cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငွေဈေးမငြိမ်သဖြင့် ပဲကုန်သည်များ ထုတ်မရောင်းဘဲ အခြေအနေစောင့်ကြည့်နေ

. ဈေးကွက်သတင်းများ
လက်ရှိ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြည်ပဝယ်အားရှိတဲ့ ပဲအမျိုးအစားတွေ ဈေးဆက်တိုက် မြင့်တက်နေပြီး မတ်ပဲတစ်တန် ၃,၄၅၀,၀၀၀ ကျပ်၊ ပဲစဉ်းငုံတစ်တန် ၄,၆၂၀,၀၀၀ ကျပ်အထိ အမြင့်ဈေး ရောက်နေပါတယ်။
  • လက်ရှိ ငွေကြေးတန်ဖိုး မတည်ငြိမ်ခြင်းနဲ့ ပဲဈေးနှုန်းတွေ ဆက်တိုက်တက်လာခြင်းတွေကြောင့် ပဲတွေကို လက်ဝယ်ထားပြီး အခြေအနေစောင့်ကြည့်နေကြောင်း ပဲမျိုးစုံရောင်းဝယ်ရေး ကုန်သည်အသိုင်းအဝိုင်းကနေ သိရပါတယ်။

    ဒါ့ကြောင့် ပြည်ပဝယ်လက်တွေထံ ပဲမျိုးစုံတင်ပို့မှု ကျဆင်းလျက်ရှိတယ်လို့ ဧရာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (Myantrade Ayeyarwady) က ဖော်ပြထားပါတယ်။

    လက်ရှိ ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြည်ပဝယ်အားရှိတဲ့ ပဲအမျိုးအစားတွေ ဈေးဆက်တိုက် မြင့်တက်နေပြီး မတ်ပဲတစ်တန် ၃,၄၅၀,၀၀၀ ကျပ်၊ ပဲစဉ်းငုံတစ်တန် ၄,၆၂၀,၀၀၀ ကျပ်အထိ အမြင့်ဈေး ရောက်နေပါတယ်။

    မြန်မာ့ပဲတွေရဲ့ အဓိကဝယ်လက်ဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားကြောင့်လည်း မတ်ပဲဈေး ဆက်လက်မြင့်တက်နိုင်ခြေ ရှိနေပါတယ်။

    “မြန်မာပြည်တွင်းက လက်ရှိပဲဈေးနှုန်းက အနည်းငယ်ထပ်ပြီး တက်လာနိုင်ဦးမယ်”လို့ Myantrade Ayeyarwaddy မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်ထားပါတယ်။

    အိန္ဒိယနိုင်ငံရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ် ပဲစင်းငုံစိုက်ပျိုးထွက်ရှိမှုက ယခင်နှစ်ထက် တန်ချိန် ၀.၀၈ သန်းတိုးလာပြီး ယခုနှစ်မှာလည်း ပဲစင်းငုံတိုးချဲ့စိုက်ပျိုးနေတယ်လို့ ဆိုပါတယ်။

    လာမယ့် ကာလတွေအတွင်း အိန္ဒိယရဲ့ ပဲစဉ်းငုံ ဝယ်လိုအား တက်လာနိုင်ပေမယ့် မြန်မာပဲစဉ်းငုံ CNF ဈေးနှုန်း မြင့်လာခြင်း၊ အာဖရိကရဲ့ ပဲစဉ်းငုံတင်ပို့မှုနဲ့ ယှဉ်ပြိုင်ရနိုင်ခြင်း၊ အိန္ဒိယပဲခွဲစက်တွေက အာဖရိပဲစဉ်းငုံတွေ ပိုမိုဝယ်ယူနေခြင်းတွေကြောင့် မြန်မာပဲစဉ်းငုံဈေးကွက်အပေါ် သက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ သုံးသပ်ထားကြပါတယ်။

    BETV Business မှ ကူးယူဖော်ပြပါသည်။

    ---

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes6comments0
views2666