မိုးကြီးရေလျှံသတိ
16/08/2023 ရက်နေ့တွင်
ပဲခူးတိုင်းအရှေ့ပိုင်း
နေပြည်တော်
ကယားပြည်နယ်
ရှမ်းပြည်နယ်တောင်ပိုင်း
ရှမ်းပြည်နယ်အရှေ့ပိုင်း
စစ်ကိုင်းတိုင်း
မန္တလေးတိုင်း
မကွေးတိုင်းဒေသတွေမှာ
မိုးအသင့်အတင့်ရွာနိုင်ပါတယ်
issued time
13/08/2023 7:05am(MMT)
15/08/2023 ရက်နေ့ မိုး
ရှမ်းပြည်နယ်တစ်ခုလုံးမိုးရွာနိုင်ပါတယ်
အဲဒီလေစီးကပဲ မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းတွေကို 16/08/2023ရက်နေ့မှာမိုးရွာနိုင်ပါတယ်
issued time
13/08/2023 8:00pm(MMT)
မိုးကြီးရေလျှံသတိ
၂၀၂၃သြဂုတ်လ ၁၈ရက်နေ့မှ ၃၁ရက်နေအထိ
ဘင်္ဂလားပင်လယ်အော် ကပ္ပလီပင်လယ်ပြင်နှင့် မုတ္တမပင်လယ်ကွေ့အတွင်း မုတ်သုန်လေအားအလွန့်အလွန်ကောင်းနိုင်ပြီး ထူကဲမိုးရေချိန်တွေရွာသွန်းနိုင်တဲ့ဒေသတွေကတော့
တနင်္သာရီတိုင်း မွန်ပြည်နယ် ကရင်ပြည်နယ် ရန်ကုန်တိုင်းပဲခူးတိုင်း ဧရာဝတီတိုင်း ရခိုင်ပြည်နယ်တောင်ပိုင်း ဒေသတွေဖြစ်ပါတယ်
ရေကြီးခြင်း ရေလွှမ်းနစ်မြုတ်ခြင်း တောင်ပြိုခြင်းစတဲ့အန္တရာယ်များရှိသဖြင့်
သက်နုတောင် ကုန်းစောင်း တောင်ကမ်းပါးယံနှင့် တောင်ခြေဒေသနေထိုင်ကြသူတွေ ချောင်းနီးမြစ်နီး ရေကြီးရေလွှမ်းနစ်မြုပ်နိုင်တဲ့နေရာနေထိုင်ကြသူတွေ အန္တရာယ်ရှိပါတယ်
ဘေးအန္တရာယ်ကင်းဝေအောင်ပြင်ဆင်နိုင်ကြစေရန်အတွက် ရက်ကြိုခန့်မှန်းပေးထားတာဖြစ်ပါတယ်
ယခုခန့်မှန်းချက်သည် ရက်ဝေးဖြစ်ပြီးရက်နီးလည်းပြောင်းလည်းနိုင်ခြင်းမရှိနိုင်ပါဘူး သဘာဝဘေးအန္တရာယ်ဖြစ်နိုင်တာဖြစ်လို့ အချိန်ပြည့်စောင့်ကြည့်ပြီး update forecast ခန့်မှန်းသတိပေးနေမှာဖြစ်ပါတယ်
issued time
14/08/2023 8:37am
Su Su San
Senior Meteorologist & Advanced Weather Forecaster
မိုးလေဝသခန့်မှန်းချက်များ၊ မိုးလေဝသသတင်းများ၊ မိုးလေဝသဆိုင်ရာ စိုက်ပျိုးရေးအကြံပြုချက်များနှင့် ဆောင်းပါးသစ်များ၊ စိုက်ပျိုးနည်းများ၊ ကာကွယ်နှိမ်နင်းနည်းများ အတွက် ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://bit.ly/htwettoev2