ချင်း(ဂျင်း) စိုက်ပျိုးနည်း
- မြန်မာအမည် - ချင်း(ဂျင်း) - အင်္ဂလိပ်အမည် - Ginger - ရုက္ခဗေဒအမည် - Zingiber officinale - မျိုးရင်းအမည် - Zingiberaceae - နိဒါန်း ..... - ချင်း(ဂျင်း)တက်လို့ခေါ်တဲ့ Ginger Roots မှာ ကာဗွန်ဟိုက်ဒရိတ် ၁၇.၇၇ %၊ သကြား ၁.၇% ၊ အမျှင်ဓါတ် ၂%၊ ပရိုတင်း ၁.၈၂ % နှင့် အဆီ ဝ.၇၅% ပါဝင်ပါသည်။ - မူရင်းဒေသ ..... - ချင်း၏ မူရင်းဒေသမှာ အရှေ့တောင်အာရှဖြစ်သည်။ တစ်နှစ်ခံ ပင်ပျော့ပင်မျိုးဖြစ်သည်။ ချင်းကို ဟင်းခတ်အမွှေးကြိုင်၊ တိုင်းရင်းဆေး၊ ချင်း(ဂျင်း)သုတ်အဖြစ်အသုံးပြုကြသည်။ သဘာဝအရ ချင်းတက်သည် အောက်ခြေမှသည် အပေါ်သို့ ကြီးထွားမှု ဖြစ်ပေါ်သည်။ - စိုက်ပျိုးရာဒေသ ..... - ချင်းကို မြန်မာနိုင်ငံအနှံစိုက်ပျိုးပါသည်။ - မျိုး ..... - ရှမ်းချင်း နှင့် ချင်းဖြူ (ပြည်ပမျိုး)တို့ရှိကြပါသည်။ ဒေသအခေါ် ချင်းဖြူမျိုးသည် အနံ့မွှေး၊ အမျှင်နည်း၊ ရှမ်းချင်းထက်ပိုနူးညံ့သည်၊ ပို၍ဆတ်သည်၊ ဆေးဖက်ဝင်သည်၊ မျိုးထားမည့်ချင်းကို သက်တမ်း(၇)လမှ (၈)လရှိပြီး ရင့်ချိန်အပင်ရွက်များ ချသည့် အခါဖော်ရမည်။ စိုက်မည့်ဂျင်းတက်များသည် တစ်လက်မခွဲ နှစ်လက်မအရွယ်၊ အလေးချိန် (၃) ကျပ်သားခန့် ရှိရမည်။ အောက်ဆုံးချင်းတက်များသည် ပို၍ရင့်သဖြင့် မျိုးထားရန်အကောင်းဆုံးဖြစ်သည်။ - မြေအမျိုးအစား ..... - မြေအမျိုးအစားမရွေးစိုက်ပျိုးနိုင်သော်လည်း မာကြောသောမြေ၊ မြေစီး ကျောက်တုံး ထူထပ်မြေများတွင် မစိုက်ပျိုးသင့်ပါ။ မိုးများသောဒေသ၊ မြစ်ချောင်းပေါသောဒေသရှိ သဲနုန်းမြေ၊ နုန်းမြေ၊ မြေနီသဲဝန်းမြေ ရေသွင်းရေထုတ်ကောင်းသောမြေမျိုးတွင် စိုက်ပျိုးဖြစ်ထွန်းပါသည်။ အရိပ်ကြိုက်သောအပင်မျိုး ဖြစ်သဖြင့် နှစ်ရှည်အပင်ကြီးများအောက်တွင်ဖြစ်စေ စင်တင်စိုက်သော အပင်များအောက်တွင်ဖြစ်စေ စိုက်ပျိုးနိုင်ပါသည်။ အရိပ်ကောင်းလေအထွက်ကောင်းလေဖြစ်ပါသည်။ - စိုက်ပျိုးချိန် ..... - အကောင်းဆုံးစိုက်ပျိုးချိန်မှာ မေလဖြစ်သည်။ ဇွန်၊ ဇူလိုင်လများတွင်စိုက်ပါက သေချာအောင် ပျိုးထောင်ပြီး ပျိုးသက်ရပြီးပျိုးပင်နှင့်စိုက်ပါ။ တစ်ကျင်းလျှင်ပျိုးပင် (၂-၃) ပင်စိုက်ပါ။ နောက်ကျစိုက် လျှင် ဖြစ်ထွန်းသော်လည်း မျိုးစေ့နှုန်း ပိုကုန်ပါသည်။ - မြေပြုပြင်ခြင်း ..... - ချင်းစိုက်ပျိုးရန် မတ်၊ဧပြီလတွင် ထွန်ရေးစပြီး တစ်ထပ်၊နှစ်ထပ် မြေလှန်ထားပါ။ မေလ မြေလည်းစို မိုးလည်းကျမှ သုံးသွားထွန်တစ်စပ်ထိုးပါ။ ဇွန်လမှာငါးသွားထွန်တစ်စပ်ထိုးပါ။ စိုက်ဘောင်လုပ်ပါ။ မြေကြီးထဲမှာ အတက်ပွားရမှာမို့ အပေါ်ယံ မြေလွှာ (၁)ပေခန့် ထူပွရွရပါမည်။ ရေသွင်းရေထုတ် မြောင်းများထားပါ။ ပေါင်းမြက်များရှင်းလင်းပြီး စိုက်ပျိုးနိုင်ပါသည်။ - မျိုးနှုန်းထား ..... - မျိုးထည့်ရမည့် နှုန်းမှာ တစ်ဧက (၃၀၀-၃၅၀) ပိဿာ ဝန်းကျင် ရှိပါမည်။ - စိုက်ပျိုးနည်း ..... - မြေထဲသို့ (၁.