မရမ်းသီး (Marian Plum) ရဲ့ ကျန်းမာရေးကောင်းကျိုးများ
- မရမ်းသီးပင်ဟာ အပူပိုင်းရော အပူလျော့ပိုင်းမှာပါ ပေါက်ရောက်နိုင်တဲ့ အပင်မျိုးဖြစ်ပါတယ်။ ရာသီဥတုအနေနဲ့ ပူအိုက်စိုစွတ်တဲ့ရာသီဥတုကို ကြိုက်နှစ်သက်ပြီး နေရောင်ခြည်အပြည့်အဝရရှိဖို့ လိုပါတယ်။ ရေထုတ်ရလွယ်ကူတဲ့မြေမှာ ကောင်းကောင်းဖြစ်ထွန်းပြီး မြေချဉ်ငန်နှုန်းအနေဖြင့် ၅.၅ မှ ၇ အကြားကြိုက်နှစ်သက်ပါတယ်။ မရမ်းသီးမှာ မျိုးကွဲတွေ အများကြီးရှိပါတယ်။ Manila Plum၊ Kari Plum၊ Kradum Plum၊ Gandaria Plum၊ Chocanan Plum၊ Chumporn Plum၊ Nangka Plumနဲ့ Seedless Marian Plum ဆိုပြီး အမျိုးမျိုးရှိပါတယ်။ ကျန်းမာရေးကောင်းကျိုး တွေအနေနဲ့ ကတော့ ကောင်းကျိုးများစွာရှိပါတယ်။ - ၁။ အာဟာရဓါတ်မျိုးစုံပါဝင်ခြင်း - မရမ်းသီးတွင် ဗိုက်တာမင်နှင့်သတ္တုဓါတ်များ များစွာပါဝင်ပါတယ်။ ဗိုက်တာမင်အေ၊ ဗိုက်တာမင်စီနဲ့ ဗိုက်တာမင် အီးတို့ အများဆုံးပါဝင်ပါတယ်။ အဆိုပါ ဗိုက်တာမင်တွေဟာ ခုခံအားစနစ်၊ အရေပြားနဲ့ မျက်လုံးကျန်းမာရေးအတွက် များစွာအထောက်အကူပြုပါတယ်။ ဒါအပြင် နှလုံးကျန်းမာရေး၊ အရိုးနဲ့ ကြွက်သားသန်မာစေတဲ့ ပိုတက်စီယမ်၊ ကယ်လ် စီယမ်နဲ့ မဂ္ဂနီစီယမ်ဓါတ်တွေလည်းပါဝင်ပါတယ်။ - ၂။ ဓါတ်တိုးဆန့်ကျင်ပစ္စည်းများ - မရမ်းသီးစားခြင်းဖြင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ အခြားအာရုံကြောချို့တဲ့မှုကို ဖြစ်စေတဲ့အရာတွေကို ချေဖျက်ပေးခြင်းဖြင့် ကာကွယ်ပေးပါတယ်။ - ၃။ အစာခြေအားကောင်းခြင်း - မရမ်းသီးတွင် အမျှင်ဓါတ်များပါဝင်တဲ့အတွက် အူလမ်းကြောင်းကျန်းမာရေးအတွက် အလွန်ကိုကောင်းပြီး အူမကြီးကင်ဆာကို ကာကွယ်ပေးပါတယ်။ - ၄။ ရေဓါတ်ဖြည့်ပေးခြင်း - မရမ်းသီးတွင် ရေဓါတ်များစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်အပူချိန်ကို ချိန်ညှိရာမှာ အထောက်အကူပြုပါတယ်။ - ၅။ ခန္ဓာကိုယ်ရောင်ရမ်းခြင်းအား လျော့ကျစေခြင်း - မရမ်းသီးမှာ ပါဝင်တဲ့ polyphenols နဲ့ flavonoids ဓါတ်တွေဟာ ခန္ဓာကိုယ်ရောင်ယမ်းမှုကို သက်သာစေပြီး အဆစ်မြစ်ရောဂါများကိုလည်း သက်သာစေပါတယ်။ - ၆။ ကိုယ်အလေးချိန်လျော့ကျစေခြင်း - အသီးတွင်ပါဝင်တဲ့အမျှင်ဓါတ်ဟာ ခန္ဓာကိုယ်အလေးချိန်တက်တာကို လျော့ကျစေပါတယ်။ - ၇။ အသားအရေကောင်းစေခြင်း - မရမ်းသီးမှာပါဝင်တဲ့ ဗိုက်တာမင်စီနဲ့ အခြားဓါတ်တိုးဆန့်ကျင်ပစ္စည်းများတွေဟာ အသားအရေကို ကောင်းမွန်စေပြီး ကော်လဂျင်ထုတ်လုပ်မှုကိုလည်း မြှင့်တင်ပေးပြီး ခရမ်းလွန်ရောင်ခြည်ကျရောက်မှုနဲ့ အညစ်အကြေးများကိုလည်း သန့်စင်ပေးပါတယ်။ - ၈။ ခုခံအားကောင်းစေခြင်း - မရမ်းသီးမှာတွေ့ရတဲ့ ဗိုက်တာမင်စီဟာ ခန္ဓာကိုယ်မှာရှိတဲ့ သွေးဖြူဥတွေကို အထောက်အကူပြုတဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ရာမှာ အထောက်အကူပြုပါတယ်။ ဒါကြောင့်မို့ အအေးမိဖျားနာခြင်းနဲ့ တုပ်ကွေးအဖျားတွေကို ခံနိုင်ရည်မြင့်စေပါတယ်။ - ၉။ အရိုးအားကောင်းစေခြင်း - အသီးမှာပါဝင်တဲ့ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဖော့စဖောရပ်ဓါတ်တွေဟာ အရိုးကျန်းမာရေးကို အားကောင်း