cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲနှင့် ပဲစင်းငုံဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ပျမ်းမျှအားဖြင့် ဆက်လက်မြင့်တက်နိုင်ပါကြောင်း သုံးသပ်ခန့်မှန်းပေးလိုက်ရပါတယ် ခင်ဗျာ။
  • ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ(အက်စ်ကျူ၊အာစီ)နဲ့ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ဈေးနှုန်းများကို လေ့လာ သော် မတ်ပဲ(အက်စ်ကျူ၊ အာစီ)ဈေးနှုန်းမှာ ၄,၃၁၀,၀၀ဝိ/-ကျပ်၊ ပဲစဉ်းငုံနီ (အာစီ) ဈေးနှုန်းမှာ ၄,၈၄၅,၀၀ဝိ/-ကျပ်ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။ 

    ၂၀၂၄ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၄ ခုနှစ် နှစ်စမှ လက်ရှိ စက်တင်ဘာလ ဒုတိယပတ်အထိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများကို လေ့လာသော် မတ်ပဲ(အက်စ်ကျူ၊ အာစီ) တစ်တန် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ၃,၃၈၈,၆၈၈ိ/- ကျပ်၊ မတ်လတွင် ၃,၄၂၈,၅၈၀ိ/- ကျပ်၊ ဧပြီလတွင် ၃,၄၂၃,၄၀၀ိ/- ကျပ်၊ မေလတွင် ၃,၄၉၁,၈၆၀ိ/- ကျပ်၊ ဇွန်လတွင် ၃,၇၂၂,၁၂၉ိ/- ကျပ်၊ ဇူလိုင်လတွင် ၃,၆၄၈,၄၇၀ိ/- ကျပ်၊ ဩဂုတ်လတွင် ၄,၀၀၃,၁၆၀ိ/- ကျပ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ၄,၄၀၀,၃၅၀ိ/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါတယ်။ 

    ပဲစဉ်းငုံနီ(အာစီ)ဈေးနှုန်းလေ့လာသော် တစ်တန် ဈေးနှုန်းမှာ ဇန်နဝါရီ၊ ဖေဖော်ဝါရီတွင် ပျမ်းမျှ ဈေးနှုန်းမှာ ၃,၈၉၅,၆၆၃/- ကျပ်၊ မတ်လတွင် ၄,၁၀၄,၄၀၀/- ကျပ်၊ ဧပြီလတွင် ၄,၀၃၅,၂၂၅/- ကျပ်၊ မေလ တွင် ၄,၂၁၅,၅၇၀/- ကျပ်၊ ဇွန်လတွင် ၄,၅၄၄,၁၂၅/- ကျပ်၊ ဇူလိုင်လတွင် ၄,၄၂၉,၁၉၀/- ကျပ်၊ ဩဂုတ်လတွင် ၄,၆၄၁,၇၄၀/- ကျပ်၊ စက်တင်ဘာလ (ပထမပတ်)တွင် ၅,၀၂၇,၄၅၀/- ကျပ်ဖြင့် အသီးသီး ဈေးဖြစ်နေပါ တယ်။ 

     ယခင်လ (ဩဂုတ်လ)နဲ့ ယခုလ (စက်တင်ဘာလ ဒုတိယပတ်အထိ) နှိုင်းယှဉ်ချက် 

    ၂၀၂၄ ခုနှစ်၊ ဩဂုတ်လနဲ့ စက်တင်ဘာလဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုလ မတ်ပဲ (အက်စ်ကျူ၊ အာစီ) တစ်တန် ပျှမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၃၉၇,၁၉၀/-ကျပ်တက်လာတာကို တွေ့ရ ပါတယ်။ ပဲစဉ်းငုံနီ(အာစီ) တစ်တန်ပျမ်းမျှဈေးနှုန်းကတော့ ယခင်လထက် ၃၈၅,၇၁၀/-ကျပ်တက်လာတာကို တွေ့ရပါတယ်။ 

     သုံးသပ်ချက် 

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ မြင့်တက်လာပါတယ်။ အဲ့လိုမြင့်တက်ရတာဟာ စိုက်ပျိုးရာသီဖြစ်နေခြင်း၊ အသစ်များမပေါ်သေးခြင်း၊ ပြည်ပဝယ်လိုအားရှိသောကြောင့် ဈေးနှုန်း မြင့်တက် နေဆဲဖြစ်ပါတယ်။  

    ဈေးကွက် ခန့်မှန်းချက် 

    ရန်ကုန်ဈေးကွက်ရှိ မတ်ပဲ၊ ပဲစဉ်းငုံဈေးနှုန်းများ ပျမ်းမျှအားဖြင့် ဆက်လက်မြင့်တက်နိုင်ပါကြောင်း သုံးသပ်ခန့်မှန်းပေးလိုက်ရပါတယ် ခင်ဗျာ။ သို့သော် ယခုလအတွင်း ဒေါ်လာငွေတန်ဖိုး အနည်းငယ်ကျဆင်း သွားတဲ့အတွက် တန်ဖိုးအားဖြင့် ဈေးနှုန်းမငြိမ်မှုများဖြစ်ပေါ်နိုင်ပါကြောင်း ခန့်မှန်းပေးလိုပါတယ် ခင်ဗျာ။ 


  • article
  • article
likes4comments0
views2667