သို့ အပူချိန်မြင့်တက်လာသည့် အချိန်တွင် အနက်ရောင် ပလတ်စတစ် သို့မဟုတ် အော်ဂဲနစ်မြေဆွေးကိုသုံး၍ အပင်များတွင် မြေဖုံးပေးခြင်းဖြင့် စိုစွတ်မှု အငွေ့ပြန်မှုနှုန်းကို လျော့နည်းစေနိုင်သည်။ - အာဟာရဓာတ်များ ယှဉ်ပြိုင်ခံရမှု လျော့ကျစေပြီးနှင့် မြေဆီလွှာစိုထိုင်းမှုတို့ကို တစ်သမတ်တည်း ထိန်းပေးခြင်းကို ကူညီပေးနိုင်ပါတယ်။ - ၈။ ချိုတဲ့သခွားမျိုးစိတ်များကိုစိုက်ပျိုးပါ။ - ခါးသောသခွားသီးများကို မဖြစ်စေရန် ချိုသခွားမျိုးစိတ်များကို ရွေးချယ်စိုက်ပျိုးရန် စဉ်းစားနိုင်ပါသည်။ - ၉။ အာဟာရပြည့်ဝတဲ့ မြေဆီလွှာပေါ်တွင်စိုက်ပျိုးပါ။ - သခွားသီးပင်တွေက အစာအာဟာရ အများကြီးစားနိုင်တဲ့ သီးနှံဖြစ်တဲ့အတွက်ကြောင့် မြေဆီလွှာမှာ အော်ဂဲနစ်ဒြပ်ဝတ္ထုမရှိသည့် မြေဆိုလျှင် အသီးတွေကို ခါးစေနိုင်ပါသည်။ စိုက်ပျိုးတဲ့အချိန်မှာ မြေဆီလွှာမှာ မြေဆွေးနဲ့ အော်ဂဲနစ်ပစ္စည်းတွေ အများကြီး ထည့်ပါ။ ထို့အပြင် ၃-၄ပတ်တစ်ကြိမ် အာဟာရညီမျှစွာ ပါဝင်တဲ့ အော်ဂဲနစ်အရည်ကို အသုံးပြုပါ။ အရသာ ချိုစေရန် သေချာစေရန် အကောင်းဆုံးနည်းမှာ အပင်မှအသီးကိုခူးပြီးနောက် အဆုံးပိုင်းကို တစ်ပတ်လည် ပွတ်တိုက်ပေးခြင်းဖြစ်သည်။ ယင်းကိုလုပ်ဆောင်ခြင်းအားးဖြင့် အသီးကိုခါးစေနိုင်သည့် ကျူကာဘီတင်စင်ဟုခေါ်သည့် အဖြူရောင်အစေးတစ်မျိုး ဖြစ်ပေါ်လာသည်ကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။ - Source: balconygardenweb - ------------ - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe - စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ - ထွက်တိုးမဲလက်မှတ်လဲခြင်း အစီအစဉ်လေ့လာရန် - https://htwettoe.com/post/54350 - အမှတ်စစ်နည်းကို လေ့လာရန် https://htwettoe.com/post/52857 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
