cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရွှေညောင်နဲ့ဟဲဟိုးမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများခင်ဗျာ...

. ရာသီဥတု သတင်းများ
မိုးရွာပြီး စိုတစ်ခါ ခြောက်တစ်လှည့် ဖြစ်သွားမည့် စိုက်ခင်းအနေအထားများဖြစ်တာကြောင့် သက်ဆိုင်ရာစိုက်ခင်းအသီးသီးအတွက်ကျရောက်လာနိုင်မယ့် ပိုး၊မှိုနှင့် ဘက်တီးရီးယားရောဂါများကို ကြိုတင်ကာကွယ်နိုင်ဖို့ အကြုံပြုလိုက်ပါရစေခင်ဗျာ။
  • ၂၇-အင်္ဂါနေ့ မှာ ရွာရန် ၇၇ ရာခိုင်နှုန်း

    ၂၈-ဗုဒ္ဓဟူးနေ့ မှာ ရွာရန် ၉၆ ရာခိုင်နှုန်း

    ၂၉-ကြာသပတေးနေ့ နေ့မှာ ရွာရန် ၉၀ ရာခိုင်နှုန်း

    ၃၀-သောကြာနေ့မှာ ရွာရန် ၈၀ ရာခိုင်နှုန်း

    ၃၁-စနေနေ့မှာ ရွာရန် ၆၇ ရာခိုင်နှုန်း

    ၁-အောက်တိုဘာ(တနင်္ဂနွေနေ့မှာ) ၆၈ ရာခိုင်နှုန်း တို့ဖြစ်ကြပါတယ်။

    အချုပ်အားဖြင့် မိုးရွာပြီး စိုတစ်ခါ ခြောက်တစ်လှည့် ဖြစ်သွားမည့် စိုက်ခင်းအနေအထားများဖြစ်တာကြောင့် သက်ဆိုင်ရာစိုက်ခင်းအသီးသီးအတွက်ကျရောက်လာနိုင်မယ့် ပိုး၊မှိုနှင့် ဘက်တီးရီးယားရောဂါများကို ကြိုတင်ကာကွယ်နိုင်ဖို့ အကြုံပြုလိုက်ပါရစေခင်ဗျာ။

    အာလူး

    အာလူးတောင်သူများ ပိုးရောဂါကင်းသွားပြီဆို(မကင်းသေးပါက အရင်တစ်ပါတ်မှ အကြံပြုထားတဲ့ မှိုသတ်ဆေးများကို ဆက်လက်အသုံးပြုပါ)

    အာလူးမှာ ပန်းတွေပွင့်ချိန် မြေဩဇာ အသုံးပြုပုံလေးကို အကြံပြုပေးလိုပါတယ်။

    ရေသွင်းစိုက်အာလူးမှာ

    -မြေချမြေဩဇာအနေနဲ့ NPK အချိုးညီမြေဇာ နဲ့ အမိုးနီးယမ်ဆာလဖိတ် တို့ရောကျွေးပေးပါ။

    -မိုးနဲ့စိုက်တဲ့အာလူးတွေကိုလည်း ဖောင်လုံးချိန်မှာ NPK အချိုးညီမြေဇာ နဲ့ အမိုးနီးယမ်ဆာလဖိတ် တို့ရောကျွေးပေးပါ။

    -ဘောင်လုံးချိန်ကျော်သွားခဲ့တဲ့ အာလူးခင်းများ ကတော့ ရွက်ဖျန်းအားဆေးများ သုံးပေးပါ။

    -အမိုင်နိုအက်ဆစ်များ၊NPK+အနည်းလိုအာဟာရများ ပါဝင်တဲ့ ရွက်ဖျန်းအားဆေးများ၊ ကယ်လ်ဆီယမ်+ဘိုရွန် ဓါတ်များ ပါဝင်တဲ့ အသီးအပွင့်ဆေးများပက်ဖျန်းပါ။

    ခရမ်းချဉ်

    ခရမ်းချဉ်မှာတော့ ဆာကိုစပိုးရားရွက်ပြောက်ရောဂါနဲ့ ဖိုက်တိုပသော်ရာပင်နာကျရောဂါများကျရောက်လျက်ရှိတာကြောင့် ထရိုင်ရာဇိုးအုပ်စုဝင်ဆေးများနဲ့ ပရိုပါမိုကပ်၊ဒိုင်မီသိုမော့၊ဆိုင်မောက်ဇနေး မှိုသတ်ဆေးများ ပက်ဖျန်းပေးပါ။

    ပြောင်း

    ပင်စည်ပုပ်ရောဂါကျလျက်ရှိပြီး အဇိုဇီစထရိုဘင် မှိုသတ်ဆေးအဆိပ် ပက်ဖျန်းပါ၊အပင်ခြေထိရောက်အောက် ဖျန်းပေးပါ။

    ပြောင်းရွက်ခြောက်ရောဂါလည်း ကာကွယ်ပြီးသားဖြစ်ပါမယ်။

    စပါး

    စပါးမှာ သံဆိပ်သင့်ခြင်း၊ဘက်တီးရီးယားရွက်ခြောက်/ရွက်စင်းရောဂါများ၊ ရွက်လိပ်အိမ်ပိုးများ စသည်ဖြင့်ကျရောက်လျက်ရှိပါတယ်။

    အခင်းရေလှောင်တာကြာရင် အမြစ်နီပြီး သံဆိပ်သင့်တတ်ပါတယ်။ ရေဆယ်ရက်ခန့်ထုတ်ထားပေးပါ။

    စပါးရွက်ဖျားတွေနီကာ ကောက်ရိုးခြောက်ရောင်ခြောက်နေပြီ ဆိုရင်တော့ ဘက်တီးရီးယားသတ်ဆေးများ အသုံးပြုပက်ဖျန်းပါ၊ကော့ပါး သို့မဟုတ် ဘစ်စမာသိုင်ရာဇိုး ဆေးအဆိပ်များ ကြိုတင်ပက်ဖျန်းပါ။

    ရွက်လိပ်ရွက်ကပ် အတွက် ကားတက်ဟိုက်ဒရိုကလိုရိုဒ်၊ကာလ်ဘိုဆာဖျန် ပိုးသတ်‌ဆေး များပက်ဖျန်းပါ။

    ------

    မိုးလေဝသခန့်မှန်းချက်များ သိနိုင်ရန်၊ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများ အဖြေရှာရန်၊ ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။ စိုက်ပျိုးရေး/မွေးမြူရေးပြဿနာများကို အဖြေရှာလိုပါက ထွက်တိုး ဖုန်းဆော့ဝဲရှိပါတယ်နော်။

    လေ့လာနိုင်ရန်_ https://htwettoe.com/post/49569 လင့်ကို နှိပ်ပါ။


  • article
likes4comments0
views1445