cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်းဒေသကြီး အတွက် တစ်ပတ်တာ မိုးလေဝသခန့်မှန်းချက်နှင့် ရေနှစ်မြုပ်စပါးခင်းများ အတွက် အကြံပြုချက်

. ရာသီဥတု သတင်းများ
မိုးညိုမြို့နယ်မှာ သြဂုတ်လ (၆) ရက်နေ့မှ သြဂုတ်လ (၁၂) ရက် မိုးရွာရန် ရာနှုန်း ၄၈ မှ ၉၆ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၀ ရက်တွင် မိုးရွာရန် ၄၈ ရာခိုင်နှုန်းသာရှိပြီး သြဂုတ်လ ၆၊ ၇၊ ၉ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၄ အထက်တွင်ရှိနိုင်ပါတယ်။
  • ပဲခူးတိုင်းဒေသကြီးရှိ လက်ပံတန်းမြို့နယ်၊ မိုးညိုမြို့နယ်၊ သာယာဝတီမြို့နယ် များအတွက်ကတော့ 

    ၂ဝ၂၄ ခုနှစ်၊ သြဂုတ်လ (၆) ရက်နေ့မှ သြဂုတ်လ (၁၂) ရက် နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့်  

     

    မိုးညိုမြို့နယ်မှာ သြဂုတ်လ (၆) ရက်နေ့မှ သြဂုတ်လ (၁၂) ရက် မိုးရွာရန် ရာနှုန်း ၄၈ မှ ၉၆ အထိ ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၀ ရက်တွင် မိုးရွာရန် ၄၈ ရာခိုင်နှုန်းသာရှိပြီး သြဂုတ်လ ၆၊ ၇၊ ၉ ရက်များတွင် မိုးရွာရန် ရာခိုင်နှုန်း ၉၄ အထက်တွင်ရှိနိုင်ပါတယ်။ ကျန်သောရက်များမှာ ၆၀ ရာခိုင်နှုန်း အထက် မှာ ရှိနိုင်ပါသည်။ အမြင့်ဆုံးအပူချိန်မှာ ၃၃.၆°C ရှိနိုင်ပြီး အနိမ့်ဆုံးအပူချိန်မှာ ၂၅.၅°C ရှိနိုင်ပါတယ်ခင်ဗျာ။ 

     

    လက်ပံတန်းမြို့နယ်မှာ သြဂုတ်လ (၆) ရက်နေ့မှ သြဂုတ်လ (၁၂) ရက်အထိ မိုးရွာရန် ရာခိုင်နှုန်း ၄၀ မှ ၉၆ အတွင်းရှိနိုင်ပါတယ်။ သြဂုတ်လ ၆၊ ၇၊ ၈၊ ၉ ရက်များတွင် မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၀၊ ၁၂ ရက်နေ့ တွင် မိုးရွာရန် ၄၀_၄၂ ရာခိုင်နှုန်းသာရှိပြီး ကျန်သောရက်တွင် မိုးရွာရန် ၇၁ ရာခိုင်နှုန်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၂၄.၈ °C မှ အမြင့်ဆုံးအပူချိန် ၃၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။  

     

    သာယာဝတီမြို့နယ်မှာ သြဂုတ်လ (၆) ရက်နေ့မှ သြဂုတ်လ (၁၂) ရက် အထိ မိုးရွာရန် ရာခိုင်နှုန်း ၄၀ မှ ၉၆ အတွင်း ရှိနိုင်ပါတယ်။ သြဂုတ်လ ၆၊ ၇၊ ၈၊ ၉ ရက်များတွင် မိုးရွာရန် ရာနှုန်း ၉၀ နှင့် အထက်မှာ ရှိနိုင်ပါတယ်။ သြဂုတ်လ ၁၀၊ ၁၂ ရက်များတွင် မိုးရွာရန် ၄၀-၄၂ ရာခိုင်နှုန်း သာ ရှိပြီး ကျန်သောရက်မှာ မိုးရွာရန် ၇၁ ရာခိုင်းနှုင်း ရှိနိုင်ပါတယ်။ အပူချိန်အနေဖြင့် အနိမ့်ဆုံး အပူချိန် ၃၃၂၄.၈ °C မှ အမြင့်ဆုံးအပူချိန် ၃၃°C ထိရှိနိုင်ပါတယ်ခင်ဗျာ။  


