သီးနှံပေါက်စျေးကို ဘယ်လိုကြည့်မလဲ။
သီးနှံပေါက်စျေးကို လပြည့်လကွယ်၊ အစိုးရရုံးပိတ်ရက်မှလွဲပြီး
နေ့စဥ် တင်ဆက်ပေးနေပါတယ်။
သီးနှံပေါက်စျေးကြည့်နည်းကို နားလည်လွယ်အောင်ပုံတွေနဲ့ဖော်ပြပေးလိုက်ပါတယ်။

အဆင့် (၁)။ ထွက်တိုး စိုက်/မွေး ဖုန်းဆော့ဝဲထဲဝင်ပါ။ “ပေါက်စျေး”ကိုနှိပ်ပါ။
အဆင့် (၂)။ တည်နေရာအားလုံးကြည့်နိုင်သလို မိမိသိလိုသောတည်နေရာကို ရွေးနိုင်ပါတယ်။

အဆင့် (၃)။ သီးနှံပေါက်စျေးကို တိုင်းဒေသ တော်တော်များများမှာဖော်ပြပေးထားပါတယ်။ ငါး/ပုစွန် ပေါက်စျေးကိုတော့ မွန်ပြည်နယ် နှင့် ရန်ကုန်တိုင်း (ရွှေပိတောက်ငါးစျေး) မှဖော်ပြပေးထားပါတယ်။
အဆင့် (၄) မြို့နယ် အလိုက် ရရှိထားသော သီးနှံပေါက်စျေးများကို ဖော်ပြပေးထားပါတယ်။ ငါးစျေးနှုန်းများကို အောက်တွင် တွေ့နိုင်ပါသည်။

အဆင့် (၅) လွန်ခဲ့သောရက်သတ္တပတ်က ပေါက်စျေးကို သိလိုပါက “နေ့စွဲ”ကို နှိပ်ပြီး မိမိသိလိုသောရက်ကိုရွေးပြီး ကြည့်ရှုနိုင်ပါတယ်။
အဆင့် (၆) ထိုရက်တွင်ဖြစ်ပေါ်ခဲ့သော ပေါက်စျေးကို ဖော်ပြပေးထားပါတယ်။

သီးနှံပေါက်စျေးကြည့်ရှုရာတွင် ပြဿနာတစုံတရာရှိပါက ထွက်တိုး တောင်သူ အကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ဆက်သွယ်နိုင်ပါတယ်။

ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း