cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကကတစ်ငါး၏သဘာဝ🐳🐳

. ငါးမွေးမြူရေးဆောင်းပါးများ
ကကတစ်ငါး၏ သဘာဝမှာ ရေငန်တွင် ဥချသားပေါက်ပြီး ရေချိုအရပ်တွင် ကြီးထွားရသော သဘာဝ ဖြစ်ပါသည်။ ကကတစ်ငါးသည် ငယ်ရွယ်စဉ်တွင် လိင်စုံပါရှိသော သတ္တဝါမျိုးဖြစ်ပြီး ၊ အလေးချိန် ၁ပိဿာ ၈၀ မှ ၂ပိဿာအရွယ်တွင် အမအင်္ဂါဖွံ့ဖြိုး ကြပါသည်။ ၁ပိဿာ ၈၀အရွယ်သည် အထီးအင်္ဂါဖွံ့ဖြိုး ကြပါသည်။
  • ကကတစ်ငါးသည် မြန်မာနိုင်ငံတွင် လူကြိုက်များသော ငါးမျိုးစိတ်ဖြစ်သည့်အပြင် ဈေးကောင်း ရရှိသော ငါးမျိုးဖြစ်ပါသည်။ ကကတစ်ငါးသည် Giant sea perch (or) Sea bass ဟုခေါ်ဆိုကြပါသည်။ အပူ ပိုင်းနှင့် သမအနွေးပိုင်းဒေသများ၌ စီးပွားရေးအရ အရေးပါသောငါးမျိုးဖြစ်ပါသည်။ ကကတစ်ငါးမျိုးစိတ် အား ထိုင်ဝမ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားနှင့် ထိုင်းနိုင်ငံကမ်းရိုးတန်းဒေသများတွင် တွေ့ရှိနိုင်ပြီး ၊ မြန်မာနိုင်ငံ ရခိုင် ၊ဧရာဝတီနှင့် မွန် တနင်္သာရီ ကမ်းရိုးတန်းများတွင်လည်း ပေါများစွာတွေ့ ရှိရပါသည်။ ထိုင်ဝမ်၊ မလေးရှား ၊အင်ဒိုနီးရှားနှင့် ဖီလစ်ပိုင် နိုင်ငံများရှိ ရေချို ရေငန်စပ်ဒေသများ၊ ရေချိုဒေသများတွင် မြေလှောင်ကန်ဖြင့် လည်းကောင်း ၊ ပိုက်လှောင်အိမ် (Net Cage)များ၊ ငါးလှောင်ခြံ (Pen culture) ဖြင့်လည်းကောင်းမွေးမြူကြပါသည်။

    ကကတစ်ငါး၏ သဘာဝမှာ ရေငန်တွင် ဥချသားပေါက်ပြီး ရေချိုအရပ်တွင် ကြီးထွားရသော သဘာဝ ဖြစ်ပါသည်။ ကကတစ်ငါးသည် ငယ်ရွယ်စဉ်တွင် လိင်စုံပါရှိသော သတ္တဝါမျိုးဖြစ်ပြီး ၊ အလေးချိန် ၁ပိဿာ ၈၀ မှ ၂ပိဿာအရွယ်တွင် အမအင်္ဂါဖွံ့ဖြိုး ကြပါသည်။ ၁ပိဿာ ၈၀အရွယ်သည် အထီးအင်္ဂါဖွံ့ဖြိုး ကြပါသည်။ ရေငန်နှုန်း 30 ppt တွင် သားဥချ သားပေါက်ပြီး ရေချို ရေငန်စပ် (သို့မဟုတ်) ရေချိုတွင် ကြီးထွားသော ငါးမျိုးဖြစ်ပါသည်။ ကကတစ်သားပေါက် ၁၅-၂၀ရက်သား ၊ ၀.၄ မှ ၀.၉ စင်တီမီတာအရွယ်အစား ကကတစ်သားပေါက်များကို ရေချို ရေငန်စပ်ဖြစ်သော ကမ်းရိုးတန်းတစ်လျှောက် ဒီရေရောက်သောနေရာ နှင့် ဒီရေတောများအတွင်းတွင် တွေ့ရှိရပါသည်။ ၁စင်တီမီတာအရွယ်ရှိ သားပေါက်များကို ရေငန်နှုန်း နည်းပါးသည့် ‌ဒေသနှင့် ရေချိုဒေသများတွင် တွေ့ရှိရပါသည်။ ရေချိုဒေသတွင် ကကတစ်ငါးသည် ကြီးထွားပြီး ၃-၄ နှစ်သားအရွယ် ၂ပိဿာမှ ၆ ပိဿာအထိ သက်ကြီးကောင် အဆင့်အထိ ရေချိုတွင် နေထိုင်ပြီး မိတ်လိုက် ဥချရန် ရေငန်ရှိရာ ပင်လယ်ပြင်သို့ ပြောင်းရွေ့နေထိုင်ကြပါသည်။ ရေငန်နှုန်း 30-32 ppt ရှိ မှသာ ၄င်းတို့၏မျိုးပွားအင်္ဂါမှာ ဖွံ့ဖြိုးနိုင်ကြပြီး ရေချိုကန်တွင် မွေးမြူသော ကကတစ်ငါးများသည် အရွယ်အစားကြီးမားသော်လည်း မျိုးပွားအင်္ဂါများ ဖွံ့ဖြိုးမှုမရှိကြောင်း တွေ့ရပါသည်။

    ကကတစ်မျိုးပွားမှုဖြစ်စဉ်သည် ရေထရက်ဖြစ်သော လပြည့် လကွယ် ရက်များနှင့် ဆက်နွယ်မှုရှိ ကြပါသည်။ သဘာဝရေပြင်တွင်လည်းကောင်း ၊ သားပေါက်စခန်းတွင်လည်းကောင်း ည ၁၈ နာရီမှ ၂၄နာရီ အတွင်း မိတ်လိုက် ဥချတတ်ပါသည်။ ကကတစ်ငါး၏ သားပေါက်ရာသီမှာ ဖေဖော်ဝါရီ၊ မတ်လ မှ ဇူလိုင်လ အတွင်း ဖြစ်ပြီး ပူနွေးသောဒေသများတွင် အေးသည့်လ အနည်းငယ်မှ လွဲပြီး တစ်နှစ်ပတ်လုံး သားပေါက်နိုင် ကြောင်း သိရှိရပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ----

    မွေးမြူရေးပြဿနားများကို အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။ လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။


  • article
likes4comments2
views2856