တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက် (မကွေးတိုင်းဒေသကြီး)
- မကွေးတိုင်းဒေသကြီးရှိ ပွင့်ဖြူမြို့နယ်၊ မင်းဘူးမြို့နယ်၊ စလင်းမြို့နယ်၊ စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ပွင့်ဖြူ၊ မင်းဘူး၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်များတွင် နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့အထိ တိမ်ထူ၊ မိုးအုံ့ပြီး နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ ရွာရန်ရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိရှိပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - ပွင့်ဖြူမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ပွင့်ဖြူမြို့နယ်တွင် နိုဝင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာ တိမ်ထူ၊ မိုးအုံ့ပြီး နေရာကွက်ကျား မိုးရွာနိုင် ပါတယ်။ ရွာရန်ရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိရှိပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂၀.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - မင်းဘူးမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် မင်းဘူးမြို့နယ်တွင် နိုဝင်ဘာလ ၉ ရက်နေ့နဲ့ ၁ဝ ရက်နေ့တွေမှာ တိမ်ထူ၊ မိုးအုံ့ပြီး နေရာကွက်ကျား မိုးရွာနိုင်ပါ တယ်။ ရွာရန်ရာခိုင်နှုန်းမှာ ၅၅ ရာခိုင်နှုန်းမှ ၆ဝ ရာခိုင်နှုန်းအထိရှိပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃၁.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၂ဝ.၂ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စလင်းမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စလင်းမြို့နယ်တွင် နိုဝင်ဘာလ ၈၊ ၉၊ ၁ဝ ရက်တွေမှာ တိမ်ထူ၊ မိုးအုံ့ပြီး နေရာကွက်ကျား မိုးရွာနိုင်ပါတယ်။ ရွာရန် ရာခိုင်နှုန်းမှာ ၆ဝ ရာခိုင်နှုန်းမှ ၆၆ ရာခိုင်နှုန်းအထိရှိပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၃ဝ.၅ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၉.၆ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စေတုတ္တရာမြို့နယ် - ၂ဝ၂၄ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့မှ (၁၂)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် စေတုတ္တရာမြို့နယ်တွင် နိုဝင်ဘာလ ၈ ရက်နေ့နဲ့ ၉ ရက်နေ့တွေမှာ တိမ်ထူ၊ မိုးအုံ့ပြီး နေရာကွက်ကျား မိုးရွာနိုင် ပါတယ်။ ရွာရန်ရာခိုင်နှုန်းမှာ ၆၁ ရာခိုင်နှုန်းမှ ၇ဝ ရာခိုင်နှုန်းအထိရှိပါတယ်။ - အမြင့်ဆုံး ပျမ်းမျှအပူချိန် ၂၉.၁ ဒီဂရီစင်တီဂရိတ်မှ အနိမ့်ဆုံး ပျမ်းမျှအပူချိန် ၁၈.၃ ဒီဂရီစင်တီဂရိတ်အထိ ရှိပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ - စိုက်ပျိုးရေး အကြံပြုချက် - · ဒီတစ်ပါတ်တွင်းမိုးပြန်ရွာနိုင်ချေရှိတာကြောင့် စပါးသိမ်းပြီး ပဲကြဲဖို့ စီစဥ်ထားသောတောင်သူများ ရာသီဥတုကိုတစ်ချက်စစ်ဆေးပြီးမှ လုပ်ဆောင်ကြဖို့တိုက်တွန်းလိုက်ရပါတယ်။ - · မျိုးရွေးချယ်ရာတွင် အဝါရောင်မိုဆေ့ဗိုင်းရပ်စ်ကင်းစင်ကြောင်းထောက်ခံချက်ပါသော ပဲတီစိမ်း၊ မတ်ပဲမျိုးများကို သေချာရွေးချယ်စိုက်ပျိုးပါ။ - · မျိုးစေ့နှုန်းထားအများကြီးမသုံးပါနဲ့ ၊ ကြဲပက်စိုက်ပျိုးမည်ဆိုလျှင် တစ်ဧကကို ပျမ်းမျှ (၁၂ ပြည်)နှုန်း စိုက်ပျိုးပါ။ - · ရွက်ဖျန်းအားဆေးများ ပက်ဖျန်းလိုပါက ပဲပင် (၁၅-၂၀ ရက်သား) မှ စတင်ပက်ဖျန်းနိုင်ပါတယ်။ - ရာသီဥတုဆိုင်ရာအကြံပြုချက် - · ဓာတုဆေးများဖျန်းခါနီးတွင် မိုးရွာနိုင်ချေရှိ၊ မရှိ အရင်စစ်ဆေးပြီးမှ လုပ်ဆောင်ဖို့ တိုက်တွန်းလိုပါတယ်။ - ငါး/ပုစွန်ကန်များအတွက် အကြံပြုချက် - ငါး/ပုစွန်မွေး တောင်သူဦးကြီးများအတွက် ဒီတစ်ပတ်မှာတော့ အထူးအကြံပေးလိုတာက ကန်ရေ အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ် ခင်ဗျာ။ ရာသီအကူးအပြောင်းဖြစ်၍ အပူချိန်ကျလာတော့မှာ ဖြစ်ပြီး မနက်ပိုင်းတွင် ငါးများ ရေပေါ်မှာ တက်လာခြင်းတာတွေရှိတတ်ပါတယ်။ ဒါဟာ အောက်ဆီဂျင်ရရှိမှုနည်း လာတဲ့အတွက် ရေပေါ်တက်လာတာဖြစ်တဲ့အတွက် ရေလှည့်ပေးစေလိုပါတယ်။ ယခုတစ်ပတ်အတွင်း မိုးရွာမှာ ဖြစ်တဲ့အတွက် အစာကျွေးတာကို ပုံမှန်နှုန်းတားထက် ၃၀-၄၀ ရာခိုင်နှုန်း လျော့ကျွေးလို့ရပါကြောင်း ထပ်လောင်း အကြံပြုလိုက်ရပါတယ် ခင်ဗျာ။ - Weather Source: CIAT - ------------------ - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက - ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ -https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483 - တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
