cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရောဂါ ကာကွယ်ခြင်း၊ စစ်ဆေးခြင်းနဲ့ ကုသနည်း

. ငါးမွေးမြူရေးဆောင်းပါးများ
ငါးတွေရဲ့ကျန်းမာရေးနဲ့ပတ်သက်သို့ သိရမှာတွေကတော့ ကျရောက်လေ့ရှိတဲ့ ရောဂါလက္ခဏာ၊ ဖြစ်စေတဲ့ အကြောင်းအရင်း၊ ကာကွယ်ကုသနည်းတို့ ဖြစ်ပါတယ်။
  • အဖြစ်များတဲ့ ရောဂါနာမည်တွေနဲ့ လက္ခဏာများ 

    အဖြူစက်ရောဂါ 

    ဒီရောဂါကျရင်တော့ အရေပြား၊ ပါးဟပ်နဲ့ အတောင်တွေမှာ ဆားပွင့်လို အဖြူရောင် အပြောက် လေးတွေ တွေ့ရတက်ပါတယ်။ 

    မှိုရောဂါ 

    ဒီရောဂါက မြင်သာပါတယ်။ အရေပြား၊ ပါးဟပ်နဲ့ အတောင်တွေမှာ ဝါဂွမ်းတွေကပ်နေသလို အဖြူရောင် အစုအပုံကို တွေ့ရတက်ပါတယ်။ 

    ဘက်တီးရီးယားရောဂါ 

    အနီစက်တွေ တွေ့ရပါမယ်။ အမြီးနဲ့ ပါးစပ်မှာ စုပ်ပြတ်နေပြီး တစ်ချို့ဆို ပုတ်နေတာ တွေ့ရတက်ပါတယ်။ 

    ကပ်ပါးရောဂါ 

    ကပ်ပါးဆိုရင် ငါးရဲ့ ကိုယ်ပေါ်နဲ့ ကိုယ်တွင်းမှာ တွဲကပ်နေတာနှစ်မျိုးရှိပါတယ်။ အပြင်မှာတော့ ငါးသန်းတွဲကပ်တာများပြီး ကိုယ်တွင်းမှာဖြစ်နေရင်တော့ ငါးရဲ့ ခန္ဓာကိုယ်မှာ နေလောင်ကွက်တွေ တွေ့ရတက် ပါတယ်။ 

    ပါးဟပ်ရောဂါ 

    ဒီရောဂါကျရင် သိသာပါတယ်။ ငါးက အောက်ဆီဂျင်ပြတ်ပြီး ရေပေါ်မှာ လူးလွန့်နေမှာဖြစ်ပါတယ်။ အလွယ်တကူသိနိုင်ပါတယ်။ 

    ဖြစ်ရတဲ့အကြောင်းအရင်းများ 

    ရှေ့မှာဆွေးနွေးခဲ့တဲ့ရောဂါတွေဟာ အောက်ပါအချက်တွေကြောင့်ဖြစ်တက်ပါတယ်- 

    • ရေထဲတွင် အမိုးနီးယား၊ နိုက်ထရိုက်နဲ့ အမှိုက်သရိုက်တွေရှိနေတဲ့အတွက် ရေအရည်အသွေးညံ့ဖျင်းခြင်း 
    • ရေအပူချိန်ရုတ်တရက်ပြောင်းလဲခြင်း 
    • ငါးထဲတွင် ပြွတ်သိပ်စွာမွေးမြူထားခြင်း 
    • တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် ငါးမျိုးစိတ်များကို ထည့်သွင်းမွေးမြူခြင်း 

    ကြိုတင်ကာကွယ်ခြင်း 

    • ရေအရည်အသွေးကိုထိန်းသိမ်းရန် 
    • ကန်ရေကို စစ်ပေးရန် 
    • ဂေဟစနစ်ကို ထိန်းသိမ်းရန် 
    • ငါးမျိုးစိတ်အသစ်များကို အခြားငါးမျိုးများနဲ့ မရောဘဲ ခွဲခြားမွေးမြူရန် 

    စောင့်ကြည့်စစ်ဆေးခြင်း 

    • ကန်အတွင်းရှိ ငါးများကို အောက်ပါအချက်များ ဖြစ် မဖြစ်ကို စောင့်ကြည့်ရန် 
    • ပုံမှန်အတိုင်းကူခတ်ခြင်း ရှိ/မရှိ ကြည့်ရန် 
    • အစာစားနှုန်းကို ကြည့်ရှုရန် 
    • ငါးရဲ့ ကိုယ်ပေါ်မှာ အစက်ပြောက်၊ အနာကွက်များ ရှိ/မရှိ ကြည့်ရှု့ရန် 

    ကုသနည်း 

    • ရောဂါကျရောက်နေသော ငါးကို အခြားကျန်းမာနေသောငါးများနဲ့ ခွဲထားရန် 
    • ငါးမျိုးစိတ်အလိုက် မာလာခိုက်ဂရီး (malachite green)၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (hydrogen peroxide)နဲ့ မယ်လာဖစ်(melafix)တို့နဲ့ ကုသရန်၊ 
    • အောက်ဆီရရှိအောင်ဆောင်ရွက်ရန်၊ 
    • ရေအပူချိန်ညှိပေးရန်၊ 
    • လိုအပ်ပါက ရေလှယ်ပေးရန်၊ 

    Source: https://pondhaven.com/blogs/guides/pond-fish-diseases-prevention-diagnosis-and-treatment#:~:text=Maintain%20water%20quality%3A%20Regular%20testing%20and%20partial%20water,plants%20and%20aeration%20mechanisms%20like%20waterfalls%20can%20help. 

    ------


  • article
likes7comments0
views2430