ပန်းများပွင့်စေ ဆားခါးဖျော်ရည်
ဆားခါးမှာ အပင်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဒြပ်စင်နှစ်မျိုး ဖြစ်တဲ့ မဂ္ဂနီဆီယမ် နှင့် ဆာလ်ဖာ လို့ခေါ် တဲ့ကန့်ဓာတ်တို့ ပါဝင်နေလို့ပါ။ အပင်တွေအစာချက်လုပ်ဖို့အတွက် အဓိကလိုအပ်တဲ့ အစိမ်းရောင်ချယ်ကလိုရိုဖီးလ် ရဲ့အဓိကဓါတ်ဟာ မဂ္ဂနီဆီယမ်ပါ။ အပင်များစိမ်းစိုနေစေဖို့ မဂ္ဂနီဆီယမ်မြေသြဇာကို အသုံးပြုပေး နိုင်ပါတယ်။ ဒါမှသာ အစာချက်လုပ်ဖို့အတွက် အရွက်တွေဟာ စိမ်းစိုနေမှာဖြစ်ပြီး အပင်ကြီးထွားမှုအတွက် အထောက်အကူပြုစေ မှာဖြစ်ပါတယ်။
• ဆားခါး သို့မဟုတ် မဂ္ဂနီဆီယမ် ဆာလ်ဖိတ်သည် စိုက်ပျိုးပင်များကို ပိုစိမ်းအောင်နှင့် ပန်းပွင့်စေတတ်သောအစွမ်းရှိသည်။
• ထို့ ဆားခါးကို ပရဆေးဆိုင်များ နှင့် ဓါတုဆေးဆိုင်များတွင် အလွယ်တစ်ကူဝယ်ယူရရှိနိုင်ပါသည်။
• ရေ တစ်ဂါလံတွင် လက်ဖက်စားဇွန်း ၃ ဇွန်း မှ ၅ ဇွန်းဖျော်စပ်ပြီး အရွက်စား ဟင်းသီးဟင်းရွက်တွေကို ဖျန်းပေးနိုင်ပါသည်။
• နှင်းဆီ နှင့် ခရမ်းချဉ် ပင်တွေလို အပွင့် အသီးအတွက်ကတော့ ဆားခါး လက်ဖက်စားဇွန်း တစ်ဇွန်းကို လက်စ်ဆုပ်စာ မြေနှင့်လုံး၍ လည်းထည့်ပေးနိုင်ပါတယ်။
References - https://www.epsomsaltcouncil.org/.../epsom-salt-for.../
- Htwettoe
- ဦးဖရက်သိန်းဖေ စိုက်ပျိုးရေးဆောင်းပါး
-----
ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး -https://htwettoe.com/download ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။