ငါးမျိုးစိတ်တစ်ခုတည်း သီးခြားမွေးမြူခြင်း နှင့် ရေနှောမွေးမြူခြင်း စနစ်များ
ငါးမွေးတောင်သူအများစုသည် မွေးမြူရေးကာလ အစတွင် ငါးမြစ်ချင်းမျိုးစိတ်တခုတည်းကို သာ မွေးမြူနေကြပြီး ၊ ၁၉၉၉ခု နောက်ပိုင်းတွင် ငါးတန်မျိုးစိတ်တစ်ခုတည်းကို သီးခြားမွေးမြူလာသည် ကိုလည်း တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတွင် ရေချိုငါးမွေးမြူရေးလုပ်ငန်းတွင် မွေးမြူနိုင်သော ငါးမျိုးစိတ် နှင့်သားပေါက် လုံလောက်စွာရရှိနိုင်သော ငါးမျိူးစိတ်များမှာ ငါးမြစ်ချင်း၊ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း ၊ ငါးတန်၊ မြက်စားငါးကြင်း၊ တီလားပီးယား ၊ ရေချိုငါးမုတ်၊ တောင်ပေါ်ငါးသလောက်၊ ခေါင်းကြီးငါးကြင်း၊ ငါးကြင်းဖြူ ၊ ငါးခေါင်းပွ တို့ရှိကြပါသည်။
ငါးမွေးတောင်သူအများစုသည် ငါးမျိုစိတ်တစ်မျိုးတည်းကို ဦးစားပေးမွေးသော်လည်း အချို့သော ငါးမျိုးစိတ်များကို အနည်းငယ်ထည့်သွင်း မွေးမြူနေကြပါသည်။ အဆိုပါ ရောနှောမွေးမြူရာတွင် သတိထား ရမည့်အချက်မှာ မိမိတွဲဖက်မွေးမြူသော ငါး၏ကြီးထွားနှုန်းသက်တမ်းကွာဟပါက ငါးဖော်ချိန်တွင် အခက် အခဲတွေ့နိုင်ပါသည်။ ဥပမာအားဖြင့် ငါးတန်ဖြစ်စေ၊ ငါးမြစ်ချင်းဖြစ်စေ တစ်ခုခုကို ဦးစားပေးမွေးမြူပြီး တစ်နှစ်အတွင်း ငါးကန်ဖော်လိုပါက အခြားသော မျိုးစိတ်တစ်ခုထည့်သွင်းမွေးမြူလိုလျှင် ငါးကြင်းဖြူငါးကို ထည့်သွင်းမွေးပါက အဆင်မပြေနိုင်ပါ။ ငါးကြင်းဖြူငါးသည် (၂)နှစ်ကျော် (၃)နှစ် အချိန်ကြာမှ ရောင်းတမ်း ဝင်ပါသည်။ တစ်နှစ်ကြာမွေးမြူရေးကာလတွင် အဆင်ပြေနိုင်သော ငါးမျိုးစိတ်မှာ ငါးခေါင်းပွ ၊ ငါးခုံးမ နှင့် တီလားဗီးယားငါးမျိုးစိတ်များ ဖြစ်ပါသည်။
အထူးသဖြင့် ငါးမြစ်ချင်း ငါးတစ်မျိုးတည်းမွေးမြူသော ငါးမွေးတောင်သူသည် မွေးကာလ အချိန် အနည်းဆုံး (၁၈)လမှ (၂၄)လအထိ အချိန်ယူမွေးမြူပါက ငါးကြင်ဖြူ ငါးမျိုးစိတ်ကို ထည့်သွင်းမွေးမြူလျှင် အဆင်ပြေနိုင်ပါသည်။ ဒုတိယအချက် ထည့်သွင်းတွက်ချက်ရာတွင် မိမိကန်၏ အကျယ်အဝန်း နှင့် ငါးများ မွေးမြူလိုပါက ငါးမျိုးစိတ်အလိုက် နေထိုင်ကျက်စားပုံကို သိထားရပါမည်။ မိမိကန်၏ ရေအနက် အလိုက် ငါးများနေထိုင်ပုံ မတူကြပါ။ ထို့ကြောင့် ရေ အလွှာလိုက်နေထိုင်သော ငါးမျိူစိတ်များကို အောက်ပါ အတိုင်း ဇယားနှင့် ဖော်ပြအပ်ပါသည်။
ဦးဆန်းအောင်
ထွက်တိုး
---