cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြန်မာနိုင်ငံ ငါးမွေးတောင်သူများနှင့် ဗီယက်နမ်ငါးမွေးမြူရးပညာရှင်များ တွေ့ဆုံခဲ့ခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ဗီယက် နမ်ပညာရှင်များ ပြောပြချက်အရ ဗီယက်နမ်နိုင်ငံတွင် စပါးတစ်ဧကလျှင် စပါးတင်း (၂၄၆)တင်း ထွက်ရှိကြောင်း နှင့် ငါးမွေးမြူရေးလုပ်ငန်းတွင် တစ်ဧကလျှင် ငါး တန်(၂၀) ထွက်ရှိကြောင်း တင်ပြခဲ့ပါသည်။ တစ်တန်တွင် ပိဿာ (၆၀၀)ကျော်ရှိပါသည်။
  • မြန်မာငါးမွေးတောင်သူ(၂၀၀)ကျော်နှင့် ဗီယက်နမ်ငါးလုပ်ငန်း၊ငါးမွေးမြူရေးပညာရှင် အဖွဲ့သည် ၂၀၂၂ခုနှစ် ဇူလိုင်လတွင် တကြိမ် ၂၀၂၃ခု သြဂုတ်လတွင်တစ်ကြိမ် တွေ့ဆုံခဲ့ပြီး ငါးမွေးမြူရေးလုပ်ငန်းမှ ကုန်ထုတ်လုပ်ငန်းတိုးတက်စေရန် အကြံပြုခြင်း၊ နည်းပညာဖလှယ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။ ဗီယက် နမ်ပညာရှင်များ ပြောပြချက်အရ ဗီယက်နမ်နိုင်ငံတွင် စပါးတစ်ဧကလျှင် စပါးတင်း (၂၄၆)တင်း ထွက်ရှိကြောင်း နှင့် ငါးမွေးမြူရေးလုပ်ငန်းတွင် တစ်ဧကလျှင် ငါး တန်(၂၀) ထွက်ရှိကြောင်း တင်ပြခဲ့ပါသည်။ တစ်တန်တွင် ပိဿာ (၆၀၀)ကျော်ရှိပါသည်။

    ဗီယက်နမ်နိုင်ငံနှင့်မြန်မာနိုင်ငံသည် ရာသီဥတု တူညီမှု ၈၅ ရာခိုင်နှုန်း တူညီပါသည်။ သို့သော် ကျနော် တို့နှင့် ငါးထွက်နှုန်းကွာခြားချက်သည် မြင့်မားပါသည်။ ဗီယက်နမ်နိုင်ငံတွင် အဓိကထားမွေးသော ငါးမျိုး စိတ်မှာ ငါးတန်နှင့်တီလားပီးယားဖြစ်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံလောက် မြေနေရာမပေါများသဖြင့် ငါးမွေးကန်ပိုင်ဆိုင်သူ တစ်ဦးသည် အများဆုံး (၅)ဧကသာ ရှိပါသည်။ ထို့ကြောင့် ကန်ကြပ် စနစ်ကိုသာ ဦးစား ပေး မွေးမြူကြပါသည်။ ငါးအထွက်နှုန်းကောင်းမွန်ရခြင်းမှာ မျိုးကောင်း မျိုးသန့် ငါးမျိုးကိုသာ ရွေးချယ်မွေး ခြင်းနှင့် ငါးစာ (ဖြည့်စွက်စာ)ကြွေးရာတွင်လည်း အဟာရပြည့်ဝသော အစာကို ပြည့်ဝစွာကြွေးခြင်းအပြင် ကန်ရေအရည်အသွေးထိန်းသိမ်းခြင်းကိုလည်း ကောင်းစွာဆောင်ရွက် နိုင်ခဲ့ကြောင်း တွေ့ရှိရပါသည်။


