cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အသားအရေလှပခြင်းအတွက် နနွင်းအကျိုးအာနိသင်

. ကျန်းမာရေးဆောင်းပါးများ
အသားအရေလှပခြင်းအတွက် နနွင်းအကျိုးအာနိသင် (၈) ချက် (သို့မဟုတ်) ကျန်းမာပြီး ဝင်းလတ်တောက်ပတဲ့ အရေပြား ထိန်းသိမ်းခြင်း သော့ချက်
  • အသားအရေလှပခြင်းအတွက် နနွင်းအကျိုးအာနိသင် (၈) ချက် (သို့မဟုတ်) ကျန်းမာပြီး ဝင်းလတ်တောက်ပတဲ့ အရေပြား ထိန်းသိမ်းခြင်း သော့ချက် 

     

    “အသားအရေအတွက် အစွမ်းထက်နနွင်းရဲ့ အကျိုးကျေးဇူးတွေကို သိရှိပြီးတာနဲ့ သင့်အသားအရေ ထိန်းသိမ်းမှုကို ပုံမှန်အတိုင်း ထားလို့မရတော့ပါဘူး” 

     

    ကမ္ဘာတစ်ဝှမ်းမှာ နနွင်းကိုဟင်းခတ်အမွှေးအကြိုင်အဖြစ် အသုံးများပြီး ဂျင်းအပင် အုပ်စုမှ အမြစ်အပင်တစ်မျိုး ဖြစ်သည်။ အထူးသဖြင့် တောင်အာရှနှင့် အရှေ့တောင်အာရှတို့တွင် အသုံးများပြီး Curcumin ဟုခေါ်သော နနွင်း၏ အဓိက ဓာတုပစ္စည်းကြောင့် နနွင်းတွင် တောက်ပသော အဝါရောင်ရှိသည်။ 

    သဘာဝပါဝင်ပစ္စည်း(Curcumin) သည် ဟင်းလျာတစ်ခုစီတိုင်းအတွက် ကောင်းမွန်ပြည့်စုံသော  ပါဝင်ပစ္စည်း ဖြစ်သည့်အပြင် အခြားသောကျန်းမာရေးအကျိုးကျေးဇူးများကြောင့် နနွင်းကိုအသားအရေ ထိန်းသိမ်းခြင်း  အတွက် အလှအပဆိုင်ရာထုတ်ကုန်တစ်ခုအဖြစ် ရာစုနှစ်များစွာကြာအောင် အသုံးပြုခဲ့သည်။ ဒါကြောင့်လည်း နနွင်းကို အသားအရေထိန်းသိမ်းမှုရဲ့ စူပါဟီးရိုးလို့ ခေါ်ဆိုကြပါတယ်။ ဒီရွှေဝါရောင်အမွှေးအကြိုင် တွေကနေ အသားအရေကိုထိခိုက်စေတဲ့ လေထုညစ်ညမ်းမှုတွေကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းသတ္တိကို ပေးစွမ်းနိုင်ပြီး အသားအရေကို ပြင်းထန်တဲ့ ဓာတ်တိုးဆန့်ကျင်မှု (antioxidant) နဲ့ ရောင်ရမ်းဆန့်ကျင်မှု စတဲ့ အကျိုးကျေးဇူး တွေကို ပေးစွမ်းနိုင်ပါတယ်။ 

    ဒါကြောင့် သင့်တနေ့တာမှာ အသားအရေအတွက် နနွင်းကို ဘယ်လိုသုံးရမလဲ ဆိုတာ သိချင်တယ်ဆိုရင်တော့ သိထားသင့်တဲ့အရာအားလုံးကို ဒီနေ့ ပြောပြမှာဖြစ်လို့ သင့်မီးဖိုချောင်ကနေ အလှကုန်ပစ္စည်းကိုယ်တိုင် မှာယူလို့ရပြီနော်။  

