cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီဒေသ မိုးရွာနိုင်ချေ နှင့် မြစ်ရေအခြေအနေ ⛈⛈‼‼

. ရာသီဥတု သတင်းများ
ဇူလိုင်လ (၅)ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမြို့နယ်အများစုမှာ မိုးရွာနိုင်ချေ ရာနှုန်း (၉၀) မှ (၁၀၀) ရှိနိုင်ပါတယ်။ မိုးဇလ၏ ဇူလိုင်လ (၅) ရက်နေ့ ၆:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်း မှာ ၁၀၃၄ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၈၄၉ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနိုင်ကြောင်း ရှိရပါသည်။
  • ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ၁၀ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အောက်ဖော်ပြပါမြို့နယ် ၂ဝ တွင် မိုးရွာရန် (၄၂)ရာခိုင်နှုန်းမှ (၁၀၀)အထိရှိနိုင်ပါတယ်ခင်ဗျာ။

    ဇူလိုင်လ (၅)ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီး အတွင်းမြို့နယ်အများစုမှာ မိုးရွာနိုင်ချေ ရာနှုန်း (၉၀) မှ (၁၀၀) ရှိနိုင်ပါတယ်။ မိုးဇလ၏ ဇူလိုင်လ (၅) ရက်နေ့ ၆:၃၀နာရီ တိုင်းတာချက်များအရ ဧရာဝတီမြစ်ရေမှတ်သည် ဟင်္သာတစခန်း မှာ ၁၀၃၄ စင်တီမီတာ (စိုးရိမ်ရေမှတ် ၁၃၄၂ စင်တီမီတာ) ရှိနေပြီး ဇလွန်စခန်း မှာ ၈၄၉ စင်တီမီတာ(စိုးရိမ်ရေမှတ် ၁၁၆၀ စင်တီမီတာ) ရှိနိုင်ကြောင်း ရှိရပါသည်။

    ၁။ ဟင်္သာတမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဟင်္သာတမြို့နယ်၏ မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၁၀၀)ရာခိုင်နှုန်းမှ (၇၂) ရာခိုင်နှုန်းအထိရှိပါသည်။ ဇူလိုင်လ (၅) ရက်နေ့မှာတော့ မိုးရွာရန် ၁၀၀ ရာခိုင်နှုန်း ရှိနိုင်ပြီး ဇူလိုင်လ (၉) ရက်နေ့မှာတော့ မိုးရွာရန် (၈၇) ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၇၀)ရာခိုင်နှုန်း ပတ်ဝန်းကျင် အခြေအနေရှိနိုင်ပါတယ်။

    ၂။ ညောင်တုန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ညောင်တုန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အပူချိန်အနေဖြင့် အမြင့်ဆုံးအပူချိန်မှာ ၃၁.၉°C မှ အနိမ့်ဆုံးအပူချိန်မှာ ၂၄.၇°C ရှိနိုင်ပါတယ်။

    ၃။ မအူပင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ မအူပင်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၃)ရာခိုင်နှုန်းမှ (၁ဝဝ) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ (၅) မှာ ရွာရန် ရာနှုန်းပြည့်ဖြစ်ပြီး ဇူလိုင်လ ၆၊ ၇၊ ၉၊ ၁၄ ရက်တွေမှာ မိုးရွာရန်ရာခိုင်နှုန်းမှာ (၈၀)ရာခိုင်နှုန်း အထက်မှာရှိပါတယ်။ ကျန်သောရက်များမှာ မိုးရွာရန် (၇၃) မှ (၇၉) အထိ ရှိနိုင်ပါတယ်ခင်ဗျ။

    ၄။ မြောင်းမြမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ မြောင်းမြမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) မှ (၇) ရက်နေ့ အထိ မိုးရွာရန် (၉၀) မှ (၉၉) ရာခိုင်နှုန်းအထိရှိနိုင်ပြီး ကျန်သောရက်များတွင် ၈၃ ရာခိုင်နှုန်း အောက်မှာပဲရှိနိုင်ပါတယ်ခင်ဗျာ။

    ၅။ ဓနုဖြူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဓနုဖြူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃)ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိနိုင်ပြီး အပူချိန်တွေကတော့ ၂၄ ရက်မှာ အမြင့်ဆုံး အပူချိန် ၃၁.၉°C မှ အနိမ့်ဆုံးအပူချိန် ၂၄.၇°C ရှိနိုင်ပါတယ် ခင်ဗျာ။

