cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကျွဲခေါင်းသီးဘယ်လို ပုံစံသီးလဲ ဆိုတာ မြင်ဖူးကြလား?

. စိုက်ပျိုးနည်းစနစ်များ
ကျွဲခေါင်းသီး ပင်နဲ့ ပတ်သက်ပြီး ဗဟုသုတရစေရန် ဖော်ပြပေးလိုက်ပါတယ်။
  • article
  • article
  • article
  • article
  • ကျွဲခေါင်းသီးပင်သည် ရေတွင် ပေါလောပေါ်နေသော အပင်ငယ်တစ်မျိုးဖြစ်သည်။ ရေအောက်ရှိ အရွက်နှင့် ရေပေါ်ရှိအရွက်တို့သည် မတူညီကြချေ။ ရေအောက်ရှိအရွက်များသည် အညှာချင်းဆိုင်ပေါက်၍ အမြစ်နှင့် တူကြသည်။ ရေပေါ်ရှိအရွက်များမှာမူ ရိုးတံရင်း၌ စုပေါက်ကြသည်။ အသီးတွင် အဖုများထွက်နေ၍ ကျွဲဦးခေါင်းပုံနှင့် တူသည်။ အခွံသည် အစိမ်းပုပ်ရောင်ရှိ၍ အတွင်းသားမှာ ဖြူသည်။  

    မြန်မာနိုင်ငံအောက်ပိုင်းမြို့ကြီးများရှိ ရေကန်များတွင် ကျွဲခေါင်းသီးပင်များကို ပြုစုစိုက်ပျိုးကြသည်။ ဇွန်လမှ ဩဂုတ်လအထိ မိုးတွင်းအချိန်၌ ကျွဲခေါင်းသီးကို ရောင်းချလေ့ရှိသည်။ အသီးကို အစိမ်းလိုက်ဖြစ်စေ၊ ပြုတ်၍ဖြစ်စေ၊ အခွံနွှာပြီးလျှင် စားကြသည်။ အတွင်းသား အရသာမှာ ချိုအေး၍ အရည်ရွှမ်းသည်။ ကျွဲခေါင်းသီးကို အထူးသဖြင့် ဟိန္ဒူလူမျိုးတို့ ကြိုက်နှစ်သက်ကြသည်။ ကျွဲခေါင်းသီးကို သံပုရာသီးနှင့် ရောစားမိလျှင် တောက်၍ သေတတ်သည်ဟု ဆိုသည်။  

    ကျွဲခေါင်းသီးပင်ကို English လို Water Chestnut လို့ခေါ်တယ်၊ ဒါ့ပြင် Devil Head / Seabean / Water Nut လို့လည်း အမျိုးမျိုး ခေါ်ပါသေးတယ်၊ အပင်ရဲ့ သိပ္ပံ အမည်က Trapa natans ဖြစ်တယ်၊ မျိုးစုအမည် Trapa ဆိုတာ လက်တင်စကားဖြစ်ပြီး အဓိပ္ပါယ်က thistle ဆူးဖြစ်တယ်၊ natans ဆိုတာကတော့ swimming, floating ဖြစ်လို့ ရေပေါ်ပေါ်နေခြင်း ဒါမှမဟုတ် ရေကူးခြင်းလို့ အဓိပ္ပါယ် ရစေတယ်၊ ဒါ့ကြောင့် ဒီအသီးဟာ ရေကူးနေသော ဆူးပါသော အသီးလို့ဆိုနိုင်တယ်၊ ကျွဲခေါင်းပင်ဟာ မျိုးရင်း Lythraceae (ပန်းအိမျိုးရင်း) ထဲမှာပါဝင်တယ် ၊ ဒီ Lythraceae မျိုးရင်းထဲမှာ ရေကြိုက်ပင် Hydrophytes အလွန်နဲပါတယ်၊ ဒီအပင်ကထူးထူးခြားခြား aquatic herbs ဖြစ်နေတာကတော့ ထူးခြားလှပါတယ်၊  

