cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးမှုန်နှင့် ငါးသန်များမွေးမြူရေးရာတွင် ကန်အတွင်း ထည့်သွင်းရမည့်အကောင်အရေအတွက်နှင့် ငါးရိုင်းနှင့် ရေပိုးများသတ်ပေးခြင်း အကြောင်း

. ငါးမွေးမြူရေးဆောင်းပါးများ
ဥမှပေါက်ပြီး (၃)ရက်ပြည့်ပါက အဆိုပါငါးမှုန်များကို ကန်အတွင်းပြောင်းရွှေ့မွေးမြူနိုင်ပါသည်။ ငါးမှုန်များကို ကန်အတွင်း ပြောင်းရွှေ့မွေးမြူရာတွင် တစ်ဧကလျှင် ငါးမှုန်ကောင်ရေ (၁၅) သိန်းမှ (၂၀)သိန်းအထိ ထည့်သွင်းမွေးမြူရပါသည်။
  • ဒီတစ်ပတ်မှာတော့ ငါးမှုန်၊ ငါးသန်များ မွေးမြူခြင်းနဲ့စပ်လျဉ်းပြီး ရေပိုးသတ်ပေးခြင်း၊ ငါးရိုင်းသတ်ခြင်းတွေ အပါအဝင် မွေးရာတွင် ကန်အတွင်းထည့်သွင်းပုံအဆင့်ဆင့်၊ ကန်ထဲထည့်ရမယ့် အကောင်အရေအတွက်ကို ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။

    ငါးရိုင်းသတ်ခြင်းနှင့် ရေပိုးများသတ်ခြင်း

    ငါးမှုန်ကန်တွင် ငါးမှုန်များပြုစုရာတွင် ကန်ရေအတွင်းငါးရိုင်းများနှင့် ရေပိုးများ မရှိမှသာလျှင် ငါးမှုန်များအသက်ရှင်နှုန်း များပါမည်။ ငါးရိုင်းများနှင့် ရေပိုးများသည် ငါးမှုန်များကို ဖမ်းဆီးစားသောက်ခြင်း နှင့် ကိုက်ဖြတ်စားသောက်သဖြင့် ငါးမှုန်များ သေကြေကြပါသည်။ ထို့ကြောင့် ရေပိုးများနှင့် ငါးရိုင်းများ ကို ငါးမှုန်မထည့်မှီ ကန်အတွင်းမှ ရှင်းလင်းရန်လိုအပ်ပါသည်။

    ရေပိုးများမကျရောက်စေရန်အတွက် နည်းလမ်းများစွာ ရှိပါသည်။ ကာလီမက်ဆေးကိုသုံးခြင်းဖြင့် လည်း ရေပိုးများ ဖယ်ရှားနိုင်ပါသည်။ ငါးရိုင်းများအတွက် ရိုတီနှုံးဆေးကို သုံးစွဲပါက ငါးရိုင်းများသေကြေ နိုင်ပါသည်။ ရေပိုးနှင့် ငါးရိုင်းများ ရှင်းပြီးမှသာ ငါးမှုန်များကို ကန်အတွင်းသို့ လွှတ်ပေးရပါမည်။ ကန် အတွင်း ပတ်ပတ်လည်တွင် မြက်များ၊ အပင်များရှိပါကလည်း ရှင်းလင်းပေးရပါမည်။

    ကန်အတွင်း ထည့်သွင်းခြင်း နှင့် ထည့်သွင်းရမည့် နှုန်း

    ငါးကြင်းအုပ်စုဝင်ငါးမျိုးစိတ်များသည် အမနှင့် အထီးမိတ်လိုက် ဥချပြီး သားပေါက်ကြရပါ သည်။ အဆိုပါသားပေါက်များသည် ဥမှအကောင်ပေါက်ပြီးအချိန်တွင် (၃)ရက်အထိ မိမိတို့ ကိုယ် တွင်းတွင် ပါလာသောအစာဖြင့် အသက်ရှင်ကြပါသည်။ (၃)ရက်ကျော်ပါက ငါးသားပေါက် (ငါးမှုန်) များကို ဖြည့်စွက်စာအဖြစ် အာဟာရအရည်များကို စတင်ကျွေးနိုင်ပါသည်။

    ဥမှပေါက်ပြီး (၃)ရက်ပြည့်ပါက အဆိုပါငါးမှုန်များကို ကန်အတွင်းပြောင်းရွှေ့မွေးမြူနိုင်ပါသည်။ ငါးမှုန်များကို ကန်အတွင်း ပြောင်းရွှေ့မွေးမြူရာတွင် တစ်ဧကလျှင် ငါးမှုန်ကောင်ရေ (၁၅) သိန်းမှ (၂၀)သိန်းအထိ ထည့်သွင်းမွေးမြူရပါသည်။ ငါးမှုန်များထည့်သွင်းမွေးမြူမည့် ကန်ရေအနက်သည် (၁)ပေခွဲမှ (၂)ပေသာ ထားရှိရပါမည်။ ကန်ရေသည် ရွှံ့၊ နှုံးတို့ကြောင့် နောက်ကျိခြင်းမရှိရပါ။ ရေဩဇာ ပြုလုပ်ထားပါကလည်း အစိမ်းနုရောင်သာရှိသင့်ပြီး၊ ရေကြည်နှုန်းသည် ၁၂လက်မ မှ (၁၈)လက်မအထိ ထားရှိပေးရပါမည်။

    မွေးမြူရက် (၁၄)ရက်မှ (၂၁)ရက် အကြာတွင် ငါးသန်အဆင့်ရောက်ရှိလာပါသည်။ အဆိုပါ အခြေအနေတွင် အာဟာရပြည့်သောအစာမှုန့်များ ကျွေးရပါမည်။

    ငါးသန်အဆင့်ရောက်သောငါးသားပေါက်များသည် အလျား (၀.၅)မှ (၀.၇၅)လက်မ အထိ ရှိကြပါသည်။ အဆိုပါ ငါးသန်များကို ၄လက်မ မှ ၆လက်မအထိ ငါးဖျန်းအဆင့်အထိမွေးမြူနိုင်ရန် ကန်ပြောင်းမွေးမြူနည်းစနစ်ကိုဆောင်ရွက်ပေးရပါမည်။ ငါးသန်မှ ငါးဖျန်းအဆင့်မွေးမြူရာတွင် တစ်ဧကလျှင် ငါးကောင်ရေ (၂)သိန်းအထိ ထည့်သွင်းမွေးမြူရပါမည်။

    Source: Htwettoe


  • article
likes10comments0
views3177