တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် ( ရန်ကုန်တိုင်းဒေသကြီး)
ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့မှ (၁၄) ရက် နေ့အထိ တစ်ပတ်တာခန့်မှန်းချက်အနေဖြင့် မိုးရွာရန်(၁၀)ရာခိုင်နှုန်းအောက်သာရှိပါကြောင်း သတင်းပါးလိုပါ တယ် ခင်ဗျာ။
စိုက်ပျိုးရေးအကြံပြုချက်
စပါးလှေးပိုးဖျက်ဆီးမှု လက္ခဏာများ
- စပါးရွက်များ လိပ်နေလျှင် လှေးပိုးကျရောက်မှုလက္ခဏာ ဖြစ်နိုင်ပါသည်။ လှေးပိုးကျရောက်မှုကို သိရှိနိုင်ရန် လိပ်နေသော အရွက်များအတွင်း လှေးပိုးရှိမရှိ စစ်ဆေးပါ။
- နို့နှစ်ရောင် ဥများကို စပါးရွက် မျက်နှာပြင်ပေါ်တွင် ရှိ မရှိစစ်ဆေးပါ။ လှေးပိုးဖျက်ဆီးမှုဒဏ် ခံရပါက ရိုးတံများသည် ဖြူဖျော့လာကာ ရွက်ပြားများမှာ အဝါရောင်ဖြစ်လာတတ်ပါသည်။
မိုးစပါးတွင် ကျရောက်တတ်သော လှေးပိုး ကာကွယ်နှိမ်နှင်းနည်းများ
- လှေးပိုးအား နှိမ်နှင်းရန် စပါးခင်းအား ၂ရက်ခန့် ရေလွှမ်းပေးပါ။
- လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ရေနေကြမ်းပိုး၊ နဂျီ စသည်တို့သည် လှေးပိုးများအား တိုက်ဖျက် စားသုံး သော မိတ်ဆွေပိုးများဖြစ်ပါသည်။
- ရွေ့ပြောင်း စိုက်ပျိုးပြီး ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ် ပုံမှန် စစ်ဆေးပါ။
- လှေးပိုးကျရောက်ဖျက်ဆီးမှုကို ခန့်မှန်းနိုင်ရန်အတွက် ရေစိုလက်ဖြင့် စပါးပင်၏ထိပ်ဖျားတွေကို ထိကြည့်သည့်အခါ လက်မှာ လှေးပိုးများတွေ့ရှိရပါက နှိမ်နင်းဖို့ လိုအပ်ပါမည်။
- ပြာများ ပက်ကြဲပေးပါ။
- စပါးပင်များအား လှေးပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများအား အသုံးပြုနိုင်ပါသည်။
၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဖီပရိုနေးလ် ၅% အက်စ်စီ၊ စားပွဲတင်ဇွန်း (၂-၈) ဇွန်း
၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အာဘာမက်တင်း ၁.၈% အီးစီ၊ စားပွဲတင်ဇွန်း (ဇွန်းဝက်-၁ဇွန်းခွဲ)
၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အဆီတာမီပရစ် + လမ်ဒါဆိုင်ဟေလိုသရင် (၅%) ဒဗလျူပီ၊ စားပွဲတင်ဇွန်း (၄-၅) ဇွန်း
၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ဆိုက်ပါမီသရင် စားပွဲတင်ဇွန်း (၄-၆ ) ဇွန်း
၅။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာတက်ဟိုက်ဒရို ကလိုရိုက် (၉၅%)အက်စ်စီ စားပွဲတင် ဇွန်း ( ၂-၄) ဇွန်း
သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ မှိုသတ်ဆေးထုတ်များတွင် ပါရှိသည့် အညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။
- ရာသီဥတုပူလာသဖြင့် အပူချိန်ရုတ်တရက်ပြောင်းလဲသွားခြင်း(Shock)မဖြစ်စေရန် ဂရုပြုရန်၊
- ငါးရောဂါများ (ဥပမာ- ငါးအနီစက်ရောဂါ)ကျနိုင်သဖြင့် ဂရုစိုက်ရန်၊
- ငါးသားဖောက်ကန်များ အစာကို အလေးထားကျွေးရန်၊
- ရေချဉ်ဖန်နှုန်းစစ်ဆေးပေးရန်၊
- အမိုးနီးယားပမာဏကို စစ်ဆေးပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။