cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရေချိုပုစွန်ထုတ်ကြီး၏ ဂေဟဗေဒ

. ငါးမွေးမြူရေးဆောင်းပါးများ
ပုစွန်များသည် အစုံစားသတ္တ ဝါ (Omnivorous)ဖြစ်ပြီး၊ အစာမဝသည့်အခါတွင်လည်းကောင်း ၊ အစာအာဟာရမပြည့်ဝသည့် အခါတွင် လည်းကောင်း အရေခွံလဲခြင်းနှင့်ကြုံကြိုက်လျှင် အချင်းချင်းပြန်စားလေ့ရှိသည်။ အလင်းရောင်ကို ကြိုက် နှစ်သက်သော်လည်း တိုက်ရိုက်အလင်းရောင်ကို မကြိုက်နှစ်ပါ။
  • ရေချိုပုစွန်ထုတ်ကြီးမျိုးဖြစ်သော်လည်း မျိုးပွားရာသီတွင် ရေချိုရေငန်စပ်ရှိရာ မြစ်ဝကျွန်းပေါ်သို့ သွားရောက်၍ မျိုးပွားကြသည်။ ရေချိုပုစွန်ထုတ်ကြီး၏ သက်တမ်း ‌(၇)လမှ (၉)လအတွင်း အရွယ်ရောက် ပြီး မိတ်လိုက်ရန် ရှေးဦးစွာ အရည်ခွံလဲခြင်း ပြုလုပ်ရသည်။ မိတ်လိုက်ပြီး နာရီပိုင်းအတွင်း ဥများကို ညှစ် ထုတ်၍ (Brood Chamber) ဥလှောင်နေရာတွင် သိုလှောင်ထားရသည်။ ၄င်းဥများကို (၁၈)ရက်မှ(၂၁)ရက် ကြာသိုလှောင်ထားပြီး ဥစကပ်ချိန်တွင် လိမ္မော်ရောင်ဖြစ်ကာ လိမ္မော်ရင့်ရောင်သို့ ပြောင်းလာပြီး၊ ဥပေါက် ကာနီးအချိန်တွင် အညိုရင့်ရောင် ဖြစ်လာသည်။ အရွယ်ရောက် ဥဆောင်အမတစ်ကောင်လျှင် ဥ(၁၀၀၀၀)မှ (၅၀၀၀၀)အထိ ဥချတတ်ပြီး၊ အကောင်ကြီးများတွင် ဥ(၁၀၀၀၀၀)နီးပါး ဥချတတ်သည်။ ဥပေါက်ပြီး ဥများ ကုန်ရန် တစ်ရက်မှ နှစ်ရက်ကြာတတ်သည်။ ကိုယ်ခန္ဓာကြီးထွားစေရန် အရေခွံလဲခြင်း ပြုလုပ်ရပြီး၊ သား လောင်းဘဝမှ သားပေါက်ဘဝပြောင်းလဲရန် အရေခွံလဲနှုန်း မြင့်မားသည်။ သက်ကြီးကောင်ဘဝတွင် အရေ ခွံလဲနှုန်း နည်းပါးသည်။ သားလောင်းဘဝမှ သားပေါက်ဘဝသို့ ပြောင်းလဲရန် သားလောင်းမွေးကန် (Hatchery) အတွင်း ရက်(၃၀)မှ (၅၀)ရက်အထိ ကြာတတ်သည်။ ရေအခြေအနေ၊ အပူချိန်နှင့် အာဟာရပေါ်မူတည်ပြီး သားပေါက်မှု နှေးခြင်း ၊ မြန်ခြင်း ရှိတတ်သည်။

               သဘာဝတွင် အသက်ရှင်နှုန်းမှာ (၀.၁)ရာခိုင်နှုန်းသာရှိပြီး သားပေါက်ဖြစ်စတွင် ပျမ်းမျှ အလေးချိန် (၀.၀၁)ဂရမ်ရှိပြီး ပျမ်းမျှအရွယ်အစားမှာ (၀.၆) စင်တီမီတာအရွယ် ရှိပါသည်။ ပုစွန်များသည် အစုံစားသတ္တ ဝါ (Omnivorous)ဖြစ်ပြီး၊ အစာမဝသည့်အခါတွင်လည်းကောင်း ၊ အစာအာဟာရမပြည့်ဝသည့် အခါတွင် လည်းကောင်း အရေခွံလဲခြင်းနှင့်ကြုံကြိုက်လျှင် အချင်းချင်းပြန်စားလေ့ရှိသည်။ အလင်းရောင်ကို ကြိုက် နှစ်သက်သော်လည်း တိုက်ရိုက်အလင်းရောင်ကို မကြိုက်နှစ်ပါ။ အငန်နှုန်း ရုတ်တရက်ပြောင်းလဲမှုကို ခံနိုင် သော်လည်း အပင်ချိန်ရုတ်တရက်ပြောင်းလဲမှု   (Temperatuer Shock) လုံးဝခံနိုင်ခြေမရှိပါ။

    ဦးဆန်းအောင်

    ထွက်တိုး


  • article
likes6comments0
views2187