၅ - ၂)လက်မ မြှုပ်စိုက်ပါ။ စိုက်တန်းတခုနှင့်တခု (၁၀)လက်မခွာပါ။ တပင်နှင့်တပင် (၁၀)လက်မခြားပြီး သုံးပွင့်ဆိုင်စိုက်ပါ။ အစိုဓာတ်ထိမ်းအောင် ကောက်ရိုးဖုံးပါ။ ရေလိုအပ်ပါက မိုးအကုန် အောက်တိုဘာ၊ နိုဝင်ဘာလ များတွင် ရေသွင်းပေးရပါမည်။ မလိုလျှင်မသွင်းရပါ။ သဘာဝမြေဆွေး မြေသြဇာထည့်ပါ။ ကွန်ပေါင်းမြေသြဇာထည့်လည်းရပါသည်။ - (က)ချင်းမျိုးကို တိုက်ရိုက်ဖဲ့ပြီးစိုက်ပျိုးခြင်း - ချင်းကို တိုက်ရိုက်စိုက်ပျိုးမည်ဆိုပါက မျက်စေ့(၁)စေ့မှ(၂)စေ့ ပါဝင်ပြီး (၂)ကျပ်သားခန့်ရှိ ချင်းတက်ကို တိုက်ရိုက်မြေချ စိုက်ပျိုးနိုင်ပါသည်။ ၄င်းအပြင် ချင်းတက်မှမျက်စေ့ပါသောချင်းတက်ဖုကို လက်ဖြင့်ဖဲ့၍ ချင်းမျက်စေ့အား အပေါ်ဘက်ထားပြီး မြေတွင်တိုက်ရိုက်မြုပ်၍လည်း စိုက်ပျိုးနိုင်သည်။ ချင်းတက်ဖဲ့သည့်အခါ အစေးများထွက်ပြီး ၎င်းအစေးကြောင့် မှိုရောဂါဝင်ပြီး ချင်းပုပ်တတ်ပါသည်။ သို့ပါ၍ ချင်းကို အတက်ဖဲ့ပြီး (၂)နာရီခန့် လေသလပ်ခံပြီး အစေးခြောက်ပါက ဘောင်စနစ်ဖြင့် လည်းကောင်း၊ ဝါးပေါက်ခြင်း ဘောင်ခတ် စနစ်ဖြင့်လည်းကောင်း စိုက်ပျိုးနိုင်ပါသည်။ - (ခ) ချင်းမျိုးကို မျိုးညှောင့်ဖောက်ပြီး စိုက်ပျိုးခြင်း - ဧပြီလတွင် မျိုးညှောင့်ဖောက်လျှင်အကောင်းဆုံးဖြစ်ပါသည်။ အရိပ်အောက်တွင် မြေကြီးပေါ်၌ သဲပါးပါးခင်းပါ။ မြေဆွေး (သို့မဟုတ်) နုံးမြေပါးပါးဖြင့်ဖုံးပါ။ အစိုဓါတ်မပြတ်စေရန် လိုအပ်လျှင် ရေလောင်းပေးပါ။ (၁၀) ရက်ခန့်ကြာလျှင်မျက်စေ့အဖုများမှာ အစိမ်းနုရောင်သန်းသော အညှောင့်ကလေးများ ထွက်လာသည်။ ၎င်းအစိမ်းနုရောင် မျက်စေ့ဖုများ၏ ပတ်ပတ်လည် လက်မဝက်ခန့်ချန်၍ ဓါးထက်ထက်ဖြင့်လှီးဖြတ်ပါ။ ချင်းမျိုးမျက်စေ့ဖုများ ရရှိလာပါသည်။ ၎င်းချင်းမျိုးများကို အစေးခြောက်သွားစေရန် (၂)နာရီခန့် လေသလပ်ခံပါ။ အစေးများခြောက်သွားပါက ဘောင်စနစ်ဖြင့်လည်းကောင်း၊ ခြင်းစနစ်ဖြင့်လည်းကောင်း၊ ဝါးပေါက်ခြင်းဘောင်ခတ်စနစ်ဖြင့် လည်းကောင်းစိုက်ပျိုးနိုင်ပါသည်။ - အထွက်နှုန်း ..... - တစ်ဧကလျှင် ပိဿာ (၂,၀၀၀)ကျော်ခန့် ထွက်ရှိနိုင်ပြီး ကာလမှာ (၇-၈)လကြာ ဖြစ်ပါသည်။ - ထားသိုနည်း ..... - ချင်းကိုအချို့တောင်သူများသည် (၂-၃)နှစ် ကြာမှဖော်ရောင်းကြပါသည်။ ပထမနှစ်ထွက်သော ချင်းကို နောက်နှစ်ထွက်သော အတက်မှတွယ်ကပ်နေရာ နှစ်ထပ်ချင်း အဖြစ်ရောင်းကြပါသည်။ ချင်းကို ဖော်ပြီးပြီးခြင်းအစိမ်းလိုက် ရောင်းရသည်။ ခြောက်သွေ့သွားလျှင် အလေးချိန်မလျော့အောင် အောက်မှသဲခံပြီး အရိပ်အောက်တွင် ထားသိုနိုင်ပါသည်။ - Sources : စိုက်ပျိုးရေးနည်းပညာများရှာဖွေစုဆောင်းခြင်း 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
