Black Ginger (ခေါ်) ဂျင်းနက် သြဂဲနစ်စိုက်ပျိုးနည်း
မြန်မာအမည် - ဂျင်းနက်
အင်္ဂလိပ်အမည် - Black Ginger
မျိုးရင်း – Zingiberaceae
ရုက္ခဗေဒအမည် – 𝐾𝑎𝑒𝑚𝑝𝑓𝑒𝑟𝑖𝑎 𝑝𝑎𝑟𝑣𝑖𝑓𝑙𝑜𝑟𝑎 Wall.ex Baker
*မျိုး*
ဂျင်းနက်စိုက်ပျိုးရာတွင်မျိုးရွေးချယ်ခြင်းသည် အဓိကထည့်သွင်းစဥ်းစားရမည့်အချက်တချက်ဖြစ်ပေသည်ကျန်းမာသန်စွမ်းသည့်ဂျင်းနက်(tubers)များကို စနစ်တကျရွေးထုတ်ပြီး မစိုက်ခင် အညောက်ပေါက်အောင် အစိုဓါတ်ပေးပြီး အညောက်စပေါက်လာသော အတတ်များကိုစိုက်ပျိုးပါက အပင်ပေါက်ကောင်းပြီး ညီညာသောစိုက်ခင်းကို တွေ့ရပေမည်။
*မြေရွေးချယ်ခြင်း*
စိုက်ပျိုးနိုင်သောမြေအမျိုးအစားများသည် ရေဝပ်သောဒေသရှိမြေမဟုတ်ပါက မည်သည့်မြေအမျိုးအစားတွင်မဆို စိုက်ပျိုးနိုင်ပေသည်။ သြဂဲနစ်ဓါတ်ကြွင်းပါဝင်မှုများပြီး မြေမွသောနေရာများတွင်အကောင်းဆုံးဖြစ်ထွန်းနိုင်ပါသည်။ မိမိစိုက်ပျိုးမည့်မြေနေရာရှိမြေမကောင်းပါကစပါးခွံမီးသွေး (သို့) စူပါအီးအမ်ဘိုကာရှီ တီမြေဆွေးများကို ထည့်သွင်းစိုက်ပျိုးပါက မည်သို့သောမြေအမျိုးအစားတွင်မဆို အထွက်နှုန်းကောင်းစွာထွက်အောင်စိုက်ပျိုးထုတ်လုပ်နိုင်ပါသည်။ မြေပြန့်နှင့်တောင်ပေါ်မရွေးစိုက်ပျိုးဖြစ်ထွန်းနိုင်သောသီးနှံတစ်မျိုးဖြစ်ပေသည်။ ရှမ်းပြည် နှင့် ချင်းပြည်နယ်များတွင်စီးပွားဖြစ်အောင်မြင်ဖြစ်ထွန်းသောကြောင့်များစွာစိုက်ပျိုးနေကြပါသည်။
*စိုက်ပျိုးခြင်း*
ဂျင်းနက်ကို ပင်ကြား-တန်းကြား ၁.၅ ပေပတ်လည်အကွာ အတန်းလိုက် ဘောင်ဖြင့်စိုက်ပျိုးပါက ရေဝပသောမြေများတွင်ပိုမိုသင့်တော်ပြီး အစာကွေးခြင်းပေါင်းင်သင်ခြင်းများကို ပိုအဆင်ပြေစွာဆောင်ရွက်နိုင်ပါသည်။ ဂျင်းနက်(ခ) ချင်းနက်ဟာ အအေးပိုင်းသာမက အပူပိုင်းမှာပါ စိုက်ပျိုးလို့ရတဲ့ မျိုးစိတ်တစ်ခုဖြစ်ပါတယ်။ရေ၀ပ်တာကို မနှစ်သက်သောဆေးဖက်ဝင်သီးနှံဖြစ်သော်လည်း မိုးများသောဒေသများ ရန်ကုန် ဧရာ၀တီ စသည့်ဒေသများတွင်လည်းက ခံနိုင်ရည်ကောင်းကောင်းရှိပြီး ကောင်းစွာစိုက်ပျိုးနိုင်ပေသည်။ သီးနှံသစ်တောရောနှောပုံစံစိုက်ပျိုးနည်း ( Agrobase-Foresty) စနစ်အဖြစ် သရက် ကျွဲကော ပိန္နဲ ဒူးရင်း ထောပတ် သံပုရာ ကော်ဖီ စတဲ့ နှစ်ရှည်ပင်တွေအကြားများတွင် သီးညှပ်အနေနဲ့ စိုက်ပျိုးလို့ရနိုင်သောကြောင့် ၀င်ငွေမြန်သေားသီးနှံတစ်မျိုးဖြစ်ပေသည်။မိုးကောင်းစွာမရွာခင်ကြိုတင် စိုက်ပျိုးပါက အစိုဓါတ်ကောင်းစွာရရှိနိုင်န်အတွက် စပါးခွံ(သို့) ကောက်ရိုးခြောက်ပါးပါးဖုံးထားပေးပြီးရေကို ပုံမှန်ပေးနိုင်ရပါမည်။သဘာဝနနွင်းနဲ့ ဂျင်း စိုက်ပျိုးဖြစ်ထွန်းတဲ့ နေရာတိုင်းမှာ လဲ ဖြစ်ထွန်းအောင်မြင်နိုင်ပါသည်။ ဂျင်းနက်များကို ပုံမှန်အားဖြင့် မေ (သို့) ဇွန်လမှာ စတင်စိုက်ပျိုးနိုင်ပြီး ၈လ ၉လ ခန့်အကြာမှာ ရိတ်သိမ်းနိုင်ပါတယ်။
*ဂျင်းနက်အထွက်နှုန်း*
တစ်ဧကအတွက် ဥအတက်ပိဿာ ၁၀၀ ခန့်လိုအပ်ပြီး စိုက်ပျိုးပိဿာ၏ ၅ဆ မှ ၁၀ဆ ခန့်အထိ ထွက်ရှိနိုင်ပြီး စိုက်ပျိုးသူအများစုသည် ၆ဆမှ၇ဆ အထိကောင်းစွာထွက်ရှိကြပါသည်။ စိုက်ပျိုးသောမြေအမျိုးအစားပေါ်မှုတည်၍ အထွက်နှုန်းများမှာအမျိုးမျိုးထွက်ရှိနိုင်ပေသည်။သတိပြုရန်မှာရေကြာရှည်မဝပ်စေရန်အထူးဂရုစိုက်ရပေမည်။
*မြေသြဇာအသုံးပြုခြင်း*
လူတို့၏ ဆေးဝါးများ၊ အစားအသောက်များ၊ ကျန်းမာရေးအသုံးအဆောင်များအဖြစ် ထုတ်လုပ်မည်ဆေးဘက်ဝင်သီးနှံဖြစ်သည့်အတွက် ဓာတုမြေသြဇာများ၊ ပိုးသတ်ဆေး ပေါင်းသတ်ဆေးများ အသုံးမပြုပဲ EM ၅ ပိုးနှင်ဆေး, စူပါအီးအမ်ဘိုကာရှီ, တီမြေသြဇာ #vermicompost , တီကျက်ရည် #Vermitea ,ငါးအမိုင်နို, #သီးနှံအချဥ်ဖောက်ရည်, နှမ်းဖတ်နွားချေးစိမ်ရည်စသည့် သဘာ၀သြဂဲနစ်နည်းလမ်းများကိုအသုံးပြုထုတ်လုပ်ခြင်းဖြင့်အထွက်နှုန်းကိုေကာင်းစွာရရှိနိုင်ပါသည်။ငါးအမိုင်နိုကိုအသုံးပြုပါကရေ၁ဂါလံလျင် ငါးအမိုင်နို ၁၀စီစီမှ ၃၀စီစီခန့်ထက်လုံး၀ပိုပြီးအသုံးမပြုရပေ အချိုးအစားများပါကအပင်များလောင်ကျွမ်းပြီးအပင်သေစေနိုင်ပါသည်။ သဘာသြဂဲနစ်မြေဆွေးများနှင့်သဘာဝသစ်ရွက်ဆွေးများကိုလည်း အသုံးပြုနိုင်ပြီး အပင်ကြီးထွားစဥ်ကာလတလျောက်လုံးEM ၅ ပိုးနှင်ဆေး, စူပါအီးအမ်ဘိုကာရှီ, တီမြေသြဇာ #vermicompost , တီကျက်ရည် #Vermitea ,ငါးအမိုင်နို, #သီးနှံအချဥ်ဖောက်ရည်, နှမ်းဖတ်နွားချေးစိမ်ရည်များကို ၂ပတ်တစ်ကြိမ်အသုံးပြုပေးရပေမည်။
Htet Zaw Htun - Organic Farming Coach
----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။