မြန်မာ့နာနတ်သီးကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရ
- မြန်မာနိုင်ငံမှလတ်ဆတ်သောနာနတ်သီး တင်သွင်းမှုအတွက် ပိုးမွှားကင်းရှင်းကြောင်း (Phytosanitary) သတ်မှတ်ချက်များဆိုင်ရာကြေညာချက်ကို တရုတ်နိုင်ငံအကောက်ခွန်အထွေ ထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ကထုတ်ပြန်ခဲ့ပြီးဖြစ်တာကြောင့် တရုတ်နိုင်ငံသို့မြန်မာ့နာနတ်သီးများ တင်ပို့ခွင့်ရရှိပြီဖြစ်ကြောင်း သိရပါတယ်။ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ထုတ်ပြန်ချက်အရ နိုဝင်ဘာ ၁၁ ရက်မှ စတင်၍ သက်ဆိုင်ရာသတ်မှတ်ချက်များနှင့်ကိုက်ညီသည့် မြန်မာနိုင်ငံမှလတ်ဆတ်သောနာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ဖော်ပြထားပါတယ်။ - မြန်မာ့နာနတ်သီးများသည် အခြားနိုင်ငံက နာနတ်သီးများနှင့် မတူဘဲ တစ်မူထူးခြားသော သစ်သီးမွှေးရနံ့ရှိပြီး အသီးအရသာမှာလည်း ချိုချဉ်လတ်ဆတ်ပြီး အရည်ရွှမ်းသောကြောင့် စားသုံးသူများစွာကို အလွယ်တကူဆွဲ ဆောင်နိုင်ခြင်းဖြစ်ကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ - ထိုကဲ့သို့ မြန်မာ့နာနတ်သီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်သွင်းခွင့်ရရှိခြင်းကြောင့် ပြည်တွင်းသစ်သီးဝလံဈေးကွက်မှာ အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ကြောင်း သစ်သီးကုန်သည်တစ်ဦးက ပြောပါတယ်။ - မြန်မာနိုင်ငံအတွင်းရှိ ရှမ်းပြည်မြောက်ပိုင်း၊ ရှမ်းပြည်တောင်ပိုင်းနှင့် မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း ဒေသများတွင် နာနတ်သီးကို အများဆုံးစိုက်ပျိုးဖြစ်ထွန်းပြီး ပုံမှန်အားဖြင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတစ်ဆင့် အိမ်နီးချင်းနိုင်ငံများသို တင်ပို့ရောင်းချလေ့ရှိကြောင်း သိရပါတယ်။ - အောင်အောင် - OpinionLeadersMedia မှကူးယူဖော်ပြပါသည်။ - --------- - သီးနှံပေါက်စျေးနှုန်းများ၊ အချိန်နှင့်တပြေးညီပြောင်းလဲနေသောသတင်းများကို ပိုမိုလေ့လာနိုင်ရန် ထွက်တိုးဆော့ဝဲလ်ကို ဒေါင်းထားပါ - https://htwettoe.com/download - ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
