cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (ပဲခူးတိုင်းဒေသကြီး)

. ရာသီဥတု သတင်းများ
ပဲခူးတိုင်း
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ်

    ပဲခူးတိုင်းဒေသကြီးရှိ ဖော်ပြပါ မြို့နယ်များတွင် ၂ဝ၂၄ ခုနှစ်၊ မေလ (၆) ရက်နေ့မှ (၁၂) ရက် နေ့အထိ တစ်ပတ်တာ ခန့်မှန်းချက်အနေဖြင့် မိုးရွာရန် (၁ဝ)ရာခိုင်နှုန်းအောက်သာရှိပါကြောင်း သတင်းပါး လိုပါတယ် ခင်ဗျာ။

    စပါးဆစ်ပိုး အဖျက်မျိုးကို ထိထိရောက်ရောက် ကာကွယ်နည်းများ

    ----------------------------------------

    - အပင်ပေါက်အရွယ်ကစလို့ အပင်ကြီးဖြစ်တဲ့အထိ အပင်ရဲ့ကြီးထွားမှု အဆင့်တိုင်းမှာ နွေစပါးခင်းကို ဖျက်ဆီးတတ်ပါတယ်။

    ဖျက်ဆီးမှု လက္ခဏာများ

    - ဖလံကောင်အဆင့်မှာ အဝါရောင်ရှိပြီးတော့ အတောင်တွေမှာ အမဲစက်များရှိပါတယ်။

    - လောက်ကောင်အဆင့်မှာ ပင်စည်ထဲမှာ တွေ့ရတတ်ပြီး ပင်စည်ကို စားသောက်ဖျက်ဆီးတတ်တယ်။

    - ပင်ပိုင်းကြီးထွားတဲ့ အဆင့် မှာဆို ပိုးကျနေတဲ့အပင်ဟာ ဆွဲနူတ်မယ်ဆိုရင် အရင်းကနေ အလွယ်တကူ ပြတ်သွားတတ်ပါတယ်။ ဒါကို အလယ်အူတိုင် ပုပ်ခြင်း (အူပုပ်ရောဂါ) လို့ ခေါ်ပါတယ်။

    - နောက်ဆုံးမှာ စပါးနှံသည် အစေ့အဆန် မတည်နိုင်ပဲ အနှံဖြူနေခြင်းကို တွေ့ရပါသည်။ ဆစ်ပိုးအမ အကောင်ကြီးအဆင့် လောက်ကောင်အဆင့်

    မိုးစပါးတွင် ကျရောက်တတ်သော စပါးဆစ်ပိုးကို နှိမ်နင်းခြင်းမိုးစပါးခင်းကို စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ အောက်မှာ ဖေါ်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာသင့်ပါတယ်။

    - စပါးဆစ်ပိုးဒဏ်ကို ခံနိုင်ရည်ရှိတဲ့ “ဧရာမင်း” လို စပါးမျိုးကို ရွေးချယ် စိုက်ပျိုးသင့်ပါတယ်။

    - ပျိုးပင်အဆင့်နဲ့ ရွေ့ပြောင်း စိုက်ပျိုးဆဲ အဆင့်တွေမှာ ပိုးကောင်ရဲ့ ဥတွေကို ဖယ်ရှား ဖျက်ဆီးဖို့ အရွက်ထိပ်တွေကို ဖြတ်ပစ်ပါ။

    - နိုက်ထရိုဂျင် ပါဝင်တဲ့ ဓာတ်မြေသြဇာတွေ အလွန်အကျွံ သုံးစွဲတာကို ရှောင်ကြဉ်ပါ။

    - တမာကြိတ်ဖတ် ကို တစ်ဧကလျင် ၄၂ မှ ၅၀ ဂရမ် သုံးစွဲပေးပါ။

    - တစ်ဧကလျင် မီးထောင်ခြောက် ၂ ခုစီ ထားပေးပါ။

    - တတ်နိုင်သလောက် ဘေးပတ်ဝန်းကျင်က စပါးကွင်းများနှင့် ညီအောင် အချိန်ကိုက် စိုက်ပျိုးပေးပါ။

