cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဒီတစ်ပတ် ဧရာဝတီတိုင်းဒေသကြီး နေရာအများစု ရာနှုန်းပြည့် မိုးရွာနိုင်မည်လား?

. ရာသီဥတု သတင်းများ
ဧရာဝတီတိုင်းဒေသကြီး တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာရန် ရက် (၇) ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။
  • ဇွန်လ ၂၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းမြို့နယ်အများစုမှာ မိုးရွာနိုင်ချေ ရာနှုန်းပြည့်ဖြစ်ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင်ပြီး မိုးရွာရန် ရက် (၇) ရက်မှ ၁၀ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၅၉)ရာခိုင်နှုန်းမှ (၁ဝဝ)အထိရှိတဲ့အတွက် မိုးဆက်လက် ရွာသွန်းနိုင်မည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။

    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇ဝ)ရာခိုင်နှုန်းမှ (၁၀ဝ) ရာခိုင်နှုန်းအထိရှိပါသည်။ ဇွန်လ ၂၁၊၂၃၊၂၅ ရက်နေ့မှာတော့ မိုးရွာရန် (၁၀၀) မှ (၉၆) ရာခိုင်နှုန်းဖြစ်ပြီး၊ ကျန်သောရက်များတွင် မိုးရွာရန် (၇၀) မှ (၈၅) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အပူချိန်အနေဖြင့် အမြင့်ဆုံးအပူချိန်မှာ ၃၂C မှ အနိမ့်ဆုံးအပူချိန်မှာ ၂၄.၆C ရှိနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ မအူပင်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၁ဝဝ) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇွန်လ (၂၁) မှာ ရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇွန်လ ၂၄၊၂၅၊၂၆ ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းများနိုင်ပါသည်။ ကျန်သောရက်များတွင် ၆၁၊ ၇၈၊ ၈၀ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျ။

    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ မြောင်းမြမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁ မှာ ရွာရန် ရာနှုန် ၉၉ ဖြစ်ပြီး ဇွန်လ ၂၂၊၂၃၊၂၅ ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်း ၉၀ နှင့် အထက် ရှိနိုင်ပါသည်။ ကျန်သောရက်များတွင် ၆၆ မှ ၈၈ ရာခိုင်နှုန်းရှိနိုင်ပါတယ်ခင်ဗျ။

    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပြီး အပူချိန်တွေကတော့ ၂၄ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၂C မှ အနိမ့်ဆုံးအပူချိန် ၂၅.၆C ရှိနိုင်ပါတယ် ခင်ဗျာ။

    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၉)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇွန်လ (၂၁) ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပြီး ၂၂၊၂၄၊၂၅ ရက်များတွင် မိုးရွာရန် (၉၀) ရာနှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျိုက်လက်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပြီး ၂၆၊၂၇၊၂၈ ရက်များတွင် မိုးရွာရန် (၇၀) ရာနှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၃၁.၂ C မှ အနိမ့်ဆုံးအပူချိန် ၂၅.၄ C ရှိနိုင်ပါတယ်ခင်ဗျာ။

    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပြီး ၂၂၊၂၄၊၂၅ ရက်များတွင် မိုးရွာရန် (၉၀) ရာနှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်။ ကျန်ရက်များဖြစ်သော ၂၆၊၂၇၊၂၈၊၂၉ ရက်နေ့များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ဇလွန်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇ဝ)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ လပွတ္တာမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၀)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁ ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပါတယ်။

    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ပုသိမ်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁၊၂၂၊ ၂၃၊ ၂၅ ရက်များတွင် မိုးရွာရန် ၉၀ရာခိုင်နှုန်းနှင့် အထက်တွင်ရှိပြီး ကျန်ရက်များမှာ ၆၀ မှ ၈၈ ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ဖျာပုံမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၄C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၂C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ကြံခင်းမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၄ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၂၁၊၂၃ ရက်များတွင် (၉၀)ရာခိုင်နှုန်း

    နှင့် အထက်တွင်ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၅) မှ (၈၉) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇွန်လ ၂၁ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၂၂၊၂၃၊၂၄၊၂၅ ရက်များတွင် (၉၀)ရာခိုင်နှုန်း

    နှင့် အထက်တွင်ရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၅) မှ (၇၅) ရာခိုင်နှုန်းအတွင်းတွင်ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်။ ဇွန်လ ၂၁ ရက်တွင် မိုးရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ၂၂၊၂၄၊၂၅ ရက်များတွင် (၉၀)ရာခိုင်နှုန်း

    နှင့် အထက်တွင်ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃၀)ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ (၂၁)ရက်နေ့မှ (၃ဝ)ရက်နေ့အထိ ငပုတောမြို့နယ်၏ တစ်ပတ်တာ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ ဇွန်လ ၂၁၊၂၂၊၂၃၊၂၅ ရက်တွင် ရက်များတွင် (၉၀)ရာခိုင်နှုန်းနှင့် အထက်တွင်ရှိနိုင်ပြီး ကျန်ရက်များသည် ၆၆ မှ ၇၉ ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    ယခုအချိန်တွင် ပဲတီစိမ်းစိုက်ပျိုးချိန်ဖြစ်၍ အပင်သက်တမ်းအလိုက် ဆောင်ရွက်သင့်တဲ့ အချက်ကို တင်ပြပေးလိုက်ပါတယ် ခင်ဗျာ။

    ပဲတီစိမ်းတစ်လသားမှာ ဆောင်ရွက်သင့်သည်များ သီးကိုင်းဖူးလေးများ စတင်နိုးကြားလာပါသည်။ ထိုအချိန်တွင် အစိုဓာတ်မပြတ်ရန်၊ အာဟာရမချို့တဲ့ရန်၊ ပိုးမွှားရောဂါမကျရောက်ရန် ဂရုပြုပါ။ ပိုးမွှားအတွက် လန်ဒါဆိုင်ဟေလိုသရင်+သိုင်ရာမီသိုဇမ် ဆေးအဆိပ်များ ကြိုတင်ပက်ဖျန်းပါ။ ရောဂါများအတွက် မန်ကိုမဂ်၊ ထရိုင်ရာဇိုး အုပ်စုဝင်မှိုသတ်ဆေးများ ကြိုတင်ပက်ဖျန်းပါ။ အပင်ဟုန်ခြင်းဖြစ်ပေါ်နေပါက Mepiquat Chloride 5% ပက်ဖျန်းပေးပါ။ အသီးအပွင့်အားကောင်းအောင် ကယ်လ်စီယမ်+ဘိုရွန်+မဂ္ဂနီစီယမ် အာဟာရဓာတ်များ ပါဝင်သော ရွက်ဖျန်းမြေဩဇာ ပက်ဖျန်းပါ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများရှိနိုင်တဲ့အတွက် ယခုအပတ်အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

    - မိုးအုံ့နေစဉ် အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊

    - ပျော်ဝင်အောက်ဆီဂျင်ရရှိရန် ရေကို လှည့်ပေးသည့် ကိရိယာများတပ်ဆင်ပေးရန်၊

    - ရေချဉ်ဖန်နှုန်းကို စစ်ဆေးပေးရန်၊

    - မျိုးငါးများထည့်ရာတွင် ငါးရိုင်းများ ပါဝင်လာမှုမရှိစေရန် သတိပြုဆောင်ရွက်ရန်၊

    - ကန်ရေထည့်ရာတွင် ရေစစ်များတပ်ဆင်ထားရန်၊

    Weather Source: CIAT

    -------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။------------------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
likes8comments0
views2915