cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးတွင်းကာလ ကန်‌ရေများတွင် ရေချဉ်ဖန်နှုံး ကျဆင်း‌စေတတ်သည်။ မိုးမရွာသောအချိန်တွင် ကန်ထဲသို့ ထုံးပက်ပေးနိုင်သည်။ ထုံးပက်ပြီး ၃ ရက်အကြာတွင် NPK မြေသြဇာကို နေပူချိန်မှာ ထည့်သွင်းပေးနိုင်ပါသည်။ ၇ ရက်ခန့်အကြာတွင် ရေသြဇာတက်လာပါလိမ့်မည်။
  • ၁။ လက်ပံတန်းမြို့နယ် 

    ယနေ့နှင့်တစ်ပတ်ခါရက်များမှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ မနက်ဖြန်မှ အောက်တိုဘာ ၁ရက်နေ့အထိ ၇၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် မိုးခပ်ပါးပါး ရွာသွန်းနိုင်ပါတယ်။ 

    ၂။မိုးညိုမြို့နယ် 

    ယနေ့မှစက်တင်ဘာ ၂၇ ရက်နေ့အထိ ၇၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် မိုးခပ်ပါးပါး ရွာသွန်းနိုင်ပါတယ်။  စက်တင်ဘာ ၂၈၊ ၂၉၊၃၀ ရက်တို့မှာတော့ ၄၀ ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး အောက်တိုဘာ ၁ ရက်နေ့မှာ ၇၀ရာခိုင်နှုန်းကျော် ရှိပါတယ်။

    ၃။သာယာဝတီမြို့နယ် 

    ယနေ့နှင့် တစ်ပတ်ခါရက်များမှာ မိုးရွာရန် ၄၀ ရာခိုင်နှုန်းသာ ရှိပါတယ်။ မနက်ဖြန်မှ အောက်တိုဘာ ၁ရက်နေ့အထိ ၇၀ ရာခိုင်နှုန်းကျော် ရှိပါသဖြင့် မိုးခပ်ပါးပါး ရွာသွန်းနိုင်ပါတယ်။ 

     ငါးကန်များအတွက်အကြံပြုချက်

    ငါးကန်များအတွင်း ကျရောက်သော မိုး‌ရေတွင် သဘာဝအညစ်အကြေးများ‌၊ အက်စစ်အနည်းငယ်ဆန်သော ကာဘွန်ဒိုင်‌အောက်ဆိုဒ်ဓာတ်ပါဝင်မှုကြောင့် မိုးတွင်းကာလ ကန်‌ရေများတွင် ရေချဉ်ဖန်နှုံး ကျဆင်း‌စေတတ်သည်။ မိုးရွာသွန်းထားမှုကြောင့် ရွှံ့တွေနှင့် ကန်ရေနောက်တတ်ပါသည်။ ထို့ကြောင့် မိုးမရွာသောအချိန်တွင် ကန်ထဲသို့ ထုံးပက်ပေးနိုင်သည်။ ထုံးပက်ပြီး ၃ ရက်အကြာတွင် NPK မြေသြဇာကို နေပူချိန်မှာ ထည့်သွင်းပေးနိုင်ပါသည်။ ၇ ရက်ခန့်အကြာတွင် ရေသြဇာတက်လာပါလိမ့်မည်။ ငါးစာတွေမှာ ဗီတာမင်လိုအပ်ပါသဖြင့် ဗီတာမင်စီကို ငါးစာတွင် ထည့်ကျွေးပေးရပါမည်။ ရေအပူချိန်၊ ရေချဉ်ဖန်နှုန်း တက်လာရန် ထုံးထည့်ပေးနိုင်သော်လည်း ပမာဏမများစေရန် သတိထားရပါမည်။ ရေအပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်ကျော်မှသာ ပုံမှန် နှုန်းထားပြန်ကျွေးရပါမည်။ မိုးအုံ့/တိမ်ထူထပ်နိုင်သောကြောင့် ထိုရက်များတွင် ငါးကန်များအတွင်းရှိ အပင်မျောလှေးများသည် အစာချက်နှုန်း ကျလာနိုင်ပါသဖြင့် ကန်အတွင်း ပျော်ဝင်အောက်ဆီဂျင်ပမာဏနည်းလာပါသည်။ ညဘက်တွင် လုံးဝကျဆင်းလာပြီး ငါးများ သေသည်အထိ ဖြစ်စေပါသည်။ လေဒဟတ် တပ်ဆင်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါသည်။

    Weather Source: CIAT 

     


  • article
likes10comments0
views7508