    - ပင်ပွားစည်းချိန်နှင့် ဖုံးတုံးလုံးတုံး အချိန်တွင် ထရိုက်ဂို ဂရားမား နဂျီကို စိုက်ခင်းထဲသို့ လွှတ်ပေးရမည်။ နဂျီဥကတ် (၁) ကတ်တွင် နဂျီကောင်ပေါင်း (၁၀၀၀) ပါသည်။ စပါးခင်း တစ်ဧကတွင် နဂျီဥကတ်ပေါင်း (၄၀)ကို (၃) ကြိမ်လွှတ်ပေးရမည်။ ( မိမိတို့ ဒေသရှိ နီးစပ်ရာ စိုက်ပျိုးရေး ရုံးများတွင် နဂျီဥကတ်ကို စုံစမ်း မေးမြန်းနိုင်သည်)

    - စပါးဆစ်ပိုးရန်က ကာကွယ်ဖို့ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်တဲ့ ပိုးသတ်ဆေးတွေကို အကြံပြု တိုက်တွန်းထားပါတယ်။

    - ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ကာတက် (၉၅%) (Cartap 95% SP)၊ စားပွဲတင်ဇွန်း( ၃ )ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊

    -ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကလိုရမ် ထရန်နီလီပိုး+ သိုင်ရာမီသိုဇမ် (Chlorantraniliprole+Thiamethoxam 40%WG ) (၃) ဂရမ် အထုပ်သေးတစ်ထုပ်ကို အသုံးပြုပေးပါ။

    - တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ (သို့မဟုတ်) ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် ဖလူဗန်ဒိုင်ရာမိုက် (Flubendiamide 240% WG )၊ စားပွဲတင်ဇွန်း(ဇွန်းဝက်-၁)ဇွန်း၊

    - တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ (သို့မဟုတ်) ကာဗွန်ဖျုရမ် (Carbofuran) တစ်ဧကလျှင် (၅) ကီလိုဂရမ် (သို့မဟုတ်) ကာတက် ဟိုက်ဒရို ကလိုရိုက် ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံး တစ်ပုံးလျှင် စားပွဲတင်ဇွန်း(၂-၄)ဇွန်း၊ တစ်ဧကလျှင် ဆေးဖျန်းပုံး (၄-၅) ပုံး၊ အသုံးပြုနိုင်သည်။ ဒါမှမဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်တဲ့ ပိုးသတ်ဆေးထုတ်များမှာ ပါရှိတဲ့ မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါတယ်။ (မြန်မာစာ ဆေးညွှန်းကို သေချာစွာ ဖတ်ရှုပြီး လိုက်နာ ဆောင်ရွက်ပေးပါ)

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။

    ငါးကြီးမွေး ငါးကန်များအတွက် အကြံပြုချက်

    • ကန်အတွင်း ရေအပူချိန်ကို လျော့ချပေးရန်၊
    • ကန်အတွင်း ငါးများပြွတ်သိပ်နေမှုကိုလျော့ချရန် partial-harvest တစ်ဝက်တစ်ပျက် ကန်ဖော်ြခင်းကို ဆောင်ရွက်ရန်၊
    • အကယ်၍ ရေလွယ်ကူပါက ကန်အတွင်း ရေထည့်ပေးရန်၊
    • ငါးများ stress အပူဒဏ်ဖိစီးမှုများမဖြစ်စေရန် ရေအပူချိန်ကျအောင် ဖန်တီးပေးရန်၊

    Nursery မျိုးငါးကန်များအတွက် အကြံပြုချက်

    • ကန်အတွင်းရေကို အနိမ့်ဆုံး ၃ ပေခွဲအထိ ထားပေးရန်၊
    • ရေဖြန်းစနစ်ကို သုံးပေးရန်၊
    • အစာကို တက်နိုင်သမျှလျော့ချပေးရန်၊
    • ကန်၏ ဧရိယာ တစ်ဝက်ခန့်ကို အရိပ်ရအောင် ဆောင်ရွက်ပေးရန်၊
    • ရေဩဇာအရမ်းတက်နေပါက (ရေအစိမ်းရင့်ရောင်)ဖြစ်နေပါက အပေါ်ရေကို ၆ လက်မ လျော့ပြီး ရေပြန် သွင်းရန် တနည်းအားဖြင့် ရေကို အစိမ်းနုရောင်ဖြစ်အောင် ဖန်တီးပေးရန်၊

    Weather Source: CIAT

    ------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes9comments0
views2251