စေပြီး အသက်အရွယ်ကြီးချိန်ဖြစ်တက်သည့် အရိုးပွရောဂါတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ - ၁၀။ မျက်စိအားကောင်းစေခြင်း - အသီးမှာပါဝင်တဲ့ ဗိုက်တာမင်အေဟာ မျက်လုံးကျန်းမာရေးအတွက် အထောက်အကူပြုပြီး အသက်အရွယ် ကြီးရင့်ချိန် ကြွက်သားအားနည်းခြင်း၊ မျက်စိတိမ်ကျခြင်းအတွက် ကာကွယ်ပေးပါတယ်။ - ၁၁။ ဆီးချိုရောဂါကာကွယ်ပေးခြင်း - မရမ်းသီးတွင်ပါဝင်တဲ့ဓါတ်တွေဟာ ခန္ဓာကိုယ်တွင်း သကြားဓါတ်ကို ထိန်းညှိပေးတဲ့အတွက် ဆီးချိုသမား များအတွက် အထူးသင့်တော်ပါတယ်။ - ၁၂။ ဘက်တီးရီးယားနဲ့ မှိုပေါက်ဖွားမှုကို ရပ်တန့်စေခြင်း - မရမ်းသီးတွင် ပါဝင်တဲ့ပစ္စည်းတွေဟာ ဘက်တီးရီးယားနဲ့ မှိုတွေပေါက်ဖွားမှုကိုရပ်တံ့စေတဲ့အတွက် ခံတွင်း သန့်ရှင်းရေးကို အထောက်အကူပြုပါတယ်။ - ၁၃။ ကင်ဆာဆဲလ်တွေကိုတိုက်ထုတ်ပေးခြင်း - မရမ်းသီးရဲ့ အရွက်နဲ့ အသီးတွေဟာ ကင်ဆာဆဲလ်တွေကို တိုက်ထုတ်ပေးပါတယ်။ ဆန့်ကျင်ဓါတ်တိုး ပစ္စည်းတွေနဲ့ ရောင်ရမ်းတာတွေကို သက်သာစေတဲ့ အသီးထဲမှာပါတဲ့ဓါတ်တွေဟာ ကင်ဆာကို တိုက်ထုတ်ပေးပါတယ်။ - ၁၄။ အသည်းကျန်းမာရေးကို အထောက်အကူပြုခြင်း - အသီးထဲမှာပါဝင်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာ အသည်းကျန်းမာရေးကို ကောင်းစေပါတယ်။ - ၁၅။ သွေးအားစနစ်ကောင်းမွန်စေခြင်း - မရမ်းသီးစားခြင်းဟာ နှလုံးကျန်းမာရေးကိုကောင်းစေသလို သွေးကြောစနစ်တွေကိုလည်း ကောင်းမွန်စေပါ တယ်။ တစ်ချိန်တည်းမှာ သွေးပေါင်ချိန်တက်တာကိုလည်း လျော့ကျစေပါတယ်။ - ၁၆။ အိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးခြင်းး - ဗိုက်တာမင်စီနဲ့ ပိုလီဖီနောလိုဓါတ်တွေဟာ အသက်အရွယ်အရ အိုမင်းရင့်ရော်နှုန်းကို နှေးစေပါတယ်။ အသား အရေကိုလှစေသလို အသက်အရွယ်အလိုက်ဖြစ်တက်တဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ်။ - ၁၇။ သွေးပေါင်ကျစေခြင်း - မရမ်းသီးစားခြင်းဟာ သွေးပေါင်ချိန်တက်ခြင်းကို ကုသတဲ့နေရာမှာ သုံးပါတယ်။ - ၁၈။ ဒဏ်ရာကျက်လွယ်စေခြင်း - မရမ်းပင်ရဲ့အရွက်ဟာ ဒဏ်ရာတွေကို ကျက်လွယ်စေပြီး အရေပြားကောင်းမွန်ဖို့အတွက်လည်း သုံးပါတယ်။ - ၁၉။ အပင်ထွက်ဆေးများပါဝင်ခြင်း - မရမ်းသီးတွင် tannin၊ saponin နှင့် terpenoid ကဲ့သို့သောဓါတ်များပါဝင်ပြီးယင်းဓါတ်များသည် ကျန်းမာရေးအတွက်လွန်စွာအထောက်အကူပြုပါတယ်။ - ၂၀။ အစာခြေစနစ်ကောင်းမွန်စေခြင်း - မရမ်းသီးကို အစာအိမ်ဆိုင်ရာ ရောဂါများကို သက်သာစေရန်အတွက် တိုင်းရင်းဆေးအနေဖြင့် သုံးကြပါတယ်။ - ၂၁။ အားအင်ပြည့်ဖြိုးစေခြင်း - မရမ်းသီးမှာ သဘာဝကပေးတဲ့ သကြားဓါတ်ပါဝင်တဲ့အတွက်ကြောင့် အားကစားသမားတွေအတွက် သင့်တော်ပြီး အားအင်ပြည့်ဖြိုးစေပါတယ်။ - ၂၂။ စိတ်ဖိစီးမှုလျှော့ချပေးခြင်းး - မရမ်းသီးစားခြင်းက ခန္ဓာကိုယ်နဲ့ စိတ်ကို တည်ငြိမ်လန်းဆန်းစေပြီး စိုးရိမ်ကြောင့်ကြမှုများကိုလည်း လျော့ကျစေပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။ - Source: Health benefits of Marian plum (healthbenefitstimes.com) 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
