“မြန်မာ့မျိုးရင်း ခါချဥ်များ၏ ဂေဟစနစ်အတွက်အရေးပါပုံ” 🐜
အင်္ဂလိပ်အမည် - weaver ants / Green ant
သိပ္ပံအမည် - Oecophylla sp
မျိုးရင်း – Formicidae
ဒီနေ့ knowledge sharing လုပ်ပေးချင်တဲ့အကြောင်းအရာလေးကတော့ insect မျိုးစိတ် လေးတစ်မျိုး အကြောင်း ပဲဖြစ်ပါတယ်။ သူတို့မျိုးစိတ်က တော့ ကျွန်တော်တို့နေထိုင်ရာပတ်ဝန်းကျင်မှာ နေ့တိုင်းနီးပါးတွေ့မြင်နေကြဖြစ် ပြီး ကျွန်တော်တို့နဲ့လည်းရင်းနှီးပြီးသားဖြစ်တဲ့ ခါချဥ် / weaver ant လေးတွေအကြောင်းပဲဖြစ်ပါတယ်ဗျ။
ပထမဦးဆုံးအနေနဲ့ ခါချဥ် / weaver ants လေးတွေက arboreal habitats ဖြစ်ပါတယ် ၊ ဆိုလိုတာက သစ်ပင်ပေါ်မှာ ရှိတဲ့ သစ်ကိုင်း ၊ သစ်ခက် တွေကြားထဲမှာ အသိုက်ဆောက်ပြီးနေတတ်ကြပါတယ်။သူတို့ရဲ့အသိုက်ဆောက်တဲ့ နည်းစနစ်က အလွန်ပြောင်မြောက်လှတာကြောင့် ant enthusiasts ( ပုရွက်ဆိတ် ) ဝါသနာရှင်တွေကြားမှာ အလွန် ရေပန်းစားကြပါတယ်။
သူတို့ကအသိုက်ဆောက်ရင် silk (ပိုးချည်) တစ်မျိုးကိုသုံးပါတယ် ၊ ကျွန်တော်တို့ လူတွေ အသုံးပြုတဲ့ (super glue) လိုစေးကပ်လှပြီး ထိုပိုးချည်ကို သူတို့ရဲ့အရွယ်မရောက်သေးတဲ့ သားလောင်း လေးတွေ (larva) ကထုတ်လုပ်ပေးပါတယ်။ ခါချဥ်လုပ်သား (weaver ant) တွေက သားလောင်းလေးတွေက ထွက်တဲ့ပိုးချည်ကို ထုတ်ယူကာ သစ်ရွက်တစ်ရွက်နဲ့တစ်ရွက်ရဲ့အစွန်းလေးတွေကိုကပ်စေပြီး အလွန်ခိုင်ခံ့တောင့် တင်းတဲ့ အသိုက် ( nest ) ကိုတည်ဆောက်ကြပါတယ် ။
ပုရွက်ဆိတ်မျိုးစိတ်တစ်မျိုးအကြောင်းပြောမယ်ဆိုရင် သူတို့မျိုးစိတ်ကိုမွေးထုတ်ပေးခဲ့တဲ့ သူတို့ကို ဦးဆောင်တဲ့ ဘုရင်မ (queen) အကြောင်းကတော့ မပါမဖြစ်ပေါ့ဗျာ။ ခါချဥ်ဘုရင်မ (queen weaver ant) တွေကိုကျွန်တော်တို့ မြန်မာလိုကတော့ မယ်ညိုကောင် ဆိုပြီးခေါ်ကြပါတယ်။ သူတို့ကိုက်ပြီး formic acid နဲ့ ဖြန်းခံရရင် ပြင်းထန်စွာနာကျင်နိုင်ပါတယ်ဗျ။ခါချဥ်ဘုရင်မ ( queen weaver ant ) တွေမှာ Mated နဲ့ Unmated ဆိုပြီး 2 မျိုးရှိပါတယ်ဗျ။ ခါချဥ်ဘုရင်မ Mated ဆိုတာ မိတ်လိုက်ပြီးသား ဥလေးတွေဥပေးဖို့ နဲ့ သူ့ကိုယ်ပိုင် အုံ တည်ဆောက်နိုင်ဖို့အတွက် ready ဖြစ်နေတဲ့ ဘုရင်မကိုဆိုလိုပါတယ်ဗျ။ သူတို့ကများသောအားဖြင့် တောင်ပံတွေ မပါဝင်ကြပါဘူး။ Unmated ခါချဥ်ဘုရင်မတွေကတော့ မိတ်လိုက်ဖို့ ခါချဥ်အထီးတွေ (potential partner) တွေကို ရှာနေတဲ့ ဘုရင်မတွေကိုဆိုလိုပါတယ်။ သူတို့က တောင်ပံတွေပါရှိတတ်ကြပါတယ်ဗျ။ ဘုရင်မများသည် ပုံမှန် အားဖြင့် (၂၀-၂၅) မီလီမီတာရှည်ကြပြီး ပုံမှန်အားဖြင့် စိမ်းပြာရောင်ရှိသော်လည်း ၎င်းတို့ရဲ့နေရာဒေသပေါ် မူတည်ပြီး အရောင်သည် အစိမ်းရင့်ရောင်၊ အဝါရောင်၊ လိမ္မော်ရောင်နှင့် အညိုဖျော့အထိ ကွဲပြားနိုင်ကြပါတယ် ဗျ။ ပညာရှင်တွေရဲ့လေ့လာချက်အရ ပုရွက်ဆိတ်လောကမှာ (Monogynous) နဲ့ (Polygynous) ဆိုပြီး (၂) မျိုးရှိပါ တယ် ။ ( Monogynous ) ဆိုတာ ပုရွက်ဆိတ်အုံတစ်အုံမှာ အုပ်ချုပ်သူဘုရင်မ တစ်ကောင်တည်းရှိတာဖြစ်ပြီး၊ (Polygynous) ဆိုတာကတော့ အုပ်ချုပ်သူဘုရင်မ တစ်ကောင်ထက်မနည်း ပိုရှိတာဖြစ်ပါတယ်။ တစ်ခြားသော ပုရွက်ဆိတ်မျိုးစိတ်နဲ့မတူတဲ့အချက်က ခါချဥ်တွေက (Polygynous)ပါ။ ခါချဥ်အုံ တစ်အုံမှာ ဘုရင်မတစ်ကောင် ထက်မနည်းရှိနိုင်ပါတယ်ဗျ။ သူတို့က သူတို့ရဲ့ ခါချဥ်အုံကျန်းမာသန်စွမ်းပြီး သူတို့ရဲ့ လုပ်သားအရေအတွက် တိုးပွားဖို့အတွက် ပူးပေါင်းဆောင်ရွက်ကြပါတယ်။ Queen weaver ant တစ်ကောင်ဟာ တစ်နေ့ကို ဥအလုံးရေ ထောင်နဲ့ချီပြီးဥနိုင်ကြပါတယ်ဗျ။ အဲတော့ တစ်အုံမှာဘုရင်မ (၃) ကောင်လောက်ရှိရင် တစ်နေ့ကိုအနည်းဆုံး ဥအလုံးရေ (၅၀၀၀) လောက်နီးပါးဥပေးနိုင်ကြပါတယ်။ ပြီးတော့ ခါချဥ်ဘုရင်မတွေ ဘယ်လိုမွေးဖွားလာသလဲ ဆိုတာကို စိတ်ဝင်စားကြလိမ့်မယ်လိုထင်ပါတယ်။ သူတို့ကလည်း တခြားသောခါချဥ်တွေနဲ့နည်းတူ ဘုရင်မတစ် ကောင်ရဲ့ဥကနေပဲပေါက်ဖွားကြတာပါ။ ဒါပေမယ့် သူတို့က ( special reproductive egg) ကနေ မွေးဖွားလာကြ တာပါဗျ။ ထိုခါချဥ်ဘုရင်မ အသစ်တွေလေးတွေ ဥကနေပေါက်ပြီး အရွယ်ရောက်လာရင် တောင်ပံတွေဖွံ့ဖြိုးလာ တတ်ကြပြီး (nuptial flight) ဆိုတဲ့လုပ်ငန်းစဥ်တစ်ခုကိုကျော်ဖြတ်ရပါတယ်။ ထိုအချိန်အတွင်းမှာ ခါချဥ်ဘုရင်မ အသစ်တွေက သူတို့မွေးဖွားခဲ့တဲ့အုံကြီးကို စွန့်ခွာပြီး သူတို့ကိုယ်ပိုင်အုံ တည်ထောင်ဖို့ စတင်ထွက်ခွာသွားကြ ပါတယ်ဗျ။ နောက်ထပ်စိတ်ဝင်စားစရာအချက်ကတော့ အခြားသော ပုရွက်ဆိတ်များ ၊ ပျား ၊ ခြ မျိုးစိတ်များနဲ့ နီးတူ ခါချဥ်တွေမှာ (Hierarchy system) ရှိပါတယ်။ ဆိုလိုတာက ရာထူးအဆင့်ဆင့်ရှိတာပေါ့။ ရာထူးအကြီး