cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စိုက်ပျိုးမြေကို စနစ်တကျ စိုက်ပျိုးထုတ်လုပ်ကြပါ (၂)

. သီးနှံစိုက်ပျိုးပုံစံ
တစ်နှစ်နဲ့တစ်နှစ် သီးနှံမတူတာ စိုက်ကြတော့ ကျတဲ့ပိုးမွှားနဲ့ ရောဂါလည်း မတူတတ်ကြတာများတယ်။ သီးနှံတစ်မျိုးတည်းတူတာဆက်တိုက်စိုက်ရင် ပိုးမွှားတွေ အသက်ဆက်နိုင်တယ်။
  • သီးနှံစိုက်ပျိုး ထုတ်လုပ်ရေးမှာ စိုက်ပျိုးမြေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ဖို့ လိုပါတယ်။ မြေကြီးမပျက်စီးဘဲ မြေကို စိုက်ပျိုးမှုဖြင့် နှစ်စဉ်နှစ်စဉ် ကောင်းလာအောင် စနစ်တကျသီးထပ်၊ သီးညှပ် စိုက်ပျိုးကြသင့်ပါတယ်။ လယ်မြေတွေရှိသလို ယာမြေတွေလည်း ရှိတယ်။ မိုးရွာမှ မိုးရေနဲ့ စိုက်ကြရတဲ့ အညာနဲ့ မြေလတ်ဒေသ၊ အပူပိုင်းဒေသ၊ မိုးရွာမှုနည်းတဲ့ မိုးနည်းဒေသတွေက ယာခင်းတွေဟာ သီးလှည့်စိုက်တာ အဓိကပြုလုပ်ကြရတယ်။ သီးလှည့် (အလှည့်ကျသီးနှံစိုက်တယ်) စိုက်တာက မြေတစ်ကွက်ပေါ်မှာ တစ်နှစ်နဲ့တစ်နှစ် မတူတဲ့ သီးနှံပြောင်းလဲစိုက်ပျိုးတာကို ခေါ်ကြပါတယ်။ 

    မိုးခေါင်ရေရှားက ယာမြေတွေမှာ အများဆုံးကျင့်သုံးတဲ့စနစ်ပါ။ နေရာဒေသတိုင်းမှာတော့ ဒီစနစ် မပြုလုပ်နိုင်ကြပါဘူး။ သီးနှံအလှည့်ကျစိုက်တာရဲ့ ရည်ရွယ်ချက်က မြေမပျက်အောင်၊ မြေဆီထိန်းဖို့၊ စိုက်တဲ့သီးနှံကလည်း တစ်နှစ်နဲ့တစ်နှစ် မတူကြတော့ မြေပြုပြင်ပေးရတာလည်း မတူကြဘူး။ ဒါကိုက မြေကို ပိုကောင်းအောင် ထိန်းပေးနိုင်တာ ဖြစ်တယ်။ တချို့အပင်က အမြစ်ရှည်တယ်။ မြေထဲနက်နက်ဆင်းတယ်။ တချို့အပင်က မြေကြီးအပေါ်လွှာနားမှာပဲ ကပ်ပြီးဖြာထွက်တယ်။ 

    ဒါ့ပြင် တစ်နှစ်နဲ့တစ်နှစ် သီးနှံမတူတာ စိုက်ကြတော့ ကျတဲ့ပိုးမွှားနဲ့ ရောဂါလည်း မတူတတ်ကြတာများတယ်။ သီးနှံတစ်မျိုးတည်းတူတာဆက်တိုက်စိုက်ရင် ပိုးမွှားတွေ အသက်ဆက်နိုင်တယ်။ 

    ရောဂါတွေလည်း ဆက်တိုက်ကျနိုင်တယ်။ ဒါတွေကို ဒီစနစ်က မျိုးဆက်ပြတ်အောင် ဖြတ်လိုက်သလို ဖြစ်သွားတော့ကောင်းတယ်။ ဒါ့ပြင် ပေါင်းမြက်ပေါက်တာတွေ၊ ဓာတ်မြေသြဇာဖြည့်ပေးတာတွေလည်း မတူတော့ကောင်းတယ်။ ဟိုတုန်းကာလက အညာက ယာမြေတွေမှာ မိုးဦးမှာရွာတဲ့ မိုးရေနဲ့ဝါကြီး၊ ဝါကလေး စိုက်ကြတယ်။ မိုးနှောင်းကျ ဘာမှမစိုက်ကြဘဲ မြေလှပ်ပြီး အနားပေးထားတယ်။ နောက်နှစ်ကျတော့ အဲဒီယာခင်းမှာ မိုးဦးနှမ်းစိုက်တယ်။ မိုးနှောင်းပဲ တစ်မျိုးမျိုးစိုက်တယ်။ နှစ်သီးရတယ်။ တချို့ကျတော့ မိုးဦးမှာ မြေပဲစိုက်တယ်။ မြေပဲချည်းစိုက်တာမဟုတ်ဘူး။ မြေပဲနဲ့ ပဲစင်းငုံသီးညှပ် ရောစိုက်တယ်။ ပဲစင်းငုံကတော့ မိုးမရွာလည်းအထိုက်အလျောက်တော့ ရမှာပဲ။