    နနွင်းက အသားအရေအတွက် ဘာတွေလုပ်ဆောင်ပေးလဲ။ 

    နနွင်းဟာ သင့်မျက်နှာကို နေရောင်နည်းနည်းဖြန်းသလိုတောက်ပနေမှာပါပဲ။ နနွင်းကို ဟင်းလျာအတွက်ပါဝင် ပစ္စည်းတစ်ခု အနေနဲ့သာမကဘဲ သင့်အသားအရေထိန်းသိမ်းမှုမှာ အသုံးပြုမယ်ဆိုရင် အလှအပဆိုင်ရာ အကျိုး ကျေးဇူး တွေလည်း အများကြီးရှိပါတယ်။  

     

    အဓိက သဘာဝပါဝင်ပစ္စည်းဖြစ်တဲ့ Curcumin ရဲ့ အစွမ်းသတ္တိသည်  မျက်နှာပေါ်ကဝက်ခြံတွေကို လျော့ချပေး နိုင်တဲ့အပြင်၊ အသားအ‌‌ရေအရောင်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမည်းစက်တွေကို လည်းဖယ်ရှား ပေးနိုင်လို့ ပတ်ဝန်းကျင်ညစ်ညမ်းမှု့ကနေ အသားအရေ ပျက်စီးစေမှုကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိတဲ့အတွက် ရာစုနှစ် ပေါင်းများစွာကတည်းက သဘာဝအလှကုန်အဖြစ် အသိမှတ်ပြု ခံခဲ့ရပါတယ်။  

     

    *သတိပေးချက်- နနွင်းဟာအသုံးပြုပြီး အသားအရေထိန်းသိမ်းမှုပုံစံကို စွဲလမ်းမှုမဖြစ်စေချင်ရင် နောက်ကို ဆက်မဖတ်ပါနဲ့* 

    နနွင်းရဲ့ အသားအရေကောင်းမွန်စေခြင်း အကျိုးကျေးဇူး(၈) မျိုး 

    အရင်ကပြောခဲ့သလိုပဲ နနွင်းဆိုတဲ့ ဒီဟင်းခတ်အမွှေးအကြိုင်က အသားအရေအမျိုးအစားအားလုံးအတွက်  အလှပ‌ရေးရာထိန်းသိမ်းဖို့ရာ အသုံးဝင်တဲ့အတွက် အရေပြားအလှအပထိန်းသိမ်းဖို့‌ နနွင်းရဲ့ အဓိက အကျိုးကျေးဇူး (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။ 

    ၁။ ဝက်ခြံများကို ကုသပေး 

    အကယ်၍ သင်သည် ဝက်ခြံပေါက်ခြင်းကို ခံစားရဖူးပါက ဝက်ခြံပေါက်ခြင်းက ကုသရန် မည်မျှခက်ခဲပြီး ရှက်စရာ ကောင်းကြောင်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ သတင်းကောင်းကတော့ နနွင်းဟာ ဒီအသားအရေကို ထိရောက်စွာ ကုသစေနိုင်ပါတယ်။  

     

    Curcumin သည် အလွန်ကောင်းမွန်သော ပိုးသတ်ဆေးဖြစ်ပြီး ရောဂါပိုးမွှားများကို တိုက်ဖျက်နိုင်တယ်လို့ မှတ်ယူနိုင် ပါသည်။ ဆိုလိုသည်မှာ နနွင်းသည် ဝက်ခြံဖြစ်စေသော ဘက်တီးရီးယားများ ပေါက်ပွားမှုကို လျှော့ချ ပေးကာ ဝက်ခြံအသစ်များ မပေါ်စေရန် တားဆီးပေးပြီး ရှိပြီးသား ဝက်ခြံများကို ကုသရန် ကူညီပေးသည့်နေရာကို သန့်စင် ပေးသည်။  

     