ဆုံးကတော့ သူတို့ရဲ့ဘုရင်မတွေပေါ့ဗျာ။ ပြီးတော့ သူတို့ရဲ့ ခါချဥ်လုပ်သားတွေပေါ့။ အဲ့ခါချဥ်လုပ်သားတွေထဲကမှ တစ်ဆင့် ခန္ဓာကိုယ်အရွယ်အစား ၊ အသက်အရွယ်ပေါ်မူတည်ပြီး rank ( ရာထူး ) လေးတွေကွဲထွက်သွားပါတယ်။ ပြီးတော့လူသိပ်မသိသေးတဲ့ geeky remark လေးတစ်ခုမျှဝေပေးချင်ပါတယ်ဗျ။ ခါချဥ်လုပ်သားတွေအကုန်လုံးက အမတွေကြီးဖြစ်ပါတယ်ဗျ။ ဒါပေမယ့် သူတို့က ဘုရင်မလို ဥလေးတွေဥနိုင်တဲ့ စွမ်းရည်တော့မရှိကြပါဘူးဗျ။ ပြီးတော့သူတို့မှာတာဝန်အသီးသီးရှိကြပါတယ်။ခါချဥ်လုပ်သားအမတွေက အသိုက်ကိုစောင့်ရှောက်ခြင်း၊ သူတို့ရဲ့ next generation တွေဖြစ်တဲ့ သားလောင်းလေးတွေကို အစာကျွေးခြင်း အသိုက်ဆောက်တဲ့နေရာတွေကို တာဝန်ယူထားကြပါတယ်။ ခါချဥ်အထီးတွေကတော့ ခါချဥ်ဘုရင်မနဲ့ mating လုပ်ဖို့အတွက် တာဝန်ယူထားကြပါ တယ်။ ခါချဥ်ဘုရင်မတွေကတော့ သူတို့ရဲ့အသိုက်ကြီးထွားဖွံ့ဖြိုးလာအောင် ဥလေးတွေဥရတဲ့ တာဝန်ပေါ့ဗျာ။ ခါချဥ်လုပ်သားတွေမှာလည်း သူတို့ရဲ့ဘုရင်မတွေနဲ့နည်းတူ defense mechanisms တစ်မျိုးရှိပါတယ်ဗျ။ သူတို့ရဲ့ အနောက်က ဝမ်းဗိုက် (abdomen) အောက်မှာ glands တွေရှိပြီး ထို glands တွေကတစ်ဆင့် formic acid ကို ထုတ်လွှတ်နိုင်ကြပါတယ်။ ရန်စခံရတဲ့အချိန်တို့ သူတို့အုံကို တိုက်ခိုက်ခံရတဲ့အချိန်တို့မှာ အသုံးပြုတတ်ကြပြီး သူတို့ရဲ့ရန်သူတို့ပြန်လည်တုန့်ပြန်တတ်ကြပါတယ်ဗျ။
နောက်ဆုံးအနေနဲ့ ခါချဥ်တွေဟာ ကျွန်တော်တို့နေထိုင်ရာကမ္ဘာပေါ်မှာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်းများစွာက တည်းကနေထိုင်ကျက်စားနေခဲ့ကြကာ သူတို့ရဲ့ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေနေရင်း ဆင့်ကဲပြောင်းလဲလာခဲ့ ကြပြီး ဒီနေ့ခေတ်အခါအထိ တခြားသော အင်းဆက်မျိုးစိတ်များနှင့်တောင်သူလယ်သမားတွေကို ဒုက္ခပေး လွန်း တဲ့အပင်ဖျက်ပိုးတွေကို စားသုံးပေးကြခြင်းဖြင့် လူတွေကိုအကျိုးကျေးဇူးပေးရုံသာမက ဂေဟစနစ်ကိုပါ ဟန်ချက်ညီ အောင် တစ်စိတ်တစ်ပိုင်းကနေ ကူညီဆောင်ရွက်ပေးနေကြတဲ့ သူတို့ရဲ့စွမ်းရည်နဲ့ လုပ်ဆောင်ချက် တွေကို အသိအမှတ်ပြုရင်းနဲ့ပဲ ဆောင်းပါးလေးကို နိဂုံးချုပ်ချင်ပါတယ်ခင်ဗျ။
ရေးသားသူ - ခန့်စည်သူဟန်
✦✦✦✦✦✦✦✦✦✦✦✦
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။