cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ငါးရှဉ့်သားပေါက်ထည့်သွင်းမွေးမြူခြင်း၊ အစာကျွေးခြင်း

. ငါးမွေးမြူရေးဆောင်းပါးများ
အစာကျွေးရာတွင် ည (၈)နာရီကျော် လူသံတိတ်သောအချိန်တွင် ကျွေးပါက ပိုမိုအဆင်ပြေပါသည်။ အစာကျွေးရာတွင် အစာကျွေးသည့် နေရာနှင့်အချိန်သည် တိကျစေရပါမည်။
  • ငါးရှဉ့်မွေးမြူရန် ကန်တည်ဆောက်ခြင်းနှင့် ငါးရှဉ့်မွေးမြူရန် မြေလွှာပုံအဆင့်ဆင့်ပြုလုပ်ပုံကိုတင်ပြ ခဲ့ပြီးဖြစ်ပါသည်။ ငါးရှဉ့်ကန်နှင့်မြေလွှာပုံကို ရေဖြည့်ပါ။ ‌မြေလွှာပုံကို (၆)လက်မအထိ ရေမြုပ်အောင်ဖြည့်ပါ။ ငါးရှဉ့်များမထည့်သွင်းမှီ ကန်အပြည့် ဗေဒါပင်များ ထည့်သွင်းပေးပါ။ အဆိုပါဗေဒါပင်သည် ငါးရှဉ့်များ ခိုအောင်းနေနိုင်သည့်အပြင် နေရောင်ခြည် တိုက်ရိုက်ကျရောက်မှုကိုလည်း ကာကွယ်ပေးပါသည်။ ဗေဒါများ ထည့်ပြီးပါက အလျား (၆)ပေ၊ အနံ(၃)ပေကန်တွင် ငါးရှဉ့်ကောင်ရေ (၂၀၀) ထည့်သွင်းနိုင်ပါသည်။ ငါးရှဉ့် အရွယ်အစားမှာ ခဲတံလုံးအရွယ် (၁၆ ဂရမ်) ၁ကျပ်သား အလေးချိန်ရှိ ငါးရှဉ့်သားပေါက်များကို ထည့်သွင်းပါ။ အရွယ်တူ၊ အလေးချိန်တူများထည့်သွင်းပါက ပိုမိုကောင်းမွန်ပါသည်။

    ငါးရှဉ့်သားပေါက်များကို သားပေါက်စုဆောင်းရောင်းဝယ်သူများထံမှလည်းကောင်း စုဆောင်းမွေးမြူ နိုင်ပါသည်။ မျိုးပွားရာသီမှာ ဒေသတစ်ခုနှင့်တစ်ခု မတူညီသော်လည်း မိုးတွင်းကာလတွင် သားပေါက်လေ့ရှိသဖြင့် မိုးတွင်းကာလတွင် သားပေါက်စုဆောင်းရရှိနိုင်ပါသည်။

    ငါးရှဉ့်သည် အသားဓာတ်ပါသောအစာကို ကြိုက်နှစ်သက်ပါသည်။ ငါးငယ်ကလေးများ၊ တီကောင်များ၊ ခရုများ၊ ရေနေအင်းဆက်ပိုးကောင်များ၊ ပိုးကောင်၏ဘောက်ဖတ်များ၊ စွန့်ပစ်ပစ္စည်းဖြစ်သော တိရစ္ဆာန်ကလီစာများ၊ အရေပြားများကို ကျွေးနိုင်ပါသည်။ အစာကျွေးရမည့်နှုန်းမှာ ငါးရှဉ့်အလေးချိန် စုစုပေါး၏ ၃ ရာခိုင်နှုန်း မှ ၆ ရာခိုင်နှုန်းအထိ ကျွေးပေးရပါမည်။ ကန်၏အောက်ခြေတွင် အသားကျပြီးသား ရွံ့များရှိနေသဖြင့် ကြီးထွားနှုန်းကို ပိုမိုကောင်မွန်စေပြီး သဘာဝအစာကိုလည်း ရရှိစေပါသည်။ ငါးရှဉ့်များ ငယ်ရွယ်စဉ်တွင် ရေနေအင်းဆက်ပိုးများကို နှစ်သက်စွာစားသုံးလေ့ရှိသဖြင့် သဘာဝကန်များမှ စုဆောင်ပြီး ကျွေးမွေးနိုင်ပါသည်။

