cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မိုးလေဝသနှင့်မွေးမြူ‌ရေးအကြံပြုချက်

. ရာသီဥတု သတင်းများ
ရန်ကုန်တိုင်းတွင် ယနေ့မှ စက်တင်ဘာ ၁၂ ရက်နေ့အထိ မိုးရွာနှုန်း ၉၀ ရာခိုင်နှုန်း ရှိပါသဖြင့် ငါးမွေးတောင်သူများ ငါးစာကျွေးရာတွင် အစားအစာ အလေအလွင့်မရှိစေရန် သတိရှိစေလိုပါသည်။ တိမ်ထူမိုးအုံ့နိုင်သောကြောင့် ပျော်ဝင်အောက်ဆီဂျင်ပမာဏကို စစ်ပေးဖို့လိုပါသည်။**
  • ရန်ကုန်တိုင်း

    ၁။ ကျောက်တန်းမြို့နယ်

    ယနေ့မှ စက်တင်ဘာ ၁၁ ရက်နေ့အထိ မိုးရွာရန် ၉၀ ကျော် ရှိပါတယ်။ ဆက်လက်ပြီး စက်တင်ဘာ ၁၁၊ ၁၃၊ ၁၄ ရက်တို့မှာလည်း မိုးရွာရန် ၈၀ ရှိပြီး ၁၂ ရက်နေ့မှာတော့ နေသာနိုင်ပါတယ်။

    ၂။ သန်လျင်မြို့နယ်

    ယနေ့မှ ၁၂ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ စက်တင်ဘာ ၁၃၊ ၁၄ ရက်တို့မှာတော့ မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

    ၃။ တွံတေးမြို့နယ်

    ယနေ့မှ ၁၂ ရက်နေ့အထိ မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။ စက်တင်ဘာ ၁၃၊ ၁၄ ရက်တို့မှာတော့ မိုးရွာရန် ၇၀ ရာခိုင်နှုန်းကျော် ရှိပါတယ်။

    မွေးမြူ‌ရေးအကြံပြုချက်

    ရန်ကုန်တိုင်းတွင် မိုးရွာရန် ရွာနှုန်းမြင့်နေပါသဖြင့် ငါးကန်များအတွင်း ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း ကျနိုင်ပါသည်။ ငါးကန် ရေအရောင်ပြောင်းလဲမှုများ ဖြစ်တတ်ပါသည်။ ဤအခြေအနေများတွင် ငါးများသည် ပုံမှန်ထက်လှုပ်ရှားမှုနှင့် အစာစားနှုန်းကျဆင်းလာနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ငါးများသည် သွေးအေးသတ္တဝါများ ဖြစ်တာနှင့်အညီ ပတ်ဝန်းကျင်ပြောင်းလဲမှုကို မခံနိုင်ကြပေ။ ထို့ကြောင့် မိုးရွာစဉ်၊ မိုးအုံ့စဉ်တွင် အစာများ အလေအလွှင့်မဖြစ်စေရန် ၃၀ ရာခိုင်နှုန်း လျော့ကျွေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ တကယ်၍ နေပြန်ပူလာချိန်တွင် ရေကန်သည် အစိမ်းရောင် မသမ်းပါက ရေသြဇာပြန်ကျွေးပေးရပါမည်။

    Source: CIAT


  • article
likes8comments0
views6897