cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အာဟာရပြည့်ဝသော ဆန်ပြုတ် ပြုတ်နည်း (၁၀) မျိုး (အပိုင်း - ၃)

. ကျန်းမာရေးဆောင်းပါးများ
ပုံနှင့်စာ တွဲလျက် ဖော်ပြပေးလိုက်ပါသည်။
  • article
  • ကောက်ညှင်း ဆန်ပြုတ် with Steamed Pork Belly Cold Cuts 

    ဆန်ပြုတ်ကို ဆန်ချည်းသက်သက်မပြုတ်ပဲ ကောက်ညှင်းတစ်ဝက်၊ ဆန်တစ်ဝက်ရောပြုတ် ထားတဲ့အတွက် အရောင်လေးက ပြောင်ပြောင်လေးဖြစ်ကာ၊ အသားလေးက အိအိလေးနူးညံ့လှပါတယ်။၊ ပုဇွန်ခြောက် ထည့်ပြီးပြုတ်ထားလို့ အနံ့လေး မွှေးပြီး လူမမာနံ့ပျောက်သွားတဲ့ ကောက်ညှင်း ဆန်ပြုတ်လေးကို အချိန်အကြာကြီးပြုတ်ဖို့မလိုအောင် ကောက်ညှင်း နဲ့ ဆန်ကို frozenလုပ်ပြီးမှ ပြုတ်ထားပါတယ်။ 

    ပြင်ဆင်ပြုလုပ်နည်း 

    ရေဆေး၊ ရေစစ် ကာ ဗူးထဲ ထည့်ထားသောကောက်ညှင်း နှင့် ဆန်ကို freezer ထဲထည့်ပြီး ၆ နာရီခန့် frozen လုပ်ထားပါ။ 

    အိုးကြီးကြီးထဲ ထည့်တည်ထားသော ရေ (1600 ml) ပွက်ပွက်ဆူလာလျှင် ဂျင်း၊ ပုဇွန်ခြောက်မှုန့်၊ frozen ကောက်ညှင်း နှင့် ဆန် ကိုထည့်ကာ ၄၊၅ ခါမွှေပါ။ 

    ပြီးလျှင် အိုးအဖုံးကို တစ်ဝက်ဖုံးကာ medium high heat ဖြင့် ဆန်စေ့လေးများ အဆံမာပျောက်အောင် ၁၀ မိနစ်ခန့် တည်ထားပါ။ (ဝေကျတတ်သဖြင့် သတိထားပါ။) 

    ဆန်စေ့လေးများ အဆံမာပျောက်ကာ ထမင်းစေ့အဖြစ်ပြောင်းသွားလျှင် အိုးအဖုံး ကိုလုံအောင်ဖုံးပြီး မီးဖိုမီးပိတ်၍ အိုးကို မီးဖိုပေါ်မှာ မိနစ် ၃၀ ခန့် ဆက်ထားပါ။ 

    မိနစ် ၃၀ ထားပြီးနောက် အရသာမှုန့်၊ ဆား နှင့် ဆူနေသောရေပူ (160 ml) ထည့်မွှေပြီးလျှင် အရမ်းနူးညံ့မွှေးပျံ့ကာ စားလို့ကောင်းလှသော ကောက်ညှင်း ဆန်ပြုတ်လေးကို မိမိကြိုက်နှစ်သက်ရာ အဆာပလာလေးများ ထည့်ကာ အရသာရှိစွာ သုံးဆောင်နိူင်ပါပြီ။ 

    chawsu မှကောက်နှုတ်ချက် 


  • article
  • သတ်သတ်လွတ် ဆန်လှော်ဆန်ပြုတ် 

    ဆန်လှော်ပြုပ်ရန် ပြင်ဆင်ပုံ 

    • ဆန်ကို ရေမဆေးဘဲ ရွှေအိုရောင် သန်းလာတဲ့ထိ မီးအနေတော်နှင့်လှော်ပေးပါ 
    • ဆန်လှော်နေစဉ် မတူးအောင် အဆက်မပြတ် မွှေပေးပါ 
    • ရွှေအိုရောင် သန်းလာတာနဲ့ ပြုတ်မည့်အိုးထဲသို့ ပြောင်းထည့်ပါ 
    • - ဆန်လှော်ရဲ့ အထက် ရေလက်ငါးလုံးလောက် မြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ 
    • - အိုးအောက်ခြေ မကပ်စေရန် မကြာမကြာ မွှေပေးပါ 
    • - ရေခမ်းကာနီး ဆန်စေ့လေးများ ကျေလာတာနဲ့ ရေအပျစ်အကျဲကြည့်ပြီး ထည့်ကာ မီးအေးအေးနှင့် တည်ထားပေးပါ 
    • - ဆန်သားကျေလာလေ ဆန်လှော်ဆန်ပြုပ်က ကောင်းလေမို့ မီးအေးအေးနှင့် တည်ထားပြီး မကြာမကြာမွှေပေးပါ 

