cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်တာ စျေးကွက်သုံးသပ်ချက် (၂၉.၇.၂၀၂၄ မှ ၂.၈.၂၀၂၄)

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မ ကတော့ တစ်ပိဿာကို ၃၅၀၀ မှ ၄၇၅၀ ပေါက်ဈေး တစ်လနီးပါး ဈေးငြိမ်နေပါတယ်။
  • ပဲစင်းငုံနီ

    ပဲစင်းငုံနီကလည်း မတ်ပဲ နည်းတူ ငွေကြေးလဲလှယ်ဈေးနှုန်း များလာတဲ့အတွက် ဈေးမြင့်တက်လာပါတယ်။ ငွေကြေးဈေးတည်ငြိမ်မှု မရှိတာကြောင့်ရော ပဲလက်ကျန် နည်းနေတာ ကြောင့်ရော ဈေးကွက်အတွင်း အရောင်းအဝယ်ကတော့ အေးတယ်လို့ သိရပါတယ်။

    အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ စိုက်ဧကက ပြီးခဲ့တဲ့ နှစ်ကထက် ၃၄ ရာခိုင်နှုန်းထိ တိုးလာတာ ဖြစ်တဲ့အတွက် ဒေသတွင်းမှာလည်း ပဲစင်းငုံနီဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။ အိန္ဒိယကုန်သည် တွေကလည်း ပဲစင်းငုံနီကို ထိန်းရောင်းထိန်းဝယ်နေကြတဲ့အတွက် လာမယ့် ကာလရှည်အတွင်း ပဲစင်းငုံနီကတော့ အကျဈေးနဲ့ ရှိနေဦးမှာ ဖြစ်တယ်လို့ ခန့်မှန်းမှုတွေ ရှိပါတယ်။

    အိန္ဒိယနိုင်ငံချန်နိုင်းဈေးကွက်မှာတော့ ပဲစင်းငုံနီ တစ်တန်ကို ရူပီး ၁၀၇၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် ၁၇၅ ရူပီး ဈေးကျဆင်းသွားပါတယ်။

    ရန်ကုန်စျေးကွက်မှာ ပြီးခဲ့တဲ့ အပတ် သောကြာနေ့က ပဲစင်းငုံနီတစ်တန်ကို ကျပ် ၄၃၄၇၀၀၀ ကျပ်၊ တနင်္လာနေ့မှာတော့ တစ်တန်ကို ၄၂၀၇၀၀၀ ၊အင်္ဂါနေ့မှာတော့ တစ်တန်ကို ၄၂၀၀၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာတော့ တစ်တန်ကို ၄၃၆၇၀၀၀ ကျပ်ရှိပြီး ကြာသပတေးနေ့မှာတော့ တစ်တန်ကို ၄၄၃၀၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၈၃၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

    FOB ဈေးနှုန်းကတော့ တစ်တန်ကို ၁၂၂၀ မှ ၁၂၃၀ ဒေါ်လာ ရှိပြီး တစ်တန်ကို ဒေါ်လာ၅၀ ဈေးကျဆင်းသွားခဲ့ပါတယ်။ ငွေလဲလှယ်နှုန်းဈေးမြင့်တဲ့အတွက်ကြောင့်သာ ပဲဈေးက မြင့်တက်နေ တာ ဖြစ်ပါတယ်။

    ပဲတီစိမ်း

    ပဲတီစိမ်းကလည်း ပြည်ပတင်ပို့မှု ပဲဖြစ်တဲ့ အလျောက် ငွေဈေးပေါ်မူတည်ပြီး အတက်အကျ ရှိပါတယ်။ တရုတ်နိုင်ငံကို အဓိက တင်ပို့နေတာ ဖြစ်ပေမယ့် လက်ရှိ လမ်းပန်းဆက်သွယ်ရေး အခြေအနေတွေကြောင့် အရောင်းအဝယ်ကတော့ အေးပါတယ်။ ဈေးကတော့ ရန်ကုန်ဈေးကွက်မှာ ငြိမ်နေပေမယ့် နယ်ဈေးကွက်တွေမှာတော့ ကျဆင်းပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၄၂၅၀ ကျပ်၊ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၄၀၀၀ ကျပ်၊ ပဲတီစိမ်း ဝါးခယ်မ ကတော့ တစ်ပိဿာကို ၃၅၀၀ မှ ၄၇၅၀ ပေါက်ဈေး တစ်လနီးပါး ဈေးငြိမ်နေပါတယ်။

    မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က သုံးတင်းဝင်တစ်အိတ်ကို ၁၇၅၀၀၀ မှ ၂၂၀၀၀၀ ပေါက်ဈေးရှိပြီး အတက်အကျ အနည်းငယ်နဲ့ အရောင်းအဝယ်ရှိပါတယ်။ FOB ဈေးနှုန်းက ကတော့ တစ်တန်ကို ၇၀၀ မှ ၇၁၀ ကြား ရှိပြီး ၁၅ ဒေါ်လာလောက် ကျဆင်းပေမယ့် ပြည်တွင်းဈေးကွက်မှာတော့ တစ်အိတ်ကို ၂ သိန်းပတ်ချာလည်နဲ့ ဈေးထိန်းထားတဲ့ အနေအထား ဖြစ်ပါတယ်။

    စားတော်ပဲ

    အကျဈေးနဲ့ အချိန်ကြာ ရှိနေတဲ့စားတော်ပဲက ဒီတစ်ပတ်မှာ ဈေးမြင့်တက်လာပါတယ်။ ငွေကြေးဈေး နဲ့သယ်ယူပို့ဆောင်စရိတ်မြင့်တက်လာတာတွေကြောင့် ပဲမျိုးစုံ နည်းတူ ဈေးမြင့်တက်လာတာ ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် ပြည်တွင်း ဝယ်ယူစားသုံးမှုကလည်း အနည်းငယ် ပြန်များလာတယ်လို့ သိရပါတယ်။

    ရန်ကုန်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၅၀၀၀ မှ ၆၀၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ်ဈေးတက်လာပါတယ်။

    မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၈၀၀၀၀ မှ ၄၂၀၀၀၀ ကြားရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးတက်လာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ တစ်ပတ်တာလုံး ဈေးငြိမ်နေတဲ့အခြေအနေပါ။ ဒေသတွင်း မိုးအဆမတန် ရွာ တဲ့အတွက် အရည်အသွေးပိုင်းအားနည်းပေမယ့် ဈေးကွက်ထဲ အဝင်ကလည်း အများကြီး မရှိတဲ့ အတွက် ဈေးငြိမ်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲကို ပိဿာချိန် တစ်သိန်းလောက်သာ အဝင်ရှိပြီး အဝင်ရှိသလောက် အရောင်းအဝယ်ကတော့ ရှိတယ်လို့ သိရပါတယ်။

    ဘုရင့်နောင်ဈေးကွက်မှာကြက်သွန်နီ (ဆိပ်ဖြူ)က တစ်ပိဿာကို ၁၆၀၀ မှ ၂၃၀၀ ကြား ရှိပြီး ဈေးငြိမ်ပါတယ်။ မြင်းခြံ၊မုံရွာ၊ပခုက္ကူတို့ကလည်း တစ်ပိဿာကို ၁၅၀၀ ကနေ ၂၃၀၀ ကြားရှိပြီး ဈေးငြိမ်ပါတယ်။

    အာလူး

    အာလူးဈေးကလည်း တက်လာပါတယ်။ ရှမ်းအာလူးတွေကတော့ ရန်ကုန်ဈေးကွက်ထဲ အဝင်ရှိပေမယ့် ဈေးအဖွင့်တော့ မရှိပါဘူး။ တရုတ်အာလူးတွေကတော့ တစ်ပိဿာကို ၄၆၀၀ မှ ၄၇၀၀ ရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ နေ့စဉ်ဈေးကွက်ထဲကို ပိဿာချိန် ၂၅၀၀၀ နီးပါးသာအဝင်ရှိနေတဲ့အတွက် ဈေးမြင့်တက်လာတာလည်း ဖြစ်ပါတယ်။

    AMIA

    ------

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။

    ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download


  • article
likes4comments0
views2074