cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မြေဆီလွှာ၏ ရူပဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ်သတ္တိပါ တိုးတက်စေမည့် သစ်စိမ်းမြေသြဇာ

. သဘာဝမြေဩဇာ
ဒီအထဲမှာ သစ်ပင်တို့ရဲ့ အရွက်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အမြစ်များကို အသုံးပြု၍ မြေဆွေးမြေသြဇာ (သစ်စိမ်းမြေသြဇာ) အဖြစ် အသုံးချပြီး မြေဆီလွှာရဲ့ ရူပဂုဏ်သတ္တိနဲ့ ဓာတ်ဂုဏ်သတ္တိ တိုးပွားအောင် ဆောင်ရွက်တဲ့နည်းလမ်းကို ဆွေးနွေးချင်ပါတယ်။
  • မြေဆီလွှာသည် ရုပ်ဂုဏ်သတ္တိ၊ ဓာတ်ဂုဏ်သတ္တိနဲ့ ဇီဝဂုဏ်သတ္တိများနဲ့ ပြည့်စုံနေမှသာ မြေဆီလွှာကောင်းပြီး သီးနှံအထွက်ကောင်းကို ပေးစွမ်းနိုင်ပါတယ်။ ဒါ့ကြောင့် မြေဆီလွှာကို ဒီဂုဏ်သတ္တိများနဲ့ ပြည့်ဝနေအောင် အမြဲပြုစု ထိန်းသိမ်းစောင့်ရှောက်နေဖို့ လိုအပ်ပါတယ်။ မြေဆီလွှာဟာ ရုပ်ဂုဏ်သတ္တိနဲ့ ဓာတ်ဂုဏ်သတ္တိ ပြည့်ဝနေဖို့အတွက် သဘာ၀ မြေဆွေး၊ မြေသြဇာများ ပြုလုပ်ထည့်ပေးခြင်း၊ ဓာတ်မြေသြဇာများ ထည့်ပေးခြင်းဖြင့် ကြိုးပမ်းနိုင်ပါတယ်။

    သဘာဝမြေဆွေး၊ မြေသြဇာများတွင်လည်း တိရစ္ဆာန် အညစ်အကြေးဆွေးများ၊ အမှော်အမှိုက်ဆွေးများ၊ တိရစ္ဆာန်ခန္ဓာကိုယ်ရုပ်<ကင်းများ (ပုစွန်၊ ငါးမှုန်၊ခရုခွံ၊ ကဏန်းခွံများ)၊ သစ်ပင်တို့၏ အရွက်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အမြစ်ဆွေးများ အသုံးပြုနိုင်ပါသည်။ ဒီအထဲမှာ သစ်

    ပင်တို့ရဲ့ အရွက်၊ ပင်စည်၊ အကိုင်း၊ အခက်၊ အမြစ်များကို အသုံးပြု၍ မြေဆွေးမြေသြဇာ (သစ်စိမ်းမြေသြဇာ) အဖြစ် အသုံးချပြီး မြေဆီလွှာရဲ့ ရူပဂုဏ်သတ္တိနဲ့ ဓာတ်ဂုဏ်သတ္တိ တိုးပွားအောင် ဆောင်ရွက်တဲ့နည်းလမ်းကို ဆွေးနွေးချင်ပါတယ်။

    သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုနိုင်တဲ့ အပင်များရဲ့ ဓာတ်များပါဝင်မှုကို လေ့လာကြည့်တဲ့အခါ ပိုက်ဆံလျှော်ပင်မှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၆၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၄၀ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၉၁ ရာခိုင်နှုန်း၊သစ်ဆွေးဓာတ် ၅၆ ရာခိုင်နှုန်း၊ ပဲလွမ်းမှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၅၆ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၃၃ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၁၉ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၄၈ ရာခိုင်နှုန်း၊ ဒန့်ကျွဲပင်မှာ နိုက်ထရိုဂျင်ဓာတ် ၃ဒသမ ၁၅ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၃၆ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၃ ဒသမ ၂၇ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၆၅ ရာခိုင်နှုန်း၊ ညံပင်မှာ နိုက်ထရိုဂျင်ဓာတ် ၃ ဒသမ ၂၂ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၂၉ ရာခိုင်နှုန်း၊ပိုတက်စီယမ်ဓာတ် သုည ဒသမ ၉၅ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၇၇ ရာခိုင်နှုန်း၊ ထိကရုံးပင်မှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၆၁ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၃၀ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၄၉ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၄ရာခိုင်နှုန်း၊ ဘောစကိုင်းအရွက်မှာ နိုက်ထရိုဂျင်ဓာတ် ၂ ဒသမ ၃၀ ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ ၂၀ ရာခိုင်နှုန်း၊ပိုတက်စီယမ်ဓာတ် ၁ ဒသမ ၅၆ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၅၉ ရာခိုင်နှုန်း၊ ကုက္ကိုရွက်မှာ နိုက်ထရိုဂျင်ဓာတ် ၃ ဒသမ ၆၁ရာခိုင်နှုန်း၊ ဖော့စ်ဖရပ်ဓာတ် သုည ဒသမ၂၇ ရာခိုင်နှုန်း၊ ပိုတက်စီယမ်ဓာတ် ၂ ဒသမ ၃၂ ရာခိုင်နှုန်း၊ မြေဆွေးဓာတ် ၈၇ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အဆိုပါ အပင်၊ အကိုင်း၊ အရွက်၊ အမြစ်များကို ထယ်ထိုးမြေလှန်ပြီး မြေဆီလွှာအတွင်း မြှုပ်ပေးရင် အပင်က လိုအပ်တဲ့ ဓာတ်အာဟာရများလည်း ပြည့်ဝစေ၊ ဓာတ်ဂုဏ်သတ္တိကိုလည်း တိုးစေပြီး မြေဆွေးဓာတ်လည်းရတဲ့အတွက် မြေဆီလွှာရဲ့ ရူပဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ်သတ္တိပါ တိုးပွားစေတယ်လို့ ရေဆင်း စိုက်ပျိုးရေး သုတေသန ဦးစီးဌာနရဲ့ သုတေသနရလဒ်က ဆိုပါတယ်။