    ဆန်ပြုတ်ရန် ပြင်ဆင်ပုံ 

    • - ကြက်သွန်မိတ်ကို ရေဆေးပြီး သေးသေးနုတ်နုတ်လေးတွေ လှီးထားပါ 
    • - ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အဖတ်လေးများရအောင် လှီးထားပါ 
    • - ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ 
    • - ငရုတ်ကောင်းကို မွှေးနေအောင်လှော်ပြီး ညက်နေအောင် ထောင်းထားပါ 
    • - ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ 
    • - အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပြုပ်ထားသော ဆန်လှော်ဆန်ပြုပ် အိုးထဲကို ဆား ဟင်းချိုမှုန့် ကြက်သွန်နီတို့ထည့်ကာ ကြက်သွန်နီများ နူးအိလာတဲ့အထိ မီးအနေတော်နှင့် ပြုပ်ပေးပါ။ 
    • - ကြက်သွန်နီများ နူးအိလာတာနဲ့ ရေအပျစ်အကျဲ လိုသလိုပြင်ရန် ရေနွေးပူပူကို ထည့်ပေးကာ အရသာကို မြည်းပေးပါ 
    • - မိမိစိတ်ကြိုက် အရသာ ရလာတာနဲ့ ကြက်သွန်ဖြူထည့်ပြီး ရေဆူအောင်တည်ပေးပါ 
    • - ရေဆူလာတာနဲ့ အပျစ်အကျဲကို မိမိလိုသလို ထည့်ပေးပါ 
    • - ပြီးတာနဲ့ ဆန်လှော်ဆန်ပြုပ်ကို ကြက်သွန်ဖြူကြော် ကြက်သွန်နီကြော် နှမ်းဖြူလှော် နှမ်းနက်လှော် ငရုတ်ကောင်းမှုန့်နှင့် ကြက်သွန်မိတ်တို့ ထည့်ပေးကာ သတ်သတ်လွတ် ဆန်လှော်ဆန်ပြုတ် မွှေးမွှေးလေးကို သောက်နိူင်ပါပြီ။ 

    Mmlazp Blog မှ ကောက်နှုတ်ချက် 


  • article
  • ၀က်ရိုးဆန်ပြုတ် 

    --------------- 

    အရိုးကို ဆေးတာက ကြေးအိုးဟင်းရည်မှာလုပ်သလိုမျိုးဆေးမှသာ ဆန်ပြုတ်က ဖြူဖြူလေးတွေရမှာပါ။ အရိုးကို တခါတည်းထည့်ပြုတ်ရင် အရိုးကထွက်လာတဲ့ သွေးခဲလေးတွေနဲ့ဆိုရင် ဆန်ပြုတ်က မဖြူပဲ နည်းနည်းညစ်ညစ်ကလေးတွေဖြစ်တတ်ပါတယ်။ လွယ်ကူပြီး စားလို့ကောင်းတဲ့ ၀က်ရိုးဆန်ပြုတ်ကို လုပ်စားကြည့်ရအောင်နော်။ 

    ပြုလုပ်နည်း 

    --------------- 

    ၁။ ၀က်ရိုးကို ရေဖြင့် ၃ ခါဆေးပါ။  

    ၂။ ပွက်ပွက်ဆူနေသော ရေနွေးအိုးထဲကို ဆေးထားသော ၀က်ရိုးတွေထည့်ပါ။ အရိုးများထည့်ရ်ျ ပွက်ပြီး အမြှုပ်လေးများ များလာလျှင် မီးဖိုပေါ်မှချပါ။ အရည်များကို သွန်ပစ်ပြီး ၀က်ရိုးများကို ရေအေးဖြင့် သွေးခဲလေးများပြောင်သွားအောင် ဆေးပါ။ (အိုးထဲမှာညစ်ပတ်နေလျှင်လဲ အိုးကို ပြန်ဆေးထားပါ။) 

    ၃။ ထို့နောက်ဆေးထားသော အရိုးမျာကို အိုးထဲပြန်ထည့် ရေ ၄ လီတာထည့်၊ ဆား၊ သကြားတို့ကိုထည့်ပြီး တည်ပါ။ 

    ၄။ ဆန်ကို ရေဆေးပြီး ထည့်ရ်ျ မီးအေးအေးဖြင့်အဖုံးဖွင့်ရ်ျတည်ပါ။ ဆန်ပြုတ်အိုးထဲတွင်ရေနည်းသွားလျှင် ထပ်ထပ်ဖြည့်ပြီး ၂ နာရီလောက်တည်ပြီးလျှင်  

    အလွန်စားကောင်းသော ဆန်ပြုတ်ကို သုံးဆောင်နိုင်ပါပြီ။ 

    Eisan မှကောက်နှုတ်ချက် 

    မူရင်း တင်သူကို အားလုံးကို credit ပေးပါတယ်။ 


likes10comments0
views2049