cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် စိုက်/မွေးအကြံပြုချက် (ပဲခူးတိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပဲခူး တိုင်းဒေသကြီးရှိ လက်ပံတန်း၊ မိုးညိုနဲ့ သာယာဝတီမြို့နယ်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၅၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိရှိပါတယ်။
  • ပဲခူးတိုင်းဒေသကြီးရှိ  လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊သာယာဝတီမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပဲခူး တိုင်းဒေသကြီးရှိ လက်ပံတန်း၊ မိုးညိုနဲ့ သာယာဝတီမြို့နယ်တွေမှာ မိုးရွာရန် ရာခိုင်နှုန်း ၅၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိရှိပါတယ်။ ယခုတစ်ပတ်အတွင်း မိုးညိုမြို့နယ်တွင် မိုးရွာနိုင်ခြေနည်းပြီး လက်ပံတန်းနဲ့ သာယာ ဝတီမြို့နယ်များတွင် အစောပိုင်းရက်များဖြစ်တဲ့ ၉ ရက်နေ့မှ ၁၂ နေ့အထိရက်များတွင် မိုးရွာနိုင်ပါကြောင်း သတင်း ပါးလိုပါတယ်ခင်ဗျာ။  

    အဆိုပါ မြို့နယ်များ၏ ပျှမ်းမျှအမြင့်ဆုံးအပူချိန်မှာ ၃၂.၂ စင်တီဂရိတ်အထိသာရှိနိုင်ပါကြောင်း သတင်း ပါးလိုပါတယ် ခင်ဗျာ။   

    လက်ပံတန်းမြို့နယ် 

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် လက်ပံတန်းမြို့နယ်တွင် မိုးရွာရန် ရာခိုင်နှုန်းအနေဖြင့် ၆၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိရှိပါတယ်။ အစောပိုင်း ရက်များဖြစ်သည့် ၉ ရက်နေ့မှ ၁၂ ရက်နေ့များတွင် မိုးရွာရန် ၇၈ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိရှိတဲ့အတွက် မိုးရွာနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ တိမ်ထူ၊ မိုးအုံ့နေမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    ပျှမ်းမျှ အမြင့်ဆုံးအပူချိန်မှာ ၃၁.၈ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး ပျှမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။   

    မိုးညိုမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် လက်ပံတန်းမြို့နယ်တွင် မိုးရွာရန် ရာခိုင်နှုန်းအနေဖြင့် ၅၅ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်း ရှိတဲ့အတွက် ယခုအပတ် အတွင်း မိုးရွာနိုင်ခြေနည်းပြီး တိမ်ထူ မိုးအုံ့နိုင်ပါတယ်။ 

    ပျှမ်းမျှ အမြင့်ဆုံးအပူချိန်မှာ ၃၂.၂ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး ပျှမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၆ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    သာယာဝတီမြို့နယ်  

    ၂ဝ၂၄ ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ ၁၅ ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် လက်ပံတန်းမြို့နယ်တွင် မိုးရွာရန် ရာခိုင်နှုန်းအနေဖြင့် ၆၅ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်း အထိရှိပါတယ်။ အစောပိုင်း ရက်များဖြစ်သည့် ၉ ရက်နေ့မှ ၁၂ ရက်နေ့များတွင် မိုးရွာရန် ၇၈ ရာခိုင်နှုန်းမှ ၉၅ ရာခိုင်နှုန်းအထိရှိတဲ့အတွက် မိုးရွာနိုင်ပါတယ်။ ကျန်ရက်တွေမှာတော့ တိမ်ထူ၊ မိုးအုံ့နေမည်ဖြစ်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    ပျှမ်းမျှ အမြင့်ဆုံးအပူချိန်မှာ ၃၁.၈ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပြီး ပျှမ်းမျှအနိမ့်ဆုံးအပူချိန်မှာ ၂၄.၃ ဒီဂရီ စင်တီဂရိတ်အထိ ရှိနိုင်ပါကြောင်း သတင်းပါးလိုပါတယ် ခင်ဗျာ။  

    စိုက်ပျိုးရေးအကြံပြုချက်    

    မိုးရာသီဖြစ်ခြင်း၊ မိုးများသော ဒေသဖြစ်ခြင်းတို့ကြောင့် စပါးခင်းများ ရေဝပ်နိုင်သဖြင့် ရေထုတ် မြောင်းများ စနစ်တကျဖော်ဆောင်ထားရန် တိုက်တွန်းလိုက်ပါတယ်။ အကယ်၍ စပါးခင်းများ အချိန်ကာလ ကြာမြင့်စွာ ရေဝပ်ပြီး ရေမထုတ်နိုင်ပါက စပါးနီတိုရောဂါ ကျရောက်နိုင်ပါတယ်။ ဒါကြောင့် စပါးနီတို(သို့) သံဆိပ်သင့် ပြဿနာ ကြိုတင်ကာကွယ်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ။ 

    နီတိုလက္ခဏာ 

    • အချဉ်ဓါတ်လွန်ကဲသောမြေ၊ ရေဝပ်မြေ၊ ရေအမြဲလှောင်ထားသောမြေများမှာ အဖြစ်များ။ 
    • စပါးရွက်ကြေးနီရောင်ပြောင်း။ 
    • ရောဂါဆိုးပါက စပါးရွက်က ခရမ်းရင့်ရောင်ပြောင်း၊ အပင်ပု၊ ပင်ပွားနည်း၊ အမြစ်ပွားမှုနည်း၊ အမြစ်များ ညိုမဲပုပ်၍ အပင်သေ။ 

    ကာကွယ်ခြင်း 

    • ပုလဲမြေဩဇာတစ်မျိုးတည်းကျွေးခြင်းရှောင်ပါ 
    • ပိုတက်နဲ့ဂျစ်ပ်ဆမ် မြေဩဇာများကျွေးပါ 
    • ရေသွင်းရေထုတ်လုပ်ပေးပါ 
    • ဖော့စ်ပရပ် ၊ မဂ္ဂနီစီယမ်မြေဩဇာများ လုံလောက်စွာကျွေးပါ 

    Source:Htwet Toe  

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်    

    ယခုအပတ်အတွင်း တိမ်ထူခြင်း၊ မိုးအုံ့ခြင်းများ ဆက်လက်ဖြစ်ပေါ်နိုင်တဲ့အတွက် ငါး/ပုဇွန် တောင်သူ ဦးကြီးများအနေဖြင့် အစာလျော့ကျွေးဖို့ အထူးတိုက်တွန်းလိုပါတယ်။ ပျော်ဝင်အောက်ဆီဂျင်လျော့နည်း နိုင်တဲ့အတွက် ရေဒလတ်တပ်ဆင်ခြင်း ကဲ့သို့သော အောက်ဆီဂျင်ရရှိနိုင်မည့် နည်းလမ်းများကိုလည်း ဆောင်ရွက် ပေးဖို့ တိုက်တွန်းလိုပါတယ်။ မိုးကာလဖြစ်တဲ့အတွက် ရေကြီး ရေလျှံခြင်းမှ ပြင်ပရေများ ကန်အတွင်း ဝင်ရောက် လာနိုင်တဲ့အတွက် ကာကွယ်ရေးနည်းလမ်းများနဲ့ ငါးကန် ရေထုတ်ပေါက်များကို ဆောင်ရွက်ထားဖို့လည်း တိုက်တွန်းလိုက်ပါတယ် ခင်ဗျာ။  

    Weather Source: CIAT   

    ------------------   

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက     

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download   

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483    

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။   


  • article
likes9comments0
views3141