    ထို့အပြင်၊ ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများက ဝက်ခြံပေါက်ခြင်းကြောင့် ဖြစ်ရသည့် စိတ်အနှောက် အယှက်ဖြစ်ခြင်း ၊ တစ်ခါတစ်ရံ နာကျင်ခြင်း၊ နီခြင်းနှင့် ယားယံခြင်းတို့ကို ကုသရန် ကူညီပေးသည်။ ဒါကြောင့် ဝက်ခြံအတွက် နနွင်းဟာ ပြီးပြည့်စုံတဲ့ ဖြေရှင်းချက်တစ်ခုဖြစ်ပါတယ်။ 

     

    နနွင်းဖြစ်ပြုလုပ်သော မျက်နှာဖုံး (Face mask) သည် ဝက်ခြံကြောင့်ဖြစ်ရသည့် အမာရွတ်များကို ပိုမိုသက်သာ စေရန်အတွက် အကောင်းဆုံး ဖြစ်ပြီး တစ်ချိန်တည်းမှာပင် အဆီကြည်ဂလင်းများမှ အဆီထွက်ခြင်းကို လျှော့ချ ပေးသည်။ 

    ၂၊၊ Lightening and depigmentation စူပါဟီးရိုး 

    နနွင်းက အသားအရေကို ကြည်လင်စေသလား။ ဟုတ်ပါတယ်၊ အရောင်ဖျော့ခြင်းနဲ့ပတ်သက်လာရင် ရွှေဝါရောင် အမွှေးအကြိုင်က ကောင်းမွန်တဲ့ပစ္စည်းလို့ပြောရင် အံ့သြစရာမရှိပါဘူး။ အမည်းစက်များ၊ အစက်အပြောက်များ၊ ဝက်ခြံအမာရွတ်များနှင့် အသားအရည်ကို မညီမညာဖြစ်စေသော အခြားကြမ်းတမ်း သောအရောင်အသွေးနှင့် အစက်အပြောက်များကို ဖယ်ရှားရန် အံ့သြဖွယ်ကောင်းသော သဘာဝပစ္စည်း တစ်ခုဖြစ်ပါတယ်။ အဘယ် ကြောင့်ဆိုသော် curcumin သည် မယ်လနင် (melanin) ခေါ် ရောင်ခြယ် ထုတ်လုပ်မှုကို ဟန့်တားနိုင်ပြီး melanin ပိုလျှံမှုကို ဖယ်ရှားနိုင်သောကြောင့် ရှိပြီးသား အစက်အပြောက်များကို ကုသရာတွင်လည်းကောင်း နောင်တွင် လည်း  အစက်အပြောက်များထပ်ဖြစ်ခြင်းကို တားဆီးနိုင်သည်။  

    နနွင်းကို လိမ်းဆေးအဖြစ် အသုံးပြုခြင်းသည် အသားအရေ၏ အသွင်အပြင်ကို သိသိသာသာ ကောင်းမွန်စေ သည့် နည်းလမ်းကောင်းဖြစ်သောကြောင့် သဘာဝအတိုင်း ကျန်းမာပြီး ချို့ယွင်းမှုကင်းသော အသားအ‌‌ရေကို ပိုင်ဆိုင် သွားမည်ဖြစ်သည်။  

    အဆိပ်အတောက်ပြင်းထန်တဲ့ ဓာတုပစ္စည်းတွေကို မသုံးစွဲဘဲ အနက်ရောင်အကွက်တွေကို ဖယ်ရှားချင်လို့ ဒါမှမဟုတ် လှပတဲ့အရေပြားအရောင်ကို ရရှိဖို့ ရှာဖွေနေတယ်ဆိုရင် နနွင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ခုပါ။ 

    ၃။ အိုမင်း ရင့်ရော်မှုကို တားဆီးပေးမဲ့ ဓာတ်တိုးဆန့်ကျင် (Antioxidant) ဂုဏ်သတ္တိများ 