    ကျွဲခေါင်းပင် ဆို ရေမှာပေါက်သော ပင်ပြော့အပင်တပင်ဖြစ်တယ်၊ submerged stem (ရေမြုတ်ပြီး မြေကို ကုတ်တွယ်သော အပင်) ဖြစ်တဲ့ ရေထဲမှာမြုတ်နေသော ပင်စည် က 12 to 15 ft အထိရှည်လျားတယ်။ အမြစ်တွေက ကန်ရဲ့ အောက်ခြေ နွံထဲအထိ ကောင်းစွာ ကုတ်တွယ်ထားတယ်၊ အပင်မှာ အရွက် ၂ မျိုး ရှိတယ်၊ ရေထဲမှာမြုတ်နေသော ငှက်မွှေးပုံ အရွက်တွေက အနားတွေကွဲနေကြတယ်၊ ဒါမှလည်းရေစီးရေလာ ကောင်းမှာဖြစ်တယ်၊ ရေပေါ်ကိုပေါ်နေသော အရွက်တွေက ရေအောက်ကအရွက်တွေလို ကွဲမနေပါဘူး၊ ဒါပေမဲ့ အရွက်တွေရဲ့ တည်ရှိနေပုံပုံစံက အလွန်မှစနစ်ကျနပြီး နှင်းဆီန်းပွင့်ပုံစံ rosette ရှိနေတယ်၊ အပေါ်ကကြည့်ရင် အချိုးကျသော တည်ဆောက်ပုံရှိကြတယ်၊ ရေပေါ်ပေါ်နေသော floating leaves အရွက်တွေရဲ့အနား က လွှသွားပုံစံ saw-tooth edges အနားတွေရှိတယ်၊ အရွက်ပုံစံက ovoid or triangular ရှိပြီး အခြေမှာ ဖောင်းနေသော ရွက်ညှာ inflated petioles ရှိတယ်။ သူ့ကြောင့် အပင်က ရေပေါ်ပေါ်နေတာပါ၊  

    ပန်းပွင့်လေးတွေမှာ ပွင့်ချပ် လေးခုသာပါတယ်၊ အင်းဆက်တွေနဲ့ ဝတ်မှုံကူးကြတယ်၊ အသီးက nut ဖြစ်ပြီး four barbed spines ထင်ရှားသော ဆူး လေးခုပါတယ်။ အစေ့သက်တန်းက ၁၂ နှစ်ကြာရှင်သန်နိုင်ပေမဲ့ အများစုက ၂ နှစ်လောက် ဆို အပင် ပေါက်နိုင်ကြတယ်၊  

    ၁၆၉၄ ခုနှစ်က တရုပ်လူမျိုး Wang Ang 汪昂 က ဒီအသီးသည် အဖျားရောဂါ fever နှင့် drunkenness ကိုသက်သာစေတယ်လို့ ရေးသားခဲ့တယ်, India and Pakistan မှာ ဒီအပင်ကို singhara or paniphal ခေါ်တယ်၊ အသီးရဖို့ ရေချိုကန်တွေမှာ အများအပြား စိုက်ပျိုးကြတယ်၊ အသီးကို အစိမ်းလိုက်စားသလို ပြုတ်ပြီးလည်း စားကြတယ်။ အသီးကို အခြောက်လှမ်း အမှုန့် ဖြစ်အောင် ထောင်းထု ထားသောအရာကို singhare ka atta, လို့ခေါ်ပြီး ဘာသာရေးပွဲတော်တွေမှာ ရိုးရာဓလေ့အစားအစာအနေနဲ့သုံးကြတယ်၊ ဟိန္ဒူလူမျိုးတွေက fruit diet အနေနဲ့ phalahar လို့သတ်မှတ်ပြီး Hindu fasting days, the navratas စားသုံးကြတယ်၊  