    မြန်မာနိုင်ငံရှိ လက်ရှိငါးမွေးတောင်သူများသည် လက်ရှိ မွေးမြူနေသော ငါးမျိုး၊ ပုံစံနှင့် နည်းစနစ် များကို ပြောပြခဲ့ရာတွင် ဗီယက်နမ်နိုင်ငံ ငါးမွေးမြူရေးပညာရှင် မစ္စတာ လု (အသက် ၈၂)နှစ်က လွန်ခဲ့သော အနှစ်(၂၀)လောက်အချိန်တွင် သူတို့နိုင်ငံမှာလည်း ယခု မြန်မာနိုင်ငံကဲ့သို့ ဆောင်ရွက်ခဲ့ကြောင်း ပြောပြခဲ့ပါ သည်။ ကျနော်တို့နိုင်ငံကဲ့သို့ ငါးနှင့်ကြက် တွဲဖက်မွေးမြူခြင်း၊ ငါးနှင့် ဝက်တွဲဖက်မွေးမြူခြင်း နှင့် ငါးနှင့်ဘဲ တွဲဖက်မွေးမြူခြင်း လုပ်ငန်းများ ရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ ငါးနှင့် ကြက်တွဲဖက်မွေးမြူခြင်းလုပ်ငန်း မှ ထွက်ရှိသော ထုတ်ကုန်သည်လည်း ဈေးကွက်ဝင်ကြောင်း သိရှိရပါသည်။ မြန်မာနိုင်ငံတွင် ငါးနှင့်ကြက် တွဲဖက်မွေးမြူသော ထုတ်ကုန်သည် ဈေးကောင်းမရခြင်း နှင့် ရောဂါကျရောက်ခြင်း ၊ အောက်စီဂျင်ပြတ်ပြီး သေခြင်းများ ကြုံတွေ့ရပါသည်။ အဆိုပါကွာခြားချက်ကို မစ္စတာလုမှ အောက်ပါအတိုင်းအကြံပြု ဆွေးနွေး ခဲ့ပါသည်။


    ငါးနှင့်ကြက်မွေးမြူရေးလုပ်ငန်းတွင် ကြက်ချေးကို ကန်အတွင်းကျရောက်စေပြီး၊ အဆိုပါကြက်ချေး မှ ရေဩဇာကို ဖြစ်စေပါသည်။ တနည်းအားဖြင့် ရေသတ္တဝါများ၏ အခြေခံအစာအပင်မျှောလှေးနှင့် အကောင်မျှောလှေးများကို ပေါက်ဖွားစေပါသည်။ ငါးကန်အပေါ်မှ ကြက်အရေအတွက်များပါက ကြက်ချေးများမှာ နေ့စဉ်နှင့်အမျှ ကျရောက်သဖြင့် ရေဩဇာအလွန်အကျွံများလာပါသည်။ ကန်အတွင်းရှိ ငါးများသည် ရေဩဇာမှ အပင်မျှောလှေးနှင့် အကောင်မျှောလှေးများကို စားသုံးရာတွင် လိုအပ်သည်ထက် ပိုမိုနေပါသည်။ အဆိုပါ အပင်မျှောလှေးများသည် ညအချိန်တွင် ရေထဲမှ ပျော်ဝင်အောက်စီဂျင်ကို စုပ်ယူသဖြင့် ကန်အတွင်း အောက်စီဂျင်ပြတ်ပြီး ငါးများ သေဆုံးကြပါသည်။ ကြက်ချေးများသည် ကန်အောက်ခြေတွင် ကျရောက်ပြီး ကန်အောက်ခြေအညစ်အကြေးများမှ အမိုးနီးယားကို ဖြစ်စေခြင်း နှင့် ဘက်တီးရီးယားပေါက်ဖွားခြင်းများ ဖြစ်စေပြီး ရောဂါကျရောက်ခြင်းများကို ဖြစ်စေပါသည်။


    ထို့ကြောင့် ကြက်ချေးမှ ရေဩဇာဖြစ်စေမှုနှင့် ဖြစ်ပေါ်လာသော ရေဩဇာမှ အပင်အမျှောလှေး နှင့်အကောင်မျှောလှေးများကို စားသည့် ငါးသည် အစာဝလင်မျှတစေရန်အတွက် ကြက် (၁)ကာင်မှထွက် ရှိသော ကြက်ချေးမှ ရေဩဇာဖြစ်သည့်အပင်မျှောလှေး နှင့်အကောင်မျှောလှေးများကို ငါး (၅)ကောင်မှ (၇) ကောင်အထိ စားသုံးလုံလောက်ကြောင်း နှင့် ရေဩဇာအလွန်အကျွံ မရှိနိုင်ကြောင်း အကြံပြုပါသည်။ ကြက် (၁)ကောင်မွေးပါက ကန်အတွင် ငါး (၅)ကောင်မှ (၇)ကောင်အထိ သဘာဝအစာဖြစ်တည်မှုဖြင့် ငါး နှင့် ကြက်တွဲဖက်မွေးမြူရေးကို တင်ပြခဲ့ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    https://htwettoe.com/organization/4

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes11comments0
views3481