cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယသို့ မြန်မာ့ကွမ်းသီးခြောက် တန်ချိန် ၂၀၀ လစဉ်တင်ပို့ရန် သဘောတူညီမှုရရှိထား

. သတင်းစုံ
အိန္ဒိယနိုင်ငံက ကွမ်းသီးလိုအပ်ချက်များပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် ဝယ်ယူနေတာဖြစ်လို့ မြန်မာ့ကွမ်းသီးတွေ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
  • - မကြာမီ နှစ်ဖက်စာချုပ် ချုပ်ဆို၍ တင်ပို့မှု စတင်မည်

    ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

    အိန္ဒိယကုမ္ပဏီ Lax Corporation က မြန်မာနိုင်ငံကနေ ကွမ်းသီးခြောက်တန်ချိန် ရာနဲချီပြီး ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားတယ်လို့ မွန်ပြည်နယ်အခြေစိုက် ကွမ်းသီးစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသိုင်းအဝိုင်းကနေ သိရပါတယ်။

    နမူနာပုံစံတွေကို Lax Corporation ထံ ဇန်နဝါရီလကုန်ပိုင်းမှာ ပေးပို့ထားပြီး လက်ရှိမှာ တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။

    မြန်မာနိုင်ငံမှာ နှစ်စဉ်ကွမ်းသီတန်ချိန် ၂ သိန်း ၃ သောင်းခန့် ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုထက် များစွာပိုလျှံနေတဲ့ ကုန်ပစ္စည်းအမယ်လည်း ဖြစ်ပါတယ်။

    Lax Corporation ကို ပထမအသုတ်အနေနဲ့ ၁၇ တန်ကို ပေ ၂၀ ကွန်တိန်နာပုံး တစ်ပုံးနဲ့တင်ပို့ပြီး အရည်အသွေး၊ စံချိန်စံညွှန်းတွေ လက်ခံအတည်ပြုပြီးရင် တန်ချိန် ၂၀၀ လစဉ် ဝယ်ယူသွားဖို့နဲ့ ဆက်လက်ပြီး ပိုမိုများပြားစွာ ဝယ်ယူမယ်လို့ သဘောတူညီမှု ရရှိထားပါတယ်။

    လက်ရှိအခြေအနေမှာ တင်ပို့ဖို့အတွက် တင်ပို့မယ့်ပုံစံ၊ တင်ပို့ရမယ့်နေရာ၊ ဈေးနှုန်း၊ ငွေပေးချေမှုပုံစံတွေကို ဆွေးနွေးညှိနှိုင်းလျက်ရှိပြီး သဘောတူညီမှုရမယ်ဆိုရင် နှစ်ဖက်စာချုပ် ချုပ်ဆိုကာ စတင် တင်ပို့တော့မယ်လို့ မွန်ပြည်နယ်အသင်းဥက္ကဋ္ဌ ဦးအောင်နေလင်းက ပြောပါတယ်။

    အိန္ဒိယနိုင်ငံက ကွမ်းသီးလိုအပ်ချက်များပြီး တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်ကုန်တွေ ထုတ်လုပ်ဖို့အတွက် ဝယ်ယူနေတာဖြစ်လို့ မြန်မာ့ကွမ်းသီးတွေ တိုးမြှင့်တင်ပို့နိုင်ရေး၊ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

    ကွမ်းသီးကို တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်တို့မှာ အများဆုံးစိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှာ တန်ချိန် ၂၂၉၄၁၂.၄၇၂ တန် ထွက်ရှိခဲ့ပါတယ်။

    BETV Business မှ ကူးယူဖော်ပြအပ်ပါသည်။

    ----------------------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes11comments0
views2182