    ၆။ ပန်းတနော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ပန်းတနော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃) ရာခိုင်နှုန်းမှ (၉၆) ရာခိုင်နှုန်းအထိရှိနိုင်ပါတယ်။ ဇူလိုင်လ (၅၊၆) ရက်နေ့မှာ ရွာရွန်ရာနှုန်း(၉၂) အထက်မှာ ဖြစ်ပြီး ဇူလိုင်လ (၁၀)ရက်နေ့မှာ မိုးရွာရန် (၆၃) ရာခိုင်နှုန်းရှိနိုင်ပါတယ်။ ကျန်သော ရက်များတွင် မိုးရွာရန် (၇၀) ရာခိုင်နှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၇။ ကျိုက်လတ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျိုက်လတ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) ရက်နေ့မှာ မိုးရွာရန် (၉၉) ရာခိုင်နှုန်းဖြစ်ပြီး ဇူလိုင် (၁၂) ရက်များတွင် မိုးရွာရန် (၆၁) ရာခိုင်နှုန်း ရှိနိုင်ပါတယ်ခင်ဗျာ။

    ၈။ ဝါးခယ်မမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဝါးခယ်မမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) ရက်နေ့မှာ ရွာရန်ရာနှုန်း ၉၈ ဖြစ်ပြီး အမြင့်ဆုံးအပူချိန် ၃၁.၇ °C မှ အနိမ့်ဆုံးအပူချိန် ၂၄.၅ °C ရှိနိုင်ပါတယ်ခင်ဗျာ။

    ၉။ ကျုံပျော်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကျုံပျော်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) ရက်နေ့မှာ ရွာရန်ရာနှုန်း (၉၈) ရှိနိုင်ပြီး ဇူလိုင်လ (၁၄) ရက်တွင် မိုးရွာရန် (၅၈) ရာခိုင်နှုန်း သာရှိနိုင်ပါတယ်။ ဇူလိုင်လ (၆) မှ (၁၃) ရက်နေ့တွေမှာ မိုးရွာရန် ၆၃ ရာခိုင်နှုန်းနှင့် အထက်မှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁ဝ။ ဇလွန်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဇလွန်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၇၂)ရာခိုင်နှုန်းမှ (၁၀၀) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) ရက်နေ့မှာ ရွာရွန်ရာနှုန်းပြည့်ဖြစ်ပါတယ်။

    ၁၁။ လပွတ္တာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ လပွတ္တာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၀)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) ရက်နေ့မှာ ရွာရန် ရာခိုင်နှုန်း (၉၉) ရှိနိုင်ပါတယ် ခင်ဗျာ။

    ၁၂။ ပုသိမ်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ပုသိမ်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၉°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄.၅°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၃။ ဖျာပုံမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဖျာပုံမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါတယ်။ ဇူလိုင်လ (၅) ရက်နေ့မှာ မိုးရွာရန် (၉၉) ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ အမြင့်ဆုံးအပူချိန်မှာ ၃၁.၅°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၄°C အထိရှိနိုင်ကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၄။ အင်္ဂပူမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ အင်္ဂပူမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၃)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၅။ ကြံခင်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကြံခင်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၂)ရာခိုင်နှုန်းမှ (၉၂) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) နှင့် (၆) ရက်တွင် မိုးရွာရန် ရာခိုင်နှုန်း (၉၀) နှင့် အထက်မှာ ရှိနိုင်ပြီး ဇူလိုင် (၆) နှင့် (၈) ရက်နေ့မှာတော့ မိုးရွာရန် (၄၂ မှ ၄၃) ရာခိုင်နှုန်း သာရှိနိုင်ပါတယ်။ ကျန်ရက်များမှာ (၆၀) ရာခိုင်နှုန်းအထက်မှ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၆။ လေးမျက်နှာမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ လေးမျက်နှာမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၅၈)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ ဇူလိုင်လ (၅) ရက်တွင် မိုးရွာရန် ရာနှုန်း (၉၈) တွင်ရှိနိုင်ပြီး ဇူလိုင်လ (၁၄)ရက်နေ့မှာတော့ မိုးရွာရန် (၅၈)ရာခိုင်နှုန်း သာ ရှိနိုင်ပါတယ်။

    ၁၇။ ဒေးဒရဲမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ဒေးဒရဲမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။

    ၁၈။ မော်လမြိုင်ကျွန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၅)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်။ ဇူလိုင်လ (၅) ရက်တွင် မိုးရွာရန် ရာနှုန်း (၉၈) ဖြစ်ပြီး ကျန်ရက်များတွင် (၆၉)ရာခိုင်နှုန်း မှ (၈၈) ရာခိုင်နှုန်း အတွင်းမှာ ရှိနိုင်ပါတယ်ခင်ဗျာ။