    ဥရောပမှာ water chestnuts ကို စျေးကွက်မှာ ဝယ်လို့ရတဲ့ အချိန်က 1880 လောက်ဖြစ်နိုင်တယ်၊ အီတလီမြောက်ပိုင်း မှာ ဒီအသီးကို ကင်ပြီးစားတယ်၊ ၂၀ရာစု အစပိုင်း အထိ ဒီအသီးကို ဥရောပမှာ လူသားများအတွက် အစားအသောက်အနေနဲ့စားသုံးခဲ့ကြတယ်၊ ယနေ့ အချိန်မှာတော့ ဒီအပင်က ရှားပါးသော အပင်ဖြစ်လို့လာတယ်၊ မျိုးတုံးလုနီးပါးဖြစ်တာရယ်၊ ရာသီဥတုပြောင်းလဲတာရယ်၊ ရေထဲမှာပါသော အဟာရပမာဏ ပြောင်းလဲကုန်တာရယ်၊ ရေစီးရေလာ မကောင်းခြင်း စသည့် အကြောင်းတရားတွေကြောင့် အပင်များမရှင်သန်ဘဲရှားပါးလာရခြင်းဖြစ်တယ်၊  

    ကျနော်တို့နိုင်ငံမှာလည်း ရှားတယ်လို့ဆိုနိုင်တယ် ၊အမြဲလည်းဝယ်မရ ၊ အခုလို ပွဲလမ်းသဘင် ရှိမှ ရတတ်တာမျိုးဖြစ်တယ်၊ များသောအားဖြင့် ပြုတ်ပြီးသားကို အခုလို ဗန်းလေးတွေနဲ့ရောင်းတယ်၊ နိုင်ငံခြားမှာ အပေါ် အခွံသင်ပြီးသားအဆန်ကိုမှာ သေသေခြာခြာ ပါကင်ထုတ်ပြီး စျေးကောင်းကောင်းနဲ့ ကုန်တိုက်ကြီးတွေ mini market တွေမှာရောင်းကြတယ် ၊  

    အစာလည်းဆေး ဆေးလည်းအစာ  

    ကျွဲခေါင်းသီးမှာ အိုင်အိုဒင်း၊မဂ္ဂနီဆီယမ်၊ပိုတက်ဆီယမ်အစရှိသောဓာတ်များပါဝင်ပြီး လည်ပင်းကြီး ရောဂါနှင့် သိုင်းရိုက်ရောဂါကို ကာကွယ်ပေးနိုင်ပါသည်။ ထိုအပြင်တခြားသော အနည်းလိုအာဟာရဓာတ်တွေပါဝင်တဲ့အတွက် ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုကြပါသည်။ အရေပြားခြောက်သွေ့ခြင်းနှင့်နှုတ်ခမ်းကွဲခြင်းတို့ကိုလည်း လျော့နည်းစေပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ စားသုံးရန်သင့်သော အသီးတစ်မျိုးဖြစ်ပါသည်။ ကျွဲခေါင်းသီးမှာ ကောင်းကျိုးတွေရှိပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့အတိုင်းပဲ အလွန်အကျွံမစားသင့်ပါ။ ထို့အပြင် ဝမ်းချုပ်တတ်သူတွေအတွက် မစားသင့်သောအသီးဖြစ်ပါသည်။ (ကိုးကား Greenway)  

    သတိထားရမှာက ကျွဲခေါင်းသီးကို သံပုရာသီးနှင့် ရောမစားရပါ။ စားမိပါက တောက်​ပြီး သေနိုင်တယ်လို့ ဆိုပါတယ်၊ သတိထားဖို့ပါ။  

    Kothet Naing Oo  Homalin  

    Reference: Wikipedia 

    Some photos from Google. 

    ကိုးကား -Wikipedia, မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( ၂ )၊ အပိုင်း-ခ၊ နှာ-၂၃၂

    ------

    ထွက်တိုး Call Center ဖုန်း 09-977910000 ကို စိုက်ပျိုးရေး၊ မွေးမြူရေးအခက်အခဲများနဲ့ပတ်သတ်ပြီး ဖုန်းခေါ်မေးမြန်းနိုင်ပါသည်။ 


likes
25
comments
2
views
4795