cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားအုန်းဆီ ပြင်ပပေါက်ဈေး ၃ ဆနီးပါး မြင့်တက်နေ

. ဈေးကွက်သတင်းများ
စားအုန်းဆီ တစ်ပိဿာလျှင် ၅၀၀၀ ကျော်သာရှိခဲ့ပေမယ့် လက်ရှိ ၈လပိုင်း ၁၉ရက်နေ့ မှ ၂၅ရက် နေ့ထိ ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးကတော့ ၆၁၇၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။
  • စားအုန်းဆီ ပြင်ပပေါက်ဈေးက ၃ ဆနီးပါး မြင့်တက်နေကြောင်းစားသုံးသူများ နှင့် လုပ်ငန်းရှင်များထံမှသိရသည်။

    ခွဲတန်းဖြင့်သာ ဝယ်ယူနေရသည့်အတွက် စားသုံးသူတင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီ မှ ထုတ်ပြန်ထားသည့် ရည်ညွန်းစျေးထက် ပြင်ပ ပေါက်စျေး မှာ အဆမတန် မြင့်တက်နေကြောင်းသိရသည်။

    “ ရပ်ကွက်ရုံးကနေ တဆင့် အိမ်ထောင်စု တစ်စု ကို တစ်ကဒ် နှုန်း ကြိုဝေး ထားပြီး မနက်ပိုင်းကနေ စပြီး ရောင်းပေးတာပါ။ ဒီတိုင်း လိုသလောက် မရောင်းပေးဘူး။ စားအုန်းဆီ တစ်ပိဿာ ၆၆၀၀ စျေး နဲ့ ရောင်းပေးပါတယ်။ “ ဟု သင်္ဃန်းကျွန်းမြို့နယ်မှ စာအုန်းဆီ လက်လီလက်ကား အရောင်းဆိုင်ကြီး မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စားသုံးသူများ အနေဖြင့် စားအုန်းဆီ အရောင်းဆိုင်များ၌ တန်းစီဝယ်ယူနေရပြီး တချို့ဆိုင်များတွင် ကဒ်ဝေသည့် စနစ်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

    ဇူလိုင်လက ရည်ညွန်းစျေးမှာ စားအုန်းဆီ တစ်ပိဿာ လျှင် ၅၀၀၀ ကျော်သာရှိခဲ့ပေမယ့် လက်ရှိ ၈လပိုင်း ၁၉ရက်နေ့ မှ ၂၅ရက် နေ့ထိ ထုတ်ပြန်တဲ့ ရည်ညွှန်းဈေးကတော့ ၆၁၇၀ အထိ သတ်မှတ်ထားကြောင်း သိရသည်။

    သို့သော် ပြင်ပစျေး အနေဖြင့် စားအုန်း ဆီ တစ်ပိဿာလျှင် ၁၅၀၀၀ မှ ၁၈၀၀၀ အထိ မြင့်တက်​နေပြီး အချို့သယ်ယူပို့ဆောင်ရေး ခက်ခဲ့သည့် ဒေသများ တွင် ၂၀၀၀၀ အထက် အထိ မြင့်တက်လျက်ရှိကြောင်း သိရသည်။

    စားအုန်းဆီ အဓိကတင်သွင်းနေသည့် မလေးရှားနိုင်ငံနှင့်အင်ဒိုနီးရှားနိုင်ငံများတွင် စျေးနှုန်းမြင့်တက်နေခြင်းကြောင့် အဆိုပါနိုင်ငံများ၏ ဈေးကွက်နှင့် ဈေးနှုန်းများအပေါ် တွက်ချက် ကာ ပြည်တွင်း ၌ ပြန်လည်ရောင်းချနေရခြင်း ကြောင့် ပြည်တွင်းစျေးပါ မြင့်တက်နေရခြင်း ဖြစ်ကြောင်း လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

    “ဝယ်ချင်တဲ့သူ ဝယ်မရဘူး၊ ကဒ်ရှိတဲ့ သူပဲ ဝယ်လို့ရတာ ။ ရပ်ကွက်ရုံးကနေ ဆီကဒ်တွေ ဝေ တယ်။ ညပိုင်းဆို သွားယူထားပြီး မနက် ဆိုင်ဖွင့်ချိန်ဝယ်ရတာ။ လက်ရှိ တစ်ပိဿာကို ၆၆၀၀ နဲ့ ပေးဝယ်နေရတယ်။ စျေးက တက်နေတာ ကဒ်နဲ့စျေးတောင် ၇၀၀၀ ရောက်တော့မယ်။ အပြင်မှာဝယ်ရင် သောင်းကျော်ထိ ပေါက်တယ်ကြားတယ် ” ဟု င်္ဃန်းကျွန်း မြို့နယ်နေ စားသုံးသူတစ်ဦးက ပြောသည်။

    တစ်ပိုင်တစ်နိုင် ရောင်းချနေသည့် ဆီဆိုင် အချို့ စားအုန်းဆီ ပြတ်လပ်၍ အရောင်းပိတ်ထား ကြောင်း စားသုံးသူများထံမှ သိရသည်။

    လက်ရှိတွင် စားအုန်းဆီအိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီ ကြီးကြပ်မှုဖြင့် Door to Door စနစ် ဖြင့် ရန်ကုန်တိုင်းဒေသကြီး တွင် အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချပေးနေကြောင်းလည်း သိရသည်။

    ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း ကော်မတီက အသိပေး ထုတ်ပြန်ထားသည်။

    ပြည်တွင်း၌ စားအုန်းဆီ သုံးစွဲမူ တစ်နှစ်လျှင် တန်ချိန် ၁၀ သိန်းကျော် အထိရှိသောကြောင့် ပြည်ပမှအားထား တင်သွင်းနေရခြင်း ဖြစ်သည်။

    ဖိုးချဲ(AMIA)

    ........

    သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe


  • article
likes4comments0
views1621