"ဗီဒီယိုကြည့်ပြီး ဖုန်းဘေကံစမ်းမယ် (၅,၆)” မှ ကံထူးသူများ
ငါးမွေးတောင်ဦးကြီးများအတွက် ငါးမွေးမြူရာတွင် အဓိကလိုအပ်သော ရေရရှိမှုနှင့် ရေသံသရာလည်ခြင်းဖြစ်စဥ် ကို နားလည်သဘောပေါက်လွယ်ကူစေရန် အတွက် ၁ မိနစ် ဗီဒီယိုလေးကို ထွက်တိုးနှင့် မိတ်ဖက် အဖွဲ့များဖြစ်သော ဝေါဖစ် (ရှ်) (WorldFish)နှင့်အပြည်ပြည်ဆိုင်ရာ ရေစီမံခန့်ခွဲရေးဌာန (IWMI) တို့မှ ဖန်တီးပြုလုပ်ထားပါတယ်။
(၅) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
ကန်ရေ pH၏ အခြေအနေတိုင်းတာရာတွင် pH မီတာ (သို့) လစ်တ မတ် စက္ကူဖြင့် တိုင်းတာနိုင်ပါသည်။ လစ်တမတ်စက္ကူ အသုံးပြုခြင်းသည် ကုန်ကျစရိတ်သက်သာပါသည်။
ထို့ကြောင့် အဖြေမှန်မှာ အဖြေမှန် (၃) နှစ်ခုစလုံး ဖြစ်သည်။
(၆) ဉာဏ်စမ်း ပဟေဠိ မေးခွန်းအဖြေမှန်မှာ -
နမူနာ စုဆောင်းရာတွင် ရေစုကရိယာကို ဘူးဆို့ပိတ်၍ ရေအောက်သို့ ဖြေးညင်းစွာ ကန်ရေအနက်၏အလယ်အထိချရမည်။ ဥပမာ ကန်ရေအနက် ၂ မီတာရှိလျင် ရေစုကရိယာကို ရေအနက် ၁ မီတာအထိ ချရမည်။
ထို့ကြောင့် အဖြေမှန်မှာ (ခ) အလယ် ဖြစ်သည်။
ဖုန်းဘေလ်ကံထူးသူများအနေနဲ့ ထွက်တိုးဘက်မှ ဆက်သွယ်ပြီး ဖုန်းဘေဖြည့်ပေးသွားပါမယ်။
ဗဟုသုတစဉ်ဆက်မပြတ်စေဖို့ ထွက်တိုးသုံးကြစို့
ထွက်တိုးဆော့ဝဲလ်တွင် လေ့လာရန် - - https://htwettoe.com/download လင့်ကို နှိပ်ပြီး ဒေါင်းလုတ်ပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။