cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဝါသီးနှံ စိုက်ပျိုးနည်း

. စိုက်ပျိုးနည်းစနစ်များ
အမြစ်ကောင်းစွာကြီးထွားပြီး ဝါပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက် ထယ်ရေးကောင်းရရှိရေး ဆောင်ရွက်ရပါသည်။
  • (က) ဝါပင်ကြီးထွားဖွံ့ဖြိုးရန် အခြေခံလိုအပ်ချက်များ


    မြေ            


        နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေ၊ သဲစနယ်မြေ၊ စနယ်မြေစေး၊ မြေချဉ်ငန်ဓာတ် ၆.၀ မှ ၆.၅ ရှိရမည်။ ဆား၊ ဆပ်ပြာ၊ ယမ်းစိမ်း မပေါက်သောမြေ ဖြစ်ရမည်။


    အပူချိန်        


        မျိုးစေ့အပင်ပေါက်ရန် မြေအနက် ၄ လက်မတွင် အနည်းဆုံးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်လိုအပ်သည်။ သီးပွင့်အင်္ဂါကြီးထွားဖွံ့ဖြိုးရန် နေ့ညပျမ်းမျှအပူချိန် ၂၅ - ၃၀ ဒီဂရီစင်တီဂရိတ် ရှိရမည်။ အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ထက်ကျော်ပါက ဝါပင်ဖြစ်ထွန်းမှုထိခိုက်ခြင်း၊ မျိုးကူးစပ်မှုမအောင်မြင်ဘဲ အပွင့်နှင့်သီးကင်းများ ကြွေကျခြင်းတို့ ဖြစ်စေသည်။


    အလင်းရောင်


         အကောင်းဆုံးနေ့တာမှာ ၈-၁၂ နာရီ ဖြစ်ပါသည်။ မိုးရာသီတွင် မိုးအုံ့၍ အလင်းရောင်ရရှိမှုနည်းလျှင် အပိန့်၊ သီးကင်းများ ကြွေကျတတ်သည်။


    အစိုဓာတ်


         အသင့်တော်ဆုံးအစိုဓာတ်မှာ မြေအစိုဓာတ်ထိန်းစွမ်းအား (Field Capacity) ၏ ၆၀- ၇၀% ဖြစ်သည်။ ပန်းမပွင့်မီ ၆၅% ၊ ပန်းပွင့်ဖြိုင်ချိန် ၇၀% ၊ ဝါသီးကွဲချိန် ၆၀% လိုအပ်သည်။


    မိုးရွာသွန်းမှု


        နှစ်စဉ်ပျမ်းမျှမိုးရေချိန် ၂၀-၄၀ လက်မအတွင်းရရှိသောဒေသ၌ စိုက်ပျိုးနိုင်ပါသည်။ အသင့်တော်ဆုံးဒေသမှာ နှစ်စဉ် ပျမ်းမျှမိုးရေချိန် ၃၅ - ၄၅ လက်မအတွင်း ရွာသွန်းသောဒေသများ ဖြစ်သည်။ ဝါသီးကွဲချိန်တွင် လေထုစိုထိုင်းဆ ၆၅% အောက် ရှိသင့်သည်။


    (ခ) ဝါသီးနှံအထွက်နှုန်း တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးနည်းအဆင့်ဆင့်


    (၁) မျိုးကောင်းမျိုးသန့်အသုံးပြုခြင်း 


    မျိုးရိုးဗီဇကောင်းမွန်သော ဝါမျိုးဖြစ်သည့် ငွေချည်-၆ ချည်မျှင်ရှည်ဝါကဲ့သို့သော ဝါမျိုးများ အသုံးပြုစိုက်ပျိုးခြင်းသည် ဝါအထွက်နှုန်းအပေါ် ၅၀-၆၀ % အကျိုးသက်ရောက်မှု ရှိစေပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ရောင်းချသော ငွေချည်-၆၊ ရွှေတောင်-၈၊ ငွေချည်-၉၊ ရွှေတောင်-၁၀ နှင့် ငွေချည်-၁၁ မျိုးသန့်ဝါစေ့ များကို အသုံးပြုစိုက်ပျိုးပါ။


