လက်ပံတန်းနဲ့ကြို့ပင်ကောက်မှာ မြစ်ရေတက်လို့ စိုက်ခင်းဧကသောင်းချီနစ်မြုပ်နေ
ပဲခူးတိုင်းအနောက်ပိုင်း၊ သာယာ၀တီခရိုင်ထဲက ကြို့ပင်ကောက်မြို့နယ်နဲ့ လက်ပံတန်းမြို့နယ်ထဲကရွာတွေမှာ ဧရာဝတီမြစ်ရေတက်မှုကြောင့် လယ်ဧကသောင်းနဲ့ချီ ရေနစ်မြုပ်နေတယ်လို့ သိရပါတယ်။
ကြို့ပင်ကောက်နဲ့ လက်ပံတန်းမြို့နယ်မှာ ဇူလိုင် ၁၅ ရက်လောက်ကစပြီး မြစ်ရေတက်လာပြီးနောက် ကျေးရွာတွေထဲပါရေနစ်နေတဲ့အပြင် လယ်ယာစိုက်ခင်းတွေပါ ရေနစ်မြုပ်နေတာဖြစ်တယ်လို့သိရပါတယ်။
" လက်ပံတန်းမြစ်ရေတက်တာ ရွာတွေတော်တော်များများနစ်နေပြီဆိုတော့ လယ်တွေကအကုန်ရေနစ်ကုန်တယ်။ခုထိတော့ရေမကျသေးဘူး။ရေကျသွားရင်တောင်စိုက်ခင်းတွေကတော့ပျက်စီးမှုရှိနိုင်တာပေါ့ " လို့ လက်ပံတန်းဒေသခံတစ်ဦး ကပြောပါတယ်။
လက်ပံတန်းမြို့နယ်အတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ မြစ်မခမြစ်ရေ အတက်ကြမ်းနေတာကြောင့် ကျေးရွာပေါင်း ၃၀ လောက်အထိရေတွေဝင်ရောက်ပြီး စိုက်ခင်းတွေဖြစ်တဲ့မိုး စပါး၊ နှမ်း၊မြေ ပဲ ၊ပြောင်း အပါအဝင် သီးနှံဧက ထောင်နဲ့ချီပြီး ရေနစ်မြုပ်ခံနေရတာဖြစ်ပါတယ်။
လက်ရှိမှာ လက်ပံတန်းမြို့နယ်ထဲက ကနစိုးကုန်း၊ ခမုံ၊ ချောင်းသုံးခွ၊ ဂုံညင်းတန်း၊ ဇိုင်းသွယ်၊ တော်လဿ၊ ပေါက်တော၊ ဘီးလင်း၊ မဟာပေါင်း၊ သူဌေးကုန်း စတဲ့ ကျေးရွာ ၃၀ကျော်မှာရေတွေဝင်ရောက်နစ်မြုပ်နေတာဖြစ်ပါတယ်။
ကြို့ပင်ကောက်မြို့နယ်မှာဆိုရင်လည်း နေအိမ်တွေအပါအဝင် စပါး၊နှမ်း၊မြေပဲအပါအဝင် သီးနှံစိုက်ဧက သောင်းနဲ့ချီပြီးရေနစ်မြုပ်ခံနေရတာဖြစ်တယ်လို့သိရပါတယ်။
" ဒီဘက်ကစပါးပိုစိုက်ကြတာ။နှမ်းလည်းစိုက်ကြတယ်။ရေဝင်နေတာ ဒီနေ့အထိပဲ။ခုထိရေမကျသေးတော့တောင်သူတွေဒုက္ခရောက်နေတယ်။စပါးပင်ကနည်းနည်းဒဏ်ခံနိုင်ပေမယ့် ပဲ၊နှမ်းကတော့ ပျက်စီးဖို့များတယ် " လို့ ကြို့ပင်ကောက်ဒေသခံကပြောပါတယ်။
AMIA မှ ကူးယူဖော်ပြအပ်ပါသည်။
photo - internet
----
မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနားများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။
လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့် နှိပ်ပါ။