    နနွင်းရဲ့ ဓာတ်တိုးဆန့်ကျင် (Antioxidant) ဂုဏ်သတ္တိတွေအကြောင်း အများကြီးပြောနေကြပေမယ့် ဘာကြောင့် အရမ်းအရေးကြီး တာလဲ။ အရေပြားကို နေ့စဉ် ညစ်ညမ်းစေသော ဖရီးရယ်ဒီကယ်များ နှင့် ထိတွေ့ခြင်းဖြင့် ဖြစ်စေနိုင်သော ဓာတ်တိုးပျက်စီးမှုများမှ နနွင်း၏ Antioxidants များက ကာကွယ်နိုင်ပါသည်။ စိတ်ဖိစီးမှု များကြောင့် ဖြစ်ပေါ်လာသော ဖိအားများသည် ဆဲလ်များကို ပျက်စီးစေပြီး အရွယ်မတိုင်မီ အိုမင်းရင့်ရော်ခြင်း၊ အမဲစက်များနှင့် အသားအရေမွဲခြောက်ခြင်းကို ဖြစ်စေနိုင်သည်။  

     

    ဒါကြောင့်နနွင်းမှာ Antioxidant  ပါဝင်ခြင်းဟာ အရေပြားကို ဓာတ်တိုးပျက်စီးမှုမှ ကာကွယ်ပေးတဲ့အတွက် အရေပြားအသစ်မပေါ်အောင် ကာကွယ်ပေးပါတယ်။ ဤသဘောအရ curcumin သည် ဖရီးရယ်ဒီကယ်များနှင့် လေထုညစ်ညမ်းမှုကို ချေဖျက်ပေးသည့် အကာအကွယ်တစ်ခုကဲ့သို့ဆောင်ရွက်ပါတယ်။  

     

    ထို့အပြင် curcumin တွင်ရှိသော antioxidants သည် သဘာဝအတိုင်း အသားအရေအရောင်ကို ညီညာစေကာ အသားအရောင်ကို ပိုမိုကောင်းမွန်စေပြီး လန်းဆန်းတက်ကြွစေပါသည်။ နနွင်းမှာ ကော်လာဂျင် ထုတ်လုပ်မှုနဲ့ elastin တို့ကို မြှင့်တင်ပေးနိုင်တဲ့အပြင် တစ်သျှူးတွေ ပြန်လည်ပေါက်ဖွားလာမှုကို နှိုးဆွပေးတဲ့အပြင် အရွယ်မတိုင်ခင် ပေါ်လာတဲ့ အရေးကြောင်းတွေရဲ့ ပုံပန်းသဏ္ဍာန်ကို တားဆီးပေးပြီး နှေးကွေးစေတဲ့အပြင် အရေပြားရဲ့ တင်းရင်းမှု ကောင်းမွန်လာစေပါတယ်။ 

     

    ၄။  ခြောက်သွေ့သောအသားအရေကို သက်သာစေ 

    နနွင်းဟာ အသားအရေကို အစိုဓာတ်မဖြည့်ပေးနိုင်ပေမယ့် နနွင်းရဲ့ အကျိုးကျေးဇူးတစ်ခုကတော့ ဆဲလ်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်ရှင်သန်လာစေတာကြောင့် အသားအရေကို ပြန်လည်ရှင်သန်လာစေနိုင်ပါတယ်။ Curcumin သည် အရေပြားဆဲလ်သေများကို ဖယ်ရှားပေးနိုင်ပြီး ခြောက်သွေ့သော အမာရွတ်များနှင့် အရေပြားအက်ကွဲကြောင်းများကို ဖယ်ရှားပေးနိုင်သည်။ ထို့အပြင် ရောင်ရမ်းမှုကို ဆန့်ကျင်သည့် ဂုဏ်သတ္တိများက ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ယားယံခြင်း၊ နီခြင်းနှင့် ရောင်ရမ်းခြင်းတို့ကို သက်သာစေနိုင်သည်။ 

     