    ငါးရှဉ့်၏သဘာဝမှာ အလင်းရောင်ကိုကြောက်ပြီး အမှောင်ကိုကြိုက်နှစ်သက်ပါသည်။ ထို့ကြောင့် အစာကျွေးရာတွင် ည (၈)နာရီကျော် လူသံတိတ်သောအချိန်တွင် ကျွေးပါက ပိုမိုအဆင်ပြေပါသည်။ အစာကျွေးရာတွင် အစာကျွေးသည့် နေရာနှင့်အချိန်သည် တိကျစေရပါမည်။ အစာကျွေးရာတွင် ဗန်းဖြင့်ကျွေးရပါမည်။ ဝါးဇကာ ပလပ်စတစ်ဇကာများကို ဗန်းအဖြစ်ဆောင်ရွက်နိုင်ပါသည်။ အစာဗန်းကို အစာထည့်ပြီး ရေအောက်သို့ချရာတွင် ကြမ်းပြင်ဖြင့် မထိစေရပါ။ အနည်းဆုံး ကြမ်းပြင် မှ ၆လက်မအကွာ ထားရှိပေးရပါမည်။ အစာ ကျွေးပြီး မနက်ပိုင်းတွင် အစာဗန်းကို မတင်စစ်ဆေးကည့်ပါ၊ အစာကျွေး အစာကျန်ရှိပါက ပြင်ပသို့ စွန့်ပစ်ပါ။ အစာကြွင်း၊ အစာကျန်သည် ကန်ရေကို ညစ်ညမ်းစေပါသည်။ ခြောက်သွေ့သောအစာကို သုံးမည်ဆိုပါက အစာကိုပေါင်ဒါမှုန့် ကဲ့သို့လည်းကောင်း၊ အသားကြိတ်စက်အသုံးပြု၍ ပျော့ဖတ်ကဲ့သို့လည်းကောင်း ပြုလုပ်ထားရပါမည်။ ကြာရှည်စွာသုံးစွဲနိုင်ရန်အတွက် စနစ်တကျသိုလှောင်ထားပါ။

    ငါးရှဉ့် စတင်မွေးသည့်လမှစတင်ပြီး တစ်လလျှင် တစ်ကြိမ်ဖမ်းပြီး ငါးရှဉ့်ကြီးထွားနှုန်းကို စစ်ဆေးပေးပါ။ ငါးရှဉ့်သည် အစာကောင်းမွန်စွာစားရပါက တစ်လထက်တစ်လ ကြီးထွားလာပါသည်။ ဒုတိယလတွင်ကျွေးရမည့် အစာနှုန်းကို ငါးရှဉ့် ၅ကောင်မှ ၁၀ ကောင်အထိ ဖမ်းပြီး ပျမ်မျှအလေးချိန်ကိုရှာပါ၊ ရရှိသောအလေးချိန်ကို ကန်တွင်းရှိ အရေအတွက်ဖြင့်မြှောက်ပြီး ငါးရှဉ့်စုစုပေါင်း၏ အလေးချိန်ကို ရရှိပါမည်။ သို့မှသာ အစာကျွေးရမည့် ၃% (သို့မဟုတ်) ၆% တစ်ခုခုနှုန်းထားပြီး တွက်ချက်ပြမှ အစာကို တိုးကျွေးရပါမည်။ မွေးမြူရေးကာလ တစ်လျှောက်လုံး (၂)ရက်တစ်ကြိမ် (၃)ရက်တစ်ကြိမ် ကန်ကို ရေလှယ်ပေးပါ။ ရေလှယ်ပေးရာတွင် ကန်ရေအားလုံး လှယ်ပေးခြင်းသည် ငါးရှဉ့်ကြီးထွားခြင်းကို အထောက်အကူဖြစ်စေပါသည်။

    မွေးမြူခဲ့သောသူများ၏ မှတ်တမ်းအရ ငါးရှဉ့်ကြီးထွားနှုန်းကို လအလိုက်ဖော်ပြအပ်ပါသည်။

    ဦးဆန်းအောင်

    ထွက်တိုး

    ---------

    ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက

    ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download

    ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။


  • article
  • article
  • article
  • article
likes5comments0
views1331