ဂေါ်ဖီထုတ်စိုက်ပျိုးနည်းစနစ်
၁။ သီးနှံအမည်
- ဂေါ်ဖီထုပ်
၂။ မြေအမျိုးအစား
- သဲနုန်းမြေ
၃။ မြေချဉ်ငံဓါတ်
- pH ( ၅.၅-၆.၅)
၄။ အပူချိန်
- ၄.၅ - ၂၄ º C
၅။ စိုက်ချိန်
- စက်တင်ဘာ၊အောက်တိုဘာ(မြေပြန့်)၊ မတ်၊ဧပြီ၊စက်တင်ဘာ၊ အောက်တိုဘာ (တောင်ပေါ်ဒေသ)
၆။ စိုက်စနစ်
- ဘောင်/ကျင်းစနစ်ဖြင့်စိုက်ပျိုးသည်။
၇။ မျိုးစေ့နှုန်း
- တစ်ဧက (၂၀၀) ဂရမ်
၈။ ပျိုးထောင်ခြင်း
- ပျိုးထောင်စိုက်ပျိုးခြင်း
၉။ မြေသြဇာနှုန်းထား
- တစ်ဧကနှုန်းထား
ယူရီးယား
- ၂၀၀ ကီလိုဂရမ်/ဧက
နိုက်တြိုဂျင် (N2)
-၃၂.၈၆ ကီလိုဂရမ်/ဧက
ဖော့စဖရပ် (P2O5)
- ၂၀.၀၉ ကီလိုဂရမ်/ဧက
ပိုတက်ရှ် (K2O)
- ၃၇.၅ ကီလိုဂရမ်/ဧက
ပဲဖတ်
- ၁၇.၈၆ကီလိုဂရမ်/ဧက
နွားချေး/ကြက်ချေး
- ၁၀-၁၂ တန်/ဧက
၁၀။ စိုက်ပျိုးခြင်း
- ပင်ကြား၊ တန်းကြား- ၂ပေ × ၂ပေ
- တစ်ဧကအပင်ဝင်ဆန့်သည့်အပင်ဦးရေ- ၁၀၈၉၀ပင်
၁၁။ အပင်ပြုစုစောင့်ရှောက်ခြင်း
- ဂေါ်ဖီထုပ် (သက်ကြီးမျိုး) ကြီးထွားမှုမြန်ဆန်ပါက အထုပ်ကွဲအက် တတ်သည်။ ကာကွယ်ရန်အပင်ကိုနဲ့ပေးရပါမည်။ ဆွတ်ခူးခါနီးတွင်ရေကို လျှော့လောင်းရန်လိုအပ်သည်။)
၁၂။ ရိတ်သိမ်းခြင်း
(က) အပင်သက်တမ်း - သက်လျင် (၉၀-၁၁၀) ရက်
- သက်လတ် (၁၁၀-၁၃၀)ရက်
- သက်ကြီး (၁၃၀-၁၅၀)ရက်
- အရွက်ကြီးများအောက်သို့ အနည်းငယ်လန်ကျပြီး အထပ်များမာကျစ်လျှင် ဆွတ်ခူးနိုင်ပါသည်။
Source: myanmarseedportal
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။
![likes](../heart.webp)
![comments](../comments.webp)
![views](../views.webp)