    ၅။ Psoriasis နှင့် နှင်းခူတို့ကို ကုသရာတွင် ကူညီပေး 

    နနွင်းဟာ အရေပြားယားယံခြင်းနဲ့ ပတ်သက်ရင် အကောင်းဆုံးကုသမှုတစ်ခုလို့ လူသိများပါတယ်။ ဝက်ခြံဖြစ် တဲ့အခါ နနွင်းမှာပါတဲ့ အစွမ်းထက်တဲ့ ရောင်ရမ်းမှုကို ဆန့်ကျင်ပြီး ဘက်တီးရီးယားပိုးမွှား ပေါက်ဖွားမှု့ကို ထိန်းချုပ်တဲ့ ဂုဏ်သတ္တိတွေက psoriasis နဲ့ နှင်းခူရောဂါတွေကို ကုသရာမှာ ကူညီပေးတဲ့အတွက်ကြောင့် ရောင်ရမ်းတာ၊ ခြောက်သွေ့တာ၊ အရေပြားကွဲတာ၊ ကွဲအက်တာ၊ သွေးထွက်တာတွေကို သက်သာစေပါတယ်။ 

    Atopic dermatitis လိုမျိုး အရေပြားပြဿနာတွေကို ခံစားနေရတဲ့သူတွေအတွက်၊ နေ့စဉ်အသားအရေ ထိန်းသိမ်းခြင်းလုပ်ငန်းစဉ်တွေမှာ နနွင်းထည့်တာက သက်သာရာရစေတဲ့ သော့ချက်ဖြစ်ပါတယ်။ နနွင်းရဲ့ မှိုသတ်ဆေးအာနိသင်များသည် အရေပြား၏အခြေအနေကို ပိုမိုကောင်းမွန်စေပြီး အရေပြားရောဂါကာကွယ်ခြင်း လုပ်ငန်းဆောင်တာများကို မြှင့်တင်ပေးနိုင်သောကြောင့် Atopic skin ရှိသူများအတွက် သဘာဝအသား အရေထိန်းသိမ်းမှုစနစ်၏ မရှိမဖြစ်အစိတ်အပိုင်းတစ်ခု ဖြစ်လာပါသည်။ နနွင်းထည့်ခြင်းသည် Atopic skin အရေပြားအခြေအနေရှိသူများတွင် ခုခံအားစနစ်ကို ကောင်းမွန်စွာအကျိုးသက်ရောက်နိုင်ပြီး နာတာရှည် ယားယံခြင်းနှင့် ခြောက်သွေ့ခြင်းမှ သက်သာရာရကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။ 

     

    ၆။  မလိုလားတဲ့ အမွေးအမျှင်များအတွက် အကောင်းဆုံးဖယ်ရှားဆေး 

    နနွင်းဟာ ဘရိတ်ဓါး၊ ပျားဖ​ယောင်းနဲ့ ​လေဆာ ​တွေလိုပဲ အ​မွေးအမျှင်​တွေ ဖယ်ရှားရာမှာ အမြစ်က​နေ ဖယ်ရှား​စေဖို့ အသုံးပြုလို့ရတဲ့ ပစ္စည်းလည်း ဖြစ်ပါတယ်။ ဒီလို အသုံးပြုတာဟာ စိတ်ရှည်ပြီး အချိန်ယူ လုပ်ရမှာ ဖြစ်​ပေးမဲ့ ရလာဒ်က​တော့ သင့်ကို စိတ်​ကျေနပ်​စေမှာပါ။  နနွင်းကို အ​ရေပြား​ပေါ်မှာ မကြာခဏလိမ်း​ပေးခြင်းအားဖြင့် မလိုလာအပ်တဲ့​နေရာကအ​မွှေးအမျှင်​တွေ အထူးသဖြင့် အ​ပေါ်နှုတ်ခမ်းနဲ့ မျက်ခုံး​​နေရာ​တွေမှာ အ​​မွှေးအမျှင် ကြီးထွားမှု့ ကို ​နှောင့်​​နှေး​စေနိုင်ပါတယ်။ 

     

    ၇။ နာအကျက်မြန်ပြီး နာကျင်မှု တွေ ကုသပေးနိုင်တဲ့ နတ်ဆေးတစ်လက် 

    နနွင်းဟာ ရောင်ရမ်းမှုကို ဆန့်ကျင်တဲ့ အစွမ်းထက်တဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပြီး ဒဏ်ရာတွေ ယားယံတာကို လျှော့ချပေးတဲ့အပြင် အရေပြားတစ်သျှူးအသစ်တွေ ဖြစ်ပေါ်မှုကိုလည်း အရှိန်မြှင့်ပေးနိုင်ပါတယ်။ 