     ပဲစင်းငုံစိုက်တော့ မြေလည်းကောင်းတယ်။ ထင်းလည်း ပဲစင်းငုံပင်စည်ရိုးကရတယ်။ ဟန်ကျတာပေါ့။ ဒါကို ရွှေဘိုဒေသမိုးကောင်းသောက်ယာတွေရှိတဲ့ မြို့အရှေ့ခြမ်းဒေသတွေမှာ အလုပ်ဝင်စ၊ အလုပ်သင်ကာလက လေ့လာတွေ့ခဲ့ရဖူးတယ်။ ပျဉ်းမနားဘက်ကျတော့ သီးလှည့်စနစ်ကတစ်မျိုးတွေ့လာရတယ်။ ပထမနှစ် စပါးစိုက်တယ်။ တစ်သီးပဲစိုက်တယ်။ ဒီနေရာမှာ ဒုတိယနှစ်ကျတော့မိုးဦးနှမ်းစိုက်တယ်။မိုးနှောင်းကြံစိုက်တယ်။ တစ်နှစ်မှာ နှစ်သီးလှည့်ပြီး တတိယနှစ်မှာကျတော့ ကြံကိုလမိုင်း (ဒုတိယနှစ်) ခုတ်ပြီး ကြံပင်အတက်ပြုစုပြီး ဆက်ထားတယ်။ စတုတ္ထနှစ်ကျတော့ ကြံလမိုင်းဖျက်ပြီး စပါးကို ပြန်လှည့်ပြီး စိုက်တယ်။

    မြေလှပ်ထားမှုမျိုးကတော့ မြေကြီးတစ်ကွက်ပေါ်မှာ ဆက်တိုက်ဆက်တိုက် နှစ်စဉ်စိုက်ပျိုးလာပြီး မြေသြဇာကုန်ခန်းလာတတ်တဲ့ တောင်ယာတွေမှာ ပြုလုပ်ကြပြီး မြေလှပ်ကာ နှစ်အတန်ကြာမှ အဲဒီလှပ်တဲ့မြေကို ပြန်လည်စိုက်ပျိုးတာမျိုးပါ။ အညာဒေသယာခင်းတွေမှာ မိုးဦးမှာ ဝါကြီး၊ဝါကလေးစိုက်ပြီး မိုးနှောင်းမှာ ဘာမှမစိုက်ပျိုးဘဲ မြေလှပ်တယ်လို့ ရှေ့ပိုင်းမှာ ရေးခဲ့တယ်။

    ယာမြေတွေက မြေညံ့တွေများတော့လှပ်ချင်လို့ လှပ်တာမဟုတ်ဘူး။ လှပ်ထားတဲ့မြေကွက်ကို နွားခြံလုပ်ပြီး နွားချေးမြေသြဇာရအောင် လုပ်လိုက်ကြတာပဲ။ ပြီးရင် နွားခြံဖျက်ပြီး ယာခင်းပြန်လုပ်တော့သီးနှံထွက်ကောင်းလာရော။မြန်မာနိုင်ငံ အောက်ပိုင်းဒေသ ရော်ဘာ၊ ဆီအုန်းစိုက်ခင်းတွေမှာ ကြားသီးနှံတွေစိုက်တာမျိုးက နှစ်သက်တမ်းရှည်အပင်က ငါးနှစ်လောက်ကြာမှ ဝင်ငွေရနိုင်တာကို ကြားကာလဝင်ငွေရအောင် ရာသီသီးနှံ (တစ်နှစ်နဲ့ ငွေရတာ) နာနတ်၊ပီလောပီနံနဲ့ ဟင်းသီးဟင်းရွက်တို့ကိုလည်း သီးညှပ်စိုက်ကြတယ်။ အပိုဝင်ငွေရအောင်စိုက်တာမျိုးဖြစ်တယ်။ 

    မြေကိုအအားမထားဘဲ မနားတမ်း စိုက်ကြတဲ့ စိုက်ခင်းတွေကတော့ သဘာ၀ မြေသြဇာ၊ ဓာတ်မြေသြဇာတွေကို လျော့သွားတဲ့မြေအာဟာရဓာတ်တွေ အမြဲပြန်ဖြည့်ထည့်ပေးရတယ်။ ဒါမျိုးကတော့ ရာသီ သီးနှံတွေထဲမှာ အချိန်တိုတိုနဲ့စိုက်ပြီး သိမ်းနိုင်တဲ့ ဟင်းသီးဟင်းရွက်အပင်တွေ စိုက်ကြတာများပါတယ်။ အများဆုံးတွေ့မြင်ရတာကတော့ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးတွေရဲ့ အနီးပတ်ဝန်းကျင်တွေပါပဲ။ သယ်ယူရတဲ့စရိတ်ရော၊ ဖြုန်းအားရောကောင်းလို့ နှစ်စဉ် စိုက်ခင်းတွေတိုးတိုးလာတာပါပဲ။ အခုတော့ ရန်ကုန်၊ မန္တလေး မကတော့ပါဘူး။ မြို့ကြီးတော်တော်များများမှာ ဒီလိုမြေအားမထားဘဲစိုက်တာတွေများနေပြီ။

    ကိုရဲ(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်


  • article
likes12comments0
views2498