    ၁၉။ ကန်ကြီးထောင့်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ကန်ကြီးထောင့်မြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၆)ရာခိုင်နှုန်းမှ (၉၈) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်း ပါးလိုပါ တယ်ခင်ဗျာ။

    ၂ဝ။ ငပုတောမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့မှ (၁၄)ရက်နေ့အထိ ငပုတောမြို့နယ်၏ မိုးလေ ဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၁)ရာခိုင်နှုန်းမှ (၉၉) ရာခိုင်နှုန်းအထိရှိပါကြောင်း သတင်းပါးလိုပါ တယ်။ ဇူလိုင်လ (၅) မှ (၇) ရက်နေ့များတွင် မိုးရွာရန် (၉၀) ရာနှုန်း အထက်မှာ ရှိနိုင်ပါတယ်။ ကျန်သောရက်များတွင် မိုးရွာရန် (၆၁) ရာခိုင်နှုန်းနှင့် အထက်တွင်ရှိ နိုင်ပါတယ်ခင်ဗျာ။

    စိုက်ပျိုးရေးအကြံပြုချက်

    ယခုကာလ ဟာ ပေါင်းမြက်နှင့် စပါးယှဉ်ပြိုင်ပြီး အစာလုရတဲ့ အချိန်ဖြစ်သလို စပါးငယ်စဉ်ပေါင်းသေချာမနှိမ်နင်းပါက ဆုံးရှုံးမှုများနိုင်ပါတယ်။ ဒါကြောင့် စပါး စိုက်ခင်းတွေမှာ ပေါင်းမြက်ဂရုစိုက်ကြဖို့ သတိပေးလိုက်ပါတယ်ခင်ဗျာ။

    စပါးခင်း ပေါင်းဘယ်လိုရှင်းမလဲ

    စိုက်ပျိုးပြီး ၁၅ -၂၅ ရက်သားအတွင်းပေါင်းနှိမ်ပါ။

    မြေသြဇာမကျွေးခင် ပေါင်းသင်ပေးပါ။

    ပေါင်းအမျိုးအစားကို မှန်ကန်အောင် ခွဲခြားပြီး မြန်မာစာ အညွှန်းပါတဲ့ တရားဝင် ပေါင်းသတ်ဆေးကို သုံးပါ။

    ဥပမာ - စပါးစိုက်ခင်းရှိ မြက်မျိုးနွယ်ဝင်၊ မြက်မုန်ညှင်း မျိုးနွယ်ဝင်နှင့် ရွက်ပြန့်ပေါင်းများ အတွက် Fenoxaprop-p-ethyl 13%(ဖီနောက်ဇာပရော့ပီအီသိုင်း)+ Quinclorac 50%(ကွင်ကလိုရတ်) + Pyrazosulfuron ethyl 7%(ပိုင်ရာဇိုဆာဖျူရွန်အီသိုင်း) ရေ ၄ဂါလံတစ်ပုံးတွင် ၄၀ ဂရမ်ထည့်သွင်းပြီး တစ်ဧက လျှင် ၂၀၀ ဂရမ် အသုံးပြုပါ။ ရွက်ဝိုင်းပေါင်းများကို စပါး ၂၀-၂၇ ရက်သားဝန်းကျင်မှာ တူးဖိုးဒီ သုံးပေးပါ။ တစ်ဧကကို ၃၀၀-၅၀၀စီစီနှုန်းသုံးပါ။

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်

    ယခုအပတ်အတွင်း အောက်ပါအချက်များကို လုပ်ဆောင်ရန် တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။

    • မိုးအုံ့၊ တိမ်ထူတဲ့ ရက်တွေမှာ အစာကျွေးခြင်းကို ရပ်ဆိုင်းထားရန်၊
    • ကန်ရေ အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ပေးရန်၊
    • ရေချဉ်ဖန်နှုန်းကို စစ်ဆေးပေးရန်၊
    • ကန်ရေအပူချိန် ရုတ်တရက်ပြောင်းလဲခြင်းကို သတိပြုရန်၊
    • မျိုးငါးများထည့်သွင်းမည့်ကန်များအနေဖြင့် ကျန်းမာသန်စွမ်းသည့် မျိုးငါးများကို ရွေးချယ်ရန်၊

    Weather Source: CIAT

    ----

    စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes9comments0
views3977