YAGI အမည်ရ မုန်တိုင်းအရှိန်ကြောင့်
02/09/2024
၂၄နာရီအတွင်း
ရန်ကုန်တိုင်း ဧရာဝတီတိုင်း
ပဲခူးတိုင်းအနောက်ပိုင်း နေပြည်တော် မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း
ဒေသတွေမှာမိုးရွာနိုင်းပြီး
မကွေးတိုင်း နှင့် တနင်္သာရီတိုင်းဒေသကြီးတွေမှာ နေရာကွက်မိုးကြီးနိုင်ပါတယ်
ISSUED TIME
02/09/2024 00:49am(MMT)
တနင်္သာရီတိုင်းဒေသကြီး
၂၄နာရီမှ ၄၈နာရီအတွင်း
ကော့သောင်းခရိုင် မြိတ်ခရိုင်ဒေသတွေမှာ မိုးကြီးရေလျှံနိုင်ပါတယ်
ISSUED TIME
02/09/2024 2:05am(MMT)
Tropical Storm YAGI
ဖီလစ်ပိုင်နိုင်ငံရဲ့ အရှေ့ဖက်ပင်လယ်ပြင်မှာဖြစ်ပေါ်နေသော 92w လေဖိအားနည်းလေဝဲသည် မုန်တိုင်းအဆင့်ဖြစ်သွားခဲ့ပါပြီ။ YAGI လို့အမည်ရပါတယ်။ ၂၀၂၄ စက်တင်ဘာလ ၂ရက်နေ့မှ ၃ရက်နေ့အထိ ဖီလစ်ပိုင်နိုင်ငံရဲ့အလယ်ပိုင်းနှင့်မြောက်ပိုင်းဒေသတွေကိုဝင်ရောက်တိုက်ခတ်ပြီး
၄ရက်နေ့မှာတော့ တောင်တရုတ်ပင်လယ်ပြင်အတွင်းကို ချဥ်းနင်းဝင်ရောက်လာတော့မှာ ဖြစ်ပါတယ်။ အဖျက်စွမ်းပြင်းတဲ့ မုန်တိုင်းအဆင့်အထိရောက်ရှိလာနိုင်ပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသတွေကို ဦးတည်ခြိမ်းခြောက်သွားမည်ဖြစ်ပါတယ်။
မြန်မာနိုင်ငံ မုန်တိုင်းအန္တရာယ်မရှိသော်လည်းပဲ အဆိုပါဖြစ်စဥ်ကြောင့် UAC Cloudy တွေသည် မြန်မာနိုင်ငံအပေါ်ကို သေချာပေါက်ရောက်ရှိလာမှာဖြစ်ပြီး ၈ရက်နေ့မှ ၁၀ရက်နေ့အထိ မိုးတွေရွာနိုင်တာဖြစ်လို့ ပိုမိုတိကျသေချာစေရန်အတွက် weather data အချက်အလက်မှာကို ဝယ်ယူစိစစ်တွက်ပြီး ဒေသအလိုက် အချိန်နှင့်တပြေးညီခန့်မှန်းပေးသွားမှာဖြစ်ပါ ရာသီဥတုကိုတည်မှိလုပ်ကိုင်နေကြသူများအားလုံး မိုးကြောင့်ဖြစ်နိုင်တဲ့ပျက်စီးမှုမဖြစ်အောင်ကြိုတင်ဆောင်ရွက်ထားကြဖို့အကြံပြုလိုက်ပါတယ်
ISSUED TIME
02/09/2024 4:21am(MMT)
Su Su San မင်းကွတ်သီး
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫
----
မိုးလေဝသ သတင်းများ၊ သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများအတွက် တောင်သူအကြံပေးဖုန်း ၀၉၉၇၇၉၁၀၀၀၀ ကိုဆက်သွယ်နိုင်ပါတယ်နော်။
ထွက်တိုးကို Like, Share နှင့် Download လုပ်ထားပါ -https://htwettoe.com/download