     

    နနွင်း၏ပါဝင်သော Curcumin ၏ဇီဝလုပ်ဆောင်မှုဆိုင်ရာဂုဏ်သတ္တိများ၊ အဓိအားဖြင့် antioxidant၊ radical scavenger၊ antimicrobial နှင့် anti-inflammatory လုပ်ဆောင်မှုများကြောင့်အနာကျက်ခြင်းဖြစ်စဉ်တွင် အကျိုးသက်‌ရောက်မှုများကို နှစ်ပေါင်းများစွာလေ့လာခဲ့ပြီးဖြစ်သည်။ ထို့အပြင် curcumin သည် အနာကျက်ခြင်းဖြစ်စဉ်တွင်ပါဝင်သော ကြီးထွားမှုဆိုင်ရာအချက်များထုတ်လုပ်မှုကို လှုံ့ဆော်ပေးသောကြောင့် curcumin သည် အနာပြန်လည်သက်သာခြင်းကို အရှိန်မြှင့်ပေးပါသည်။ 

     

    ၈။ အဆီပြန်သော အသားအရေကို ကုသပေး 

    နနွင်းရဲ့ အကျိုးကျေးဇူးတွေအားလုံးထဲမှာ အဆီပြန်တဲ့ အသားအရေအမျိုးအစားတွေမှာ အဆီတွေ အလွန်အကျွံထွက်တာကို ထိန်းချုပ်နိုင်စွမ်းလည်း ရှိပါတယ်။ Curcumin သည် အရေပြားကို သန့်ရှင်းစေပြီး ပိုမိုမျှတစေသော ပိုးသတ်ဆေးနှင့် ဘက်တီးရီးယားပိုးမွှားများ ပါဝင်သောကြောင့် အမျိုးမျိုးသော အရေပြားရောဂါများကို ကုသပေးနိုင်ပါသည်။ ထို့အပြင် အဆိုပါ ဂုဏ်သတ္တိများသည် ချွေးပေါက်များကို ကျဉ်းစေပြီး ပိုမိုသန့်စင်သော အသားအရေကို ရရှိစေပါသည်။ 

     

     

    နနွင်းက ဘယ်အသားအရေအမျိုးအစားအတွက် အကောင်းဆုံးလဲ။ 

    နနွင်းကို မည်သည့်အသားအရေအမျိုးအစားတွင်မဆို သုံးနိုင်သော်လည်း မွဲခြောက်ခြင်း၊ ယားယံခြင်းနှင့် ထိခိုက်လွယ်သောအသားအရေများအတွက် အထူးသင့်လျော်ပါသည်။  

     

    နနွင်းဓာတ်မတည့်ခြင်း ဖြစ်နိုင်သောကြောင်း အရေပြားပေါ်တွင် နနွင်း မည်သို့ အကျိုးသက်ရောက် သည်ကို သိလိုပါက၊ အများကြီး မလိမ်းမီ သေးငယ်သောနေရာကို စမ်းသပ်လိမ်းကြည့်ရန် အလွန်အရေးကြီးကြောင်း အကြံပြုလိုပါသည်။ နားနောက်ဘက် သို့မဟုတ် လက်ဖျံပေါ်ရှိ ဧရိယာအနည်းငယ်ကို စမ်းသပ်လိမ်းနိုင်ပြီး နီမြန်းခြင်း သို့မဟုတ် ယားယံခြင်းမရှိပါက သင်၏နေ့စဉ်အသားအရေထိန်းသိမ်းမှုတွင် နနွင်းကို ဆက်လက်အသုံးပြုနိုင်ပါသည်။ 

