ဧရာဝတီတိုင်းဒေသကြီးအတွက် မိုးလေဝသ ခန့်မှန်းချက်နှင့်မွေးမြူရေး အကြံပြုချက်
ဟင်္သာတ၊ ညောင်တုန်း၊ မအူပင်၊ မြောင်းမြ၊ ဓနုဖြူ၊ ပန်းတနော်၊ ကျိုက်လက်၊ ဝါးခယ်မ၊ ကျုံပျော်၊ ဇလွန်၊ လပွတ္တာ၊ ပုသိမ်၊ ဖျာပုံ၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်း၊ ကန်ကြီးထောင်၊ ငပုတောမြို့နယ်
၂ဝ၂၄ ခုနှစ်၊ မေလ (၃၁)ရက်နေ့မှ ဇွန်လ(၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ဖော်ပြပါမြို့နယ် ၂ဝ တွင် အချို့မြို့နယ်များတွင် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၆)အထိရှိတဲ့အတွက် မိုးရွာမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။
ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်
ယခုတစ်ပတ်အတွင်း မိုးရွာမည်ဖြစ်တဲ့အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။
- ပုဇွန်ကန်များအနေဖြင့် ကန်ရေလှည့်ပေးရန်၊
- မနက်စောစောတွင် ကန်နံဘေးတွင် ပုဇွန်များ ကပ်နေခြင်းရှိ/မရှိ စစ်ဆေးပေးရန်၊
- မိုးရွာချိန် အပူချိန် ရုတ်တရက်ပြောင်းလဲနိုင်သဖြင့် ဂရုစိုက်ရန်၊
- မိုးအုံ့ချိန်၊ မိုးရွာချိန်တွင် အစာကျွေးခြင်း ရပ်ထားရန်၊
- မျိုးငါးများ ကန်အတွင်းမထည့်မီ ကန်အတွင်းရှိ ရေအနည်းငယ်ယူ၍ အဆိုပါရေဖြင့် မျိုးငါး များကို တစ်ခုခုထဲထည့်ပြီးမှ ကန်အတွင်းသို့ ထည့်ပေးရန်၊
Weather Source: CIAT
------------------
ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက
ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download
ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483
တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။