    အဆိုပါ သစ်စိမ်းမြေသြဇာပြုလုပ်ဖို့ အသုံးပြုမယ့်အပင်တွေဟာ တောင်သူ လယ်သမားကြီးများရဲ့ လယ်ယာဝန်းကျင် လက်တစ်ကမ်းမှာရှိနေပြီး အပင်ရော၊ မျိုးစေ့ပါလွယ်လွယ်ရရှိနိုင်တဲ့အပင်များ ဖြစ်ပါတယ်။ သုံးတတ်ရင်ဆေးဖြစ်မှာ သေချာပါတယ်။ ပိုက်ဆံလျှော်ပင်ကို သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုပါက မိုးရာသီတစ်ဧက အရွက်ခုနစ်တန်၊ ဆောင်းရာသီအရွက်လေးတန်ထိရနိုင်ပြီး တစ်ဧကယူရီးယား ၁၈၆ပေါင်နဲ့ညီမျှတဲ့ နိုက်ထရိုဂျင်ဓာတ်နဲ့ မြေဆွေးဓာတ် ၅၆ ရာခိုင်နှုန်း ရရှိနိုင်တယ်လို့ဆိုပါတယ်။ ပဲလွမ်း တစ်ဧက ရှစ်ပြည်ကြဲပြီး ထယ်ထိုး၊ မြေမြှုပ်ပေးပါက သစ်စိမ်းမြေသြဇာအဖြစ် ခြောက်တန်ရရှိနိုင်ပါတယ်။

    တစ်ဧက ယူရီးယားဓာတ်မြေသြဇာ ပေါင် ၉၀ နဲ့ညီမျှတဲ့ နိုက်ထရိုဂျင်ဓာတ် ရနိုင်ပြီး မြေဆွေးဓာတ် ၄၈ ရာခိုင်နှုန်း ရရှိနိုင်တယ်လို့ ဆိုပါတယ်။ ညံပင်ကို သစ်စိမ်းမြေသြဇာအဖြစ် အသုံးပြုပါက တစ်ဧက ၅ ဒသမ ၄ တန်ရရှိပြီး ယူရီးယားမြေသြဇာ ၁၈၆ပေါင်နဲ့ ညီမျှတဲ့ နိုက်ထရိုဂျင်ဓာတ်ရရှိပြီး မြေဆွေးဓာတ် ၅၆ ရာခိုင်နှုန်းရရှိတယ်လို့ ဆိုပါတယ်။ သစ်စိမ်းမြေသြဇာ အသုံးပြုပုံကတော့ မိုးဦး၊ မိုးနှောင်း၊ ရာသီသီးနှံမစိုက်ပျိုးမီမှာ အသုံးပြုမယ့်မျိုးကို သတ်မှတ်မျိုးစေ့နှုန်းထားအတိုင်း ထယ်ထိုး၊ ထွန်မွှေကြဲပက်ပြီး အပင်သက်တမ်း ပျမ်းမျှ ၄၅ ရက်မှ ရက် ၆၀ သားမှာ ထယ်ထိုး၊ ထွန်မွှေ၊ မြေမြှုပ်ထားရင်ဆွေးမြည့်သွားပြီး သစ်စိမ်းမြေသြဇာအဖြစ် ရရှိလာမှာ ဖြစ်ပါတယ်။ သို့ပါ၍ တောင်သူလယ်သမားကြီးများရဲ့ မြေဆီလွှာ ရူပဂုဏ်သတ္တိရော၊ ဓာတ်ဂုဏ်သတ္တိပါ တိုးတက်လာပြီး သီးနှံများအထွက်ကောင်းလာစေဖို့ သစ်စိမ်းမြေသြဇာ ပြုလုပ်သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေဗျာ။

    အောင်ဆန်း(စိုက်ပျိုးရေး)

    မြန်မာတောင်သူကြီးများ ဂျာနယ်

    -----

    !! ထွက်တိုးစိုက်/မွေး ဆော့ဝဲလ်က VPN မလိုအပ်ပါဘူးနော်။

    ထွက်တိုးမှာ မေးခွန်းမေးမြန်းနည်း (သို့) စိုက်ခင်းပြဿနာအဖြေရှာနည်း - https://htwettoe.com/post/42799

    ထွက်တိုး Telegram - https://t.me/htwettoe

    ထွက်တိုး Youtube - https://www.youtube.com/@HtwetToe

    ထွက်တိုး Tik Tok -https://www.tiktok.com/@htwettoe?is_from_webapp=1...


  • article
  • article
likes14comments2
views2443