    နနွင်းစားသုံးခြင်းက အသားအရေကို အထောက်အကူပြုပါသလား။ 

    နနွင်းလိမ်းဆေးကို လိမ်းခြင်းသည် သင့်အသားအရေအတွက် အံ့သြဖွယ်ကောင်းသော အကျိုးကျေးဇူးများရရှိရန် အကောင်းဆုံးနည်းလမ်းဖြစ်သော်လည်း၊ ဖြည့်စွက်စာအနေနှင့်သော်လည်းကောင်း လက်ဖက်ရည်တို့မှတစ်ဆင့် နနွင်းကို ပေါင်းစပ်၍ အရေပြားကို ကျန်းမာစေသောအကျိုးရရှိရန် သောက်သုံးနိုင်သည့် အခြားနည်းလမ်း  များစွာရှိပါသည်။  

     

    သန့်စင်ထားသော curcumin အဖြစ် ဆေးပြားများ သို့မဟုတ် ဖြည့်စွက်စာများအဖြစ် သောက်သုံးနိုင်ပါသည်။ 

    နနွင်းမှုန့်အဖြစ် ဟင်းချက်ပြုတ်သောအခါ ချက်ပြုတ်နည်းများတွင် ထည့်သွင်းနိုင်သည်။ 

     

    နနွင်းလက်ဖက်ရည်သောက်ခြင်း။  

    နနွင်းစားသုံးတာက နနွင်း အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်တွေ လိမ်းတာနဲ့ အတူတူပဲလို့ မဆိုလိုပါဘူး။ အကြောင်းကတော့ အသားအရေ ထိန်းသိမ်းမှု ထုတ်ကုန်တွေဟာ မှန်ကန်တဲ့ နနွင်းပမာဏနဲ့ အထူးဖော်စပ်ထားတာကြောင့် အရေပြားကို သူ့ရဲ့ အကျိုးကျေးဇူးတွေ အပြည့် ရစေနိုင်လို့ပါ။ သို့သော်လည်း စားသုံးနိုင်သော နနွင်းဖြည့်စွက်စာများ၊ ပါဝင်ပစ္စည်းများနှင့် လက်ဖက်ရည်များတွင် သင့်အသားအရေကို အတွင်းပိုင်းထိ အာဟာရဖြည့်ပေးနိုင်သည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ၊ ပျော့ပြောင်းမှုနှင့် အနာကျက်စေသည့် ဂုဏ်သတ္တိများ ရှိနေပါသေးတယ်။  

     

    အကောင်းဆုံး နနွင်းအခြေခံ အသားအရေထိန်းသိမ်းမှု ထုတ်ကုန်တွေကို သင်မီးဖိုချောင်မှာ ရှာဖွေလိုက်ပါ။ 

    နနွင်းသည် အသားအရေကို သဘာဝအတိုင်း ကြည်လင်စေပြီး အသားအရေကိုခြောက်သွေ့ခြင်း မှ ကာကွယ်ပေးသည့်အပြင် အရေပြားဆိုင်ရာ ပြဿနာများစွာကို ကုသပေးသောကြောင့် သင့်အသားအရေကို ကြည်လင် တောက်ပပြီး ရေဓာတ်ပြည့်ဝစေပါသည်။  

     

    ဒီဆောင်းပါးကိုဖတ်ပြီး နနွင်းရဲ့ အကျိုးကျေးဇူးတွေကို အခုပဲ သင့်အသားအရေထိန်းသိမ်းမှုပုံစံမှာ ထည့်သွင်း စေချင်ပါတယ်။ 

     

    ဒါကြောင့် တစ်မိနစ်လောက် အချိန်ပေးပြီး နနွင်းပါရှိတဲ့ထုတ်ကုန်အားလုံးကို ရှာဖွေလိုက်ပါ။ အရေးအကြီးဆုံး ကတော့ နနွင်းဟာ အံ့သြစရာကောင်းတဲ့ နည်းလမ်းများစွာနဲ့ ကူညီပေးတယ်ဆိုတာကို သတိရပါ။ 



  • article
  • article
  • article
  • article
likes10comments0
views1581