    စိုက်ပျိုးရေးအကြံပြုချက်  

    ရေနစ်မြုပ်စပါးခင်းများ ပြန်လည်ပြုပြင်ကြပါစို့ 

    ၁။ပြန်စိုက်ပျိုးသင့်/မသင့် ပျက်စီးမှုပမာဏ ကို ဆန်းစစ်ပါ။ 

    ၂။ပျက်စီးမှုပမာဏ မများပါက ပုလဲမြေဩဇာသီးသန့်ကျွေးခြင်းရှောင်ပါ 

    ၃။ကော့ပါးတစ်မျိုးမျိုးပါဝင်သော မှိုနှင့်ဘက်တီးရီးယားကာကွယ်ဆေး ပက်ဖျန်းပေးပါ 

    ၄။မြေတွင်းအောင်းပိုးများနဲ့ အခြားပိုးများကာကွယ်ဖို့ ဖစ်ပရိုနေး ဆေးအခဲကို ပက်ကြဲပေးပါ။ 

    ၅။ပုလဲနှင့်အခြားအာဟာရဓါတ်များ သင့်တင့်မျှတစွာပါဝင်သောမြေဩဇာများကျွေးပေးပါ 

    ၆။အခင်းပျက်သွားပါက ကန်သင်းလုံအောင်ပြင်၍ မြေဆောင်ရောဂါများ၊နီမတုတ်နဲ့ သံဆိပ်သင့်ခြင်းများ မဖြစ်အောင်လက်ကျန်အပင်များကို ထယ်ထိုးမြေမြုပ်ပေးပါ 

    ၇။သံဆိပ်သင့်ခြင်းကို ကာကွယ်ဖို့ ပြန်လည်စိုက်ပျိုးချိန်မှာ တီစူပါနှင့်ပိုတက်မြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးပါ။


    ရေမနစ်တဲ့စပါးခင်းများအတွက် 

    - မှိုရောဂါများ ကြိုတင်ကာကွယ်ထားပါ 

    - Tricyclazole 40% +Propiconazole12.5% မှိုဆေးအဆိပ်များ ကြိုတင်ပက်ဖျန်းပါ။ 

    -ပုလဲသီးသန့်တစ်မျိုးတည်း ကျွေးခြင်းရှောင်ပါ 

    -အာဟာရစုံဓါတ်မြေဩဇာအချိုးညီညီကျွေးပါ 

    -ပိုးကျရောက်မှုများအတွက် မြေဆီကျွေးချိန်မှာ Cartap(ကာတက်) 4% + Thimethoxam(သိုင်ရာမီသိုဇမ်) 04%+ Abamectin (အဘာမက်တင်)0.2% ပါဝင်တဲ့ ပိုးသတ်ဆေးအခဲများ ရောနယ်ကြဲပက်ပေးပါ။ 

     

    ငါး/ပုဇွန် ကန်များအတွက်အကြံပြုချက်  

    ငါး/ပုဇွန်မွေးသည့် တောင်သူများအနေဖြင့် မိုးရွာသွန်းသည့် ရက်များ ခပ်စိပ်စိပ်ဖြစ်လာတဲ့အတွက် အောက်ပါအချက်တွေ ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျာ-  

    မိုးရွာသွန်းပြီးနောက် မိမိငါးကန်အား ရေချဉ်ဖန်နှုန်း ပြန်လည်တိုင်းတာရန်၊  

    မိမိငါးကန်ဘောင်ကို သဲအိတ်များဖြင့် ကာရံပြီး ဘောင်မြင့်တင်ထားရန်၊  

    အနိမ့်ပိုင်း ရေဝင်နိုင်သောနေရာများတွင် သင့်တော်သော ပိုက်များကာရံထားရန်၊  

    အစာကို သတ်မှတ်နှုန်းတားထက်လျော့ကျွေးရန်၊  

    ရေလွှမ်းထားသောကန်များ ရေပြန်ကျချိန်တွင် ကန်သန့်ရှင်းရေးဆောင်ရွက်ရန်၊  

    ရေပြန်ကျချိန်တွင် ငါးရိုင်းဖယ်ရှားသန့်ရှင်းရေးဆောင်ရွက်ရန်၊  

    Weather Source: CIAT  


  • article
likes4comments0
views2037