ကိုယ်တိုင်လုပ် ဘော်ဒို မှိုသတ်ဆေးရည် ( Bordeaux Mixture) ပြုလုပ်နည်း
- ဘော်ဒိုဆေးရည်ဟာ မှိုရောဂါတွေကို နှိမ်နင်းနိုင်တဲ့ဆေးတစ်မျိုးဖြစ်ပါတယ်။ လွယ်လွယ်ကူကူ ဖျော်စပ်နိုင်ပြီး အစွမ်းထက်တဲ့ အာနိသင်ရှိပါတယ်။အချိုး အမျိုးမျိုးထားပြီး မိမိလိုအပ်ချက်အတိုင်း အသုံးပြုနိုင်ပါတယ်။ အသုံးများတဲ့အချိုးကတော့ ၅း၅း၅၀ ဖြစ်ပြီး အောက်ပါအတိုင်း ဖျော်စပ်နိုင်ပါတယ်။ - ထုံး(မဖောက်ထုံး) - ၅ ပေါင် - ဒုတ္တာ - ၅ ပေါင် - ရေ - ၅၀ဂါလန် - ဤအချိုးအတိုင်းဖျော်စပ်ပါက စိုက်ကွင်းကြီးများအတွက် သင့်တော်ပမာဏဖြစ်ပါတယ်။ - စိုက်ခင်း ငယ်များအတွက် - ထုံး (မဖောက်ထုံး) - ၁/၂ ပေါင် - ဒုတ္တာ - ၁/၂ ပေါင် - ရေ - ၅ ဂါလံ နှုန်းအသုံးပြုနိုင်သည်။ - အချိုးအနေအထားအားဖြင့် ၅း၅း၅၀ ဖြစ်ပါတယ်။ မိမိလိုအပ်ချက် နဲ့အညီ အသုံးပြုရန် ၂း၂း၅၀၊ ၄း၄း၅၀ စသည်တို့မှာ ရေ (၅၀) ဂါလံ ကိုပုံသေထားပြီး ထုံးနှင့် ဒုတ္တာကို (၂) ပေါင်၊ (၄) ပေါင် စသည်ဖြင့် အဆင်ပြေသလိုထည့်နိုင်ပါတယ်။ - ဖျော်စပ်ပုံ - ဘော်ဒိုဆေးရည် ဖျော်စပ်ရန် အတွက် (၅)ဂါလံ ဝင်ပလပ်စတစ်ပုံး (၃) ပုံး ကြိုတင်ရှာထားရမည်။ - သံပုံး၊ ဒန်ပုံးများမသုံးရ။ စဉ့်အိုး၊ ပလပ်စတစ်ပုံးများ သာ အသုံးပြုရမည်။ - ပထမဦးစွာ မဖောက်ထုံး၊ ဒုတ္တာ ၁/၂ ပေါင် ချိန်တွယ်ပြီး အရည်ဖျော်ရာတွင် လွယ်ကူစေရန် အမှုန့် ထောင်းရမည်။ - ပလတ်စတစ်ပုံး နှစ်ပုံး တွင် ရေ ၂ ၁/၂ဂါလံ စီထည့်၍ ထုံးမှုန့် သီးသန့် (၁) ပုံး ၊ ဒုတ္တာ သီးသန့် (၁) ပုံး စီဖျော်ပါ။ - အမှုန့်များ ကျေညက်စေရန် တုတ်ဖြင့် နာနာမွှေပါ။ - ထုံးမှုန့်များ၊ ဒုတ္တာများ အရည်ပျော်သွားပြီဆိုပါက ကျန်ပလတ်စတတ်ပုံး အလွတ်ထဲသို့ ထုံးရည်များ ဒုတ္တာရည်များကို ပြိုင်တူလောင်းထည့်ပါ။ - ထုံးရည်ထဲ ဒုတ္တာလောင်းခြင်း၊ ဒုတ္တာရည်ထဲတွင် ထုံးရည်လောင်းခြင်းမျိုး မပြုလုပ်ရဘဲ ပြိုင်တူလောင်းချပေးရမည်။ ဤသို့ပြုလုပ်ခြင်းဖြင့် အာနိသင်ပိုမို ထက်မြက်သည် ဟုဆိုပါသည်။ - တုတ်ဖြင့်မွှေ၍ သမစေပြီး၊ စတီးဓါးကို နှစ်ကြည့်ပါက ဓါးပြားပေါ်တွင် ငှက်ခါးတောင် အရောင် ဖြစ်နေရပါက ဘော်ဒိုဆေးရည်ရရှိပြီဖြစ်ပါသည်။ - ဘော်ဒိုဆေးရည် ကိုစိုက်ခင်း၊ စိုက်ဘောင်၊အပင်များတွင်ပက်ဖျန်းမည်ဆိုပါက အခြားသောဆေးများကဲ့သို့ ရေရောရန်မလိုပဲ ဖျော်စပ်ပြီး ဆေးရည် အတိုင်းပက်ဖျန်းရန်သာဖြစ်ပါသည်။ - ဆေးရည်များအပင်ကို ဖျန်းမည်ဆိုပါက ဆေးရည်စွဲကပ်မှု ကောင်းစေရန် ဆပ်ပြာရည်ထည့် ပေးနိုင်ပါသည်။ - ရေ (၅) ဂါလံ ရွှေဝါဆပ်ပြာ (၁၀) ကျပ်သားကို ပျော်ဝင်အောင် ဖျော်ထည့် ပေးပါ။ - ရွှေဝါဆပ်ပြာကိုပါးပါးလှီး၍ ရေအနည်းငယ် ထည့်ကာ အပူပေး၍ ကျိုလိုက်ပါက မြန်မြန်အရည်ပျော်ပါသည်။ - အရွက်၊ ပင်စည်များတွင် ဘော်ဒိုဆေးရည် တွယ်ကပ် အားကောင်း မည်ဖြစ်သည်။ - သတိပြုလိုက်နာရန်အချက်များ - -မဖောက်ထုံး ကိုဖောက်ပြီးချက်ချင်း သုံးစွဲရမည်။လေမသလပ်စေရပါ။ - - အလွယ်တကူ အနည်ထိုင်စေသဖြင့် မကြာခဏ မွှေပေးပါ။ - - ဖျော်စပ်ပြီး ၂၄ နာရီအတွင်း အတွင်းသုံးစွဲရမည်။ - -သံသွပ်ကြေးစသည်တို့ကိုစားတတ်သဖြင့်မြေ၊စဉ့်၊ကြွေ၊ပလပ်စတစ်ပုံးများဖြင့်ဖျော်ရမည်။ - -ဆေးဖျန်းပြီး ပုံးကိုသုံးပြီးသေချာပြောင်စင်အောင် ဆေးရမည် - -မိုးရွာချိန်၊အလွန်ပူပြင်းခြောက်သွေ့လွန်းချိန်၊အပင်ရေငတ်၍အားနည်းညှိုးနွမ်းချိန်မပက်ဖျန်းသင့်ပါ။ - ကာကွယ်နိုင်သောရောဂါများ - ၁။ စပါးကုတ်ကျိုးရောဂါ - ၂။ စပါးရွက်ညိုပြောက်ရောဂါ - ၃။ မြေပဲရွက်ပြောက်ရောဂါ - ၄။ ဝါ ခါးရိနှင့်ပင်ညှိုးရောဂါ - ၅။ ဂုံလျှော် ပင်စည်ပုပ်ရောဂါ - ၆။ ပဲမျိုးစုံ မှဲ့ပြောက်စွန်းရောဂါ - ၇။ ခါးရိရောဂါ - ၈။ ကော်ဖီသံချေးရောဂါ - ၉။ အာလူးနှင့် ခရမ်းချဉ်လောင်မီးရောဂါ - ၁၀။ ကော်ဖီကိုင်းဖျားခြောက်မှဲ့ပြောက်စွန်းရောဂါ - ၁၁။ ကွမ်းပင်ခြေပုပ်ရောဂါ - ၁၂။ လက်ဖက်လောင်ဖူးထွက်ပင်နာကျရောဂါ - ၁၃။ နှင်းဆီအနက်ပြောက်ရောဂါ - ၁၄။ ကွမ်းသီးပုပ်ရောဂါ - ၁၅။ နှင်းဆီရွက်နက်ပြောက်ရောဂါ - ၁၆။ ရှောက်သံပုရာချေးဖတ်ရောဂါ၊အစေးထွက်ရောဂါ - ၁၇။နှင်းဆီသံချေးရောဂါ - ၁၈။ စပျစ်ဒေါင်းနီးမှိုရောဂါ - ၁၉။ဒေလီယာ၊ သံပုရာရွက်ပြောက်ရောဂါ - ကိုးကား - ကွမ်းရွက်စိုက်ပျိုးရေးနည်းစနစ် နှင့် ကွမ်းရွက်ကြောင်းသိကောင်းစရာများ၊ဆရာကြီး ဦးသိန်းဆု (မှိုသတ်ဆေး ဖျော်စပ်သုံးစွဲနည်းများ) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
