cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၁၃.၅.၂၀၂၄ မှ ၁၇.၅.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။
  • ပဲစဥ်းငုံနီ

    ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးပြန်မြင့်တက်လာပါတယ်။ ငွေလဲလှယ်နှုန်း မြင့်တက်လာမှု နဲ့ အတူ ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။ တစ်ပတ်အတွင်း အတက်အကျတွေ တည်ငြိမ်မှု မရှိ တဲ့အတွက် အရောင်းအဝယ်ကတော့ အေးနေတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

    အိန္ဒိယနိုင်ငံမှာတော့ ၂ ပတ်နီးပါး ဈေးမဖွင့်ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးဖွင့်ပါတယ်။ ရွေးကောက်ပွဲ အခြေအနေကြောင့် ပဲစင်းငုံနီ လှောင်လက်တွေကို တင်းကြပ်စွာ စစ်ဆေးနေတာတွေကြောင့် ဈေးကွက် အတွင်း အေးနေတယ်လို့ အိန္ဒိယသတင်းတွေမှာ ဖော်ပြထားပါတယ်။

    အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၁၁၀၀ ရှိနေပါတယ်။ ပြည်တွင်း ပဲစင်းငုံနီ FOB ဈေးကတော့ တစ်တန်ကို ဒေါ်လာ ၁၃၀၀ မှ ၁၃၂၀ ရှိပြီး ၂၀ ဒေါ်လာ ဈေးမြင့်တက်လာပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၂၅၀၀၀၀ ကျပ် ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ် သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၆၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ပြည်တွင်း ငွေကြေးဖောင်းပွ မှု အခြေအနေတွေကြောင့်ပဲဈေးက ဆက်ပြီး တက်နိုင်ခြေ ရှိမရှိကတေ့ာ ခန့်မှန်းရ ခက်တဲ့အခြေအနေတွေ ဖြစ်တယ်လို့ ပဲကုန်သည်အချို့က ဆိုပါတယ်။

    ကုလားပဲ

    ကုလားပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ဈေးအတက်အကျ အပြောင်းအလဲ သိပ်မရှိပဲ ဈေးကွက်ထဲ ငြိမ်နေပါတယ်။ ပို့ကုန် မရှိတဲ့ အပြင် ဈေးကွက်ထဲ အဝင်ကလည်း ပုံမှန်ရှိနေတဲ့ အတွက် ဈေးက ငြိမ်နေတာ ဖြစ်ပါတယ်။ ငွေလဲလှယ်နှုန်း ဈေး အပြောင်းအလဲ ရှိနေပေမယ့် လည်း အရောင်းအဝယ် အေး ဈေးအေးနေတာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကုလားပဲလုံးဖြူက တစ်ပိဿကို ၄၀၈၀ မှ ၄၁၇၀ ကျပ် ကုလားပဲလုံးဖြူကြီးကတော့ တစ်ပိဿာ ကို ၄၂၅၀ မှ ၄၄၂၀ ရှိပြီး ဈေးငြိမ်ပါတယ်။ ကုလားပဲခြမ်း ကလည်း တစ်ပိဿာကို ၅၄၅၀ မှ ၅၉၀၀ ရှိပြီး တစ်ပိဿာကို ၅၀ ကျပ် ဈေးကျဆင်းသွားပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပြီးခဲ့တဲ့အပတ် သောကြာနေ့ နဲ့ ယှဉ်ရင် ကုလားပဲ v2 က တစ်အိတ်ကို ၂၄၀၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၂၀၀၀ ကျပ်၊ ကုလားပဲ ၉၂၉က တစ် အိတ် ကို ၂၃၃၀၀၀ ကျပ် ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ၊ကုလားပဲ(ထိုင်ဝမ်) က တစ်အိတ်ကို ၂၂၄၀၀၀ကျပ်မှ ၂၂၅၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀ ကျပ် ဈေးတက်လာပြီး ၊ကုလားပဲ V7 ကတော့ တစ်အိတ်ကို ၂၄၇၀၀၀ ရှိပြီး ဈေးငြိမ်ပါတယ်။

    ထောပတ်ပဲ

    ထောပတ်ပဲကတော့ နှစ်ပတ်ဆက်တိုက် ဈေးမြင့်တက်နေပြီး ပြည်ပ ဝယ်ယူမှု ရှိနေလို့ ဒီတစ်ပတ်မှာတော့ အမြင့်ဆုံး ထိ ဈေးရရှိနေပါတယ်။ ပဲ အဝင်ကတော့ ဈေးကွက် အတွင်း ပုံမှန် နေပ

    ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာထောပတ်ပဲ တစ်ပိဿာကို ၅၇၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၄၅ ကျပ်ဈေးမြင့်တက်လာပါတယ်။

    ထောပတ်ပဲကလည်း တစ်အိတ်ကို ၃၆၀၀၀၀ မှ ၃၉၅၀၀၀ ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၄၀၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မြေပဲလုံး

    မြေပဲလုံး ဈေးတွေကတော့ ဈေးကွက်ထဲကို အသစ်တွေ အဝင်ရှိနေပြီး ဈေးကလည်း အနည်းငယ်မြင့်တက်နေပါတယ်။ အဖြူလုံးဆံကတော့ ဈေးကွက်အတွင်း အဝင်မရှိသလောက် နည်းပြီး ဈေးမြင့်နေပါတယ်။

    လက်ရှိမှာ အဝင်နည်းနေသလို ဆီစက်တွေရဲ့ ဝယ်ယူမှုတွေကြောင့် အရောင်းအဝယ်ကတော့ ကောင်းနေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အဝင်များလာရင်တော့ အကျဘက်ကို ဦးတည်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

    မန္တလေးဈေးကွက်မှာတော့ မြေပဲလုံးဆံနီ က တစ်ပိဿာကို ၆၂၀၀ မှ ၇၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    အောင်လံဈေးကွက်မှာတော့ မြေပဲလုံး ဖြူက တစ်ပိဿာကို ၆၉၀၀ မှ ၆၉၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

    မေမီမောင်(AMIA)

    -----

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views2906