    (၂) ထယ်ရေးနက်နက်နှင့် ညက်ညက်ပြုလုပ်ခြင်း


    အမြစ်ကောင်းစွာကြီးထွားပြီး ဝါပင်ဖြစ်ထွန်းမှုကောင်းမွန်စေရန်အတွက် ထယ်ရေးကောင်းရရှိရေး ဆောင်ရွက်ရပါသည်။ ဝါစိုက်ထယ်ရေးအဖြစ် ထယ် ၂စပ် ထိုးပြီး စက်ထွန် ၂စပ် (သို့) နွားထွန် ၄-၆စပ် ထွန်မွှေပေးပါ။ မြေကိုစနစ်တကျ ထွန်ယက်စိုက်ပျိုးခြင်းဖြင့် မြေတွင်းအစိုဓာတ် ကောင်းစွာထိန်းနိုင်ခြင်း၊ မြေတွင်းလေဝင်လေထွက်ကောင်းမွန်ခြင်း၊ အကျိုးပြုပိုး (Microbe)များ လှုပ်ရှားနိုင်၍ အပင်အတွက် အာဟာရကောင်းစွာရရှိနိုင်ခြင်း၊ ပေါင်းမြက်များကိုသေစေနိုင်ခြင်း  စသည့်အကျိုးကျေးဇူးများ ရရှိပါသည်။  


    (၃) စိုက်ချိန်မှန်ကန်စေခြင်း 


            ချည်မျှင်ရှည်ဝါကို မိုးကြို၊ မိုး၊ မိုးနှောင်းရာသီများတွင် စိုက်ပျိုးနိုင်ပါသည်။ ရာသီအလိုက်စိုက်ချိန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။


        မိုးကြိုရာသီ         - ဖေဖော်ဝါရီလလယ် မှ မတ်လလယ်အတွင်း


        မိုးရာသီ                 - မေလလယ် မှ ဇွန်လကုန်အတွင်း


        မိုးနှောင်းရာသီ - ဇူလိုင်လလယ် မှ သြဂုတ်လလယ်အတွင်း


    (၄) တစ်ဧကသတ်မှတ်အပင်ဦးရေ ပြည့်မီအောင်ဆောင်ရွက်ခြင်း  


            ဝါစိုက်မြေအမျိုးအစားအလိုက်၊ စိုက်စနစ်အလိုက်၊ တစ်ဧကသတ်မှတ် အပင်ဦးရေမှာ  -


    မြေကောင်း - ၃ပေ x ၃ ပေ (ပင်ကြား/တန်းကြား)၊ ၂ ပင် (တစ်ကျင်းရှိ အပင်ဦးရေ)၊ ၉၆၈၀ ပင် (တစ်ဧကရှိအပင်ဦးရေ)

    မြေသင့် - ၃ ပေ x ၂ ပေ (ပင်ကြား/တန်းကြား)၊ ၂ ပင် (တစ်ကျင်းရှိ အပင်ဦးရေ)၊ ၁၄၅၀၀ ပင် (တစ်ဧကရှိအပင်ဦးရေ)

    မြေသင့် - ၂.၅ ပေ x ၂.၅ ပေ (ပင်ကြား/တန်းကြား)၊ ၂ ပင် (တစ်ကျင်းရှိ အပင်ဦးရေ)၊ ၁၃၉၃၉ ပင် (တစ်ဧကရှိအပင်ဦးရေ)


    ဝါကောက်ချိန်တွင် သတ်မှတ်အပင်ဦးရေ၏ ၈၅% မှ ဝါကောက်သိမ်းနိုင်ရေးအတွက် ဝါပင်များ အသေအပျောက် မရှိရေးကို အလေးထား စီစဉ်ဆောင်ရွက်ရပါမည်။


    (၅) သဘာဝမြေသြဇာ အသုံးပြုခြင်းနှင့် ဓာတ်မြေသြဇာအား အချိုးကျ သုံးစွဲခြင်း 


    တစ်ဧကလျှင် နွားချေးလှည်း ၁၀ စီး နှင့် ကွန်ပေါင်းမြေသြဇာ ၁ အိတ်ကို ‌မြေခံထည့်သွင်းပါ။ 


    အပိန့်ဝင်ချိန်တွင် ကွန်ပေါင်းအိတ်ဝက်နှင့် ယူရီယား အိတ်ဝက် ရောပြီး အပင်ခြေမှ ၆ လက်မ အကွာတွင် ထည့်သွင်းပါ။ 


    ပန်းပွင့်ချိန်တွင် ကျန်သော ကွန်ပေါင်းအိတ်ဝက် နှင့် ယူရီးယား အိတ်ဝက်ရောပြီး အပင်ခြေမှ ၈ လက်မ အကွာတွင် ထည့်သွင်းပါ။ 


    (၆) အပင်သားခွဲခြင်း 


            ရွက်စစ် ၃ - ၄ ရွက်ထွက်ချိန်၊ စိုက်ပြီး ၁၈ - ၂၁ ရက်အတွင်း စိုက်ကျင်း ၁ ကျင်းလျှင် ၂ ပင် ချန်လျက်သားခွဲပါ။ အချိန်မီသားခွဲခြင်းကြောင့် ရရှိသောအကျိုးကျေးဇူးများမှာ အပင်ပုံမှန်ဖြစ်ထွန်းခြင်း၊ သီးကိုင်းများပုံမှန်ကြီးထွားခြင်း၊ အပင်ကြီးထွားမှု အဆင့်အလိုက် ဖြစ်ထွန်းခြင်း၊ ဂွမ်း၊ ဝါစေ့အရည်အသွေး ကောင်းမွန်ခြင်း၊ အထွက်နှုန်းတိုးစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိပါသည်။


    (၇) ပေါင်းမြက်နှိမ်နင်းခြင်း၊ ခါးဆွကြားထွန်ဝင်ခြင်း 


        အပင်ငယ်စဉ် မြစ်စဉ်ထုအား ကြီးထွားမှုမြန်ပြီး အပင်ပိုင်း ကြီးထွားမှု  နှေးသဖြင့် ဝါပင်သက်တမ်း ၂ လ အတွင်း ပေါင်းမြက်မအုပ်မိစေရန်အတွက် ငယ်ပေါင်းနှိမ်နင်းရန် အထူးလိုအပ်သည်။ နောက်ပိုင်း ကြားထွန် ဝင်ခြင်းကို ၁၅ ရက် တစ်ကြိမ် (သို့ ) ရေသွင်းပြီး၊ မိုးရွာပြီးချိန်တွင်သော် လည်းကောင်း၊ ပေါင်းမြက်ထလျှင်သော်လည်းကောင်း ဆောင်ရွက်ရမည်။


    (၈) အစိုဓာတ်ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း၊ ရေပေးသွင်းခြင်းနှင့် ရေထုတ်ခြင်း    


         ရေပေးသွင်းခြင်းကို ဝါစိုက်ရာသီအလိုက်၊ အစိုဓာတ်လိုအပ်ချက် အလိုက် မိုးကြိုရာသီတွင် စိုက်ရေ ၁ ကြိမ်၊ အပင်ဖြစ်ရေ ၄ - ၅ ကြိမ် သွင်းပေး ရမည်။ မိုးနှောင်းရာသီတွင် ဖြည့်စွက်ရေ ၂ - ၃ ကြိမ် သွင်းပေးရမည်။ အပင်ကြီးထွားဖြစ်ထွန်းချိန်ကာလအတွင်း မိုးများ၍ရေဝပ်နေလျှင် ရေထုတ် ပေးရန်လိုအပ်ပါသည်။ အထူးသဖြင့် အပင်ငယ်စဉ်တွင် ရေမဝပ်စေရန်၊ ရေပို၊ ရေလျှံများ အမြန်ဆုံးထုတ်ပေးရမည်။ (၈) အစိုဓာတ်ထိန်းသိမ်းရန် ဆောင်ရွက်ခြင်း၊ ရေပေးသွင်းခြင်းနှင့် ရေထုတ်ခြင်း -


    (၉) ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်း 


            ဝါပင်သက်တမ်း တစ်လျှောက်အတွင်း ပိုးမွှားရောဂါကျရောက်ပြီး အထွက်နှုန်း ထိခိုက်လျော့နည်းမှု မရှိစေရန် အတွက် ဘက်စုံပိုးမွှားရောဂါ ကာကွယ်နှိမ်နင်းနည်းစနစ် (Integrated Pest and Disease Management) ဖြင့် ဆောင်ရွက်ပါ။


    (၁၀) စနစ်တကျဝါကောက်သိမ်းခြင်း 


        အရည်အသွေးကောင်းဝါရရှိရန် နှင့် သိုလှောင်ရာတွင် မပျက်စီးစေရန် အတွက် ကောင်းစွာခြောက်သွေ့သော ဝါပေါက်များကို ကောက်သိမ်းပြီး၊ နေလှန်းခြင်း ၁ - ၂ ရက်ခန့် ဆောင်ရွက်ပြီးမှ သိုလှောင်သိမ်းဆည်းပါ။ ဝါပင်၏ လက်ရင်းသီး နှင့် လက်လယ်သီးများသည် ဝါစေ့ နှင့် ဂွမ်းမွေး အရည်အသွေး ပိုမိုကောင်းမွန်သောကြောင့် သီးခြားခွဲ၍ ကောက်ယူ သိုလှောင် ရောင်းချသင့်ပါသည်။ 


    စိုက်ပျိုးရေးဦးစီးဌာန

    ----

    စိုက်ခင်းပြဿနာများအတွက် စိုက်ပျိုးရေးပညာရှင်နဲ့ တိုက်ရိုက်ဆက်သွယ်ပြီး အကြံများရယူနိုင်ပါတယ်နော်။ ထွက်တိုး တောင်သူအကြံပေးဖုန်း_ ၀၉၉၇၇၉၁၀၀၀၀၀

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ ရယူရန် - https://htwettoe.com/download


  • article
likes8comments0
views2139