ငါးမွေးမြူရေးတွင် အဓိက ရေရရှိမှုနှင့် ကန်သစ်တူးခြင်း၊ ကန်ပုံစံ၊ ကန်ဘောင်အချိုးအစား
- မိမိ ငါးမွေးကန်သည် ရေရရှိနိုင်သော၊ ရေသွယ်၍ လွယ်ကူနိုင်သော မြစ်၊ ချောင်းများ၊ ရေသွယ်မြောင်းများ မှ တစ်နှစ်ပတ်လုံး ရေရရှိနိုင်ရမည့်အပြင်၊ ၎င်းနေရာများတွင် ရေပေါများစွာရှိသောနေရာနှင့် နီးစပ်သော နေရာ ဖြစ်ရမည်။ - 1) မိမိငါးကန် ရေလိုအပ်သောအချိန်တွင် ရေသွင်းနိုင်သောနေရာ ဖြစ်ရမည်။ - 2) မိုးရေကိုအသုံးပြုပြီး ရေရရှိခြင်းဆောင်ရွက်မှု မဖြစ်စေရ၊ မိုးရေမရရှိသောအချိန်တွင် ငါးမွေးကန်အတွင်း ရေရရှိမှုနည်းပါးပြီး ငါးများသေဆုံးနိုင်သည်။ - 3) ရေသွင်းယူခြင်း လွယ်ကူပြီး ကန်ရေ ပြန်ထုတ်သောအချိန်တွင်လည်း လွယ်ကူရမည်။ - ရေစစ်ကန် တူးဖော်ပြီး ၎င်းရေစစ်ကန်မှ ရေကို ငါးကန်သို့ လွှဲပြောင်းရယူခြင်းသည် အကောင်းဆုံးဖြစ်သည်။ သို့မှာသာ ငါးရိုင်းများ ပါဝင်မှု မရှိသည့်အပြင် ရွှံ့နှစ်ရေများလည်း မပါဝင်နိုင်ပါ။ - မြေနေရာရွေးချယ်ပြီး ငါးမွေးမြူရန် ကန်တူးဖော်ရပါမည်။ ငါးလုပ်ငန်းဦးစီးဌာန ငါးမွေးမြူရေးဥပဒေတွင် မိသားစု တစ်ပိုင်တစ်နိုင် မွေးမြူနိုင်ရန်အတွက် (၅၀x၂၅) ပေထက် မကျော်လွန်သော ရေပြင်တွင် ငါးမွေးမြူခြင်းကို လိုင်စင်ကင်းလွတ်ခွင့် ပြုထားပါသည်။ ထို့ကြောင့် (၅၀x၂၅) ပေထက် ရေပြင် မကျယ်သော ငါးမွေးကန်အား တူးဖော်စေလိုပါသည်။ - ၎င်းကန်တူးဖော်ရန်အတွက် - - • ပန္နက်ရိုက် မှတ်သားပါ။ - • အကျယ်၏ အပြင်ဘက် ပတ်ပတ်လည် (၂) ပေခွာတွင်၊ ကန်ဖိနပ်အတွက် ထပ်မံပန္နက်ရိုက်ပါ။ - • ပေ (၅၀x၂၅) ပန္နက်တွင်းမှ မြေကိုတူးပြီး ကန်ဖိနပ်အတွက်ထားသော (၂) ပေအကျယ်၏ အပြင်ဘက်သို့ မြေဖို့ပေးပါ။ ကန်ဘောင်ပြုလုပ်ခြင်းဖြစ်ပါသည်။ - WorldFish Myanmar, Fish for Livelihoods - တစ်ပိုင်တစ်နိုင်ငါးမွေးမြူခြင်း, ၂၀၂၄ ခုနှစ် - ----- - ငါးမွေးမြူရေးနှင့်ပတ်သတ်သောဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ ငါးမွေးမြူရာတွင်သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download - ထွက်တိုး၏စီးပွားဖြစ်ငါးမွေးမြူရေးအဖွဲ့ - - https://www.facebook.com/groups/4200052776702483 တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
