ရော်ဘာစိုက်ခင်းပေါင်းရှင်းခြင်းနှင့် အကျိုးကျေးဇူးများ
(က) ပေါင်းရှင်းခြင်းလုပ်ငန်းအား တစ်နှစ်လျှင် (၃) ကြိမ် မြေပြင်အထက် (၆) လက်မအမြင့်အထိ လူအား စက်အားဖြင့် ဆောင်ရွက်ရမည်။
(ခ) ရော်ဘာပင်တန်းကြားတွင် သက်တမ်း (၃) နှစ်ကာလထိ မြေဆီထိန်းပဲ (သို့မဟုတ်) ကြားသီးနှံ စိုက်ပျိုးခြင်းဖြင့်လည်း ပေါင်းကာကွယ်နှိမ်နင်းနိုင်သည်။
(ဂ) ရော်ဘာပင်လိုင်းတန်းတစ်လျှောက် အပင်၏တစ်ဖက်လျှင်(၃)ပေ အကျယ်ဖြင့် (၆) ပေလိုင်းအတွင်း ကျွေးရသဖြင့် (၆) ပေလိုင်း အပြောင်ရှင်းခြင်းလုပ်ငန်းအား ဆောင်ရွက်ရမည်။
ပေါင်းရှင်းခြင်း
အပင်မစိုက်မီ မေလအတွင်းမှာစိုက်ကျင်းနေရာ၏ (၃)ပေ ပတ်လည် အတွင်းမှာရှိသည့်ငုတ်၊ ပေါင်းမြက်များကို အပြောင်ရှင်းပေးရသည်။ အပင်တန်းတစ်လျောက် ငုတ်၊ ပေါင်းအပြာင်ရှင်းခြင်းကို အပင်စိုက်ပြီးသည့် နှစ်စဥ် မေလ၊ စက်တင်ဘာလတွင် မြေသြဇာမကျွေးမှီ အောက်ပါအတိုင်း ဆောင်ရွက်ရပါသည်။ သက်ကယ်နှင့်ဝါးများကို အမြစ်မှ တူးထုတ်ရသည်။
ပေါင်းရှင်းခြင့်ဖြင့်ရရှိနိုင်သော အကျိုးကျေးဇူးများ
- မြေကြီး အစိုဓါတ်အလွယ်တကူရရှိခြင်း
- ထည့်သွင်းသောမြေသြဇာနှင့်မြေကြီးတွင်းရှိသောသဘာဝမြေဆီမြေနှစ်ကိုအပင်မှ အလွယ်တကူစားသုံးနိုင်ခြင်း
-ရာဘာပင်များလောင်းရိပ်မမိခြင်းနှင့် ပိုးမွှာတိရစ္ဆာန် ဖျက်ဆီးခြင်းမှ ကာကွယ်နိုင်ခြင်း၊ မီးဘေးအန္တရာယ်ကာကွယ်ပေးခြင်း။
အပင်သက်တမ်း ပထမနှစ်တွင် ပေါင်းရှင်းခြင်းကို အပင်တန်းတစ်လျှောက် (၃) ပေထား၍ စက်တင်ဘာလတွင်ပြုလုပ်သင့်သည်။
အပင်သက်တမ်း ဒုတိယနှစ်တွင် ပေါင်းရှင်းခြင်းကို အပင်တန်းတစ်လျှောက် (၄) ပေထား၍ မေလနှင့် စက်တင်ဘာလများတွင် ပြုလုပ်သင့်သည်။
အပင်သက်တမ်း တတိယနှစ်တွင် ပေါင်းရှင်းခြင်းကို အပင်တန်းတစ်လျှောက် (၅) ပေထား၍ မေလနှင့် စက်တင်ဘာလများတွင် ပြုလုပ်သင့်သည်။
အပင်သက်တမ်း စတုတ္ထနှစ်မှသတ္တမနှစ်ထိ ပေါင်းရှင်းခြင်းကို အပင်တန်းတစ်လျှောက် (၆) ပေထား၍ မေလနှင့် စက်တင်ဘာလများတွင် ပြုလုပ်သင့်သည်။
ထွက်တိုးနှင့် မြန်မာ့ရော်ဘာအခွင့်အလမ်းမြှင့်တင်ရေးစီမံကိန်း တို့ပူးပေါင်းပြီး ပညာပေးနေတဲ့ အထွက်တိုးရာဘာစိုက်ပျိုးကြသူများ အဖွဲ့ သို့ဝင်ရန် လင့်ခ်ကိုနှိပ်ပါ - https://www.facebook